Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နီနီခင်ဇော် နှုတ်ခမ်းနီ ထုတ်မည်

$
0
0
 နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော် (နီနီခင်ဇော် ဖေ့ဘုတ်မှ)

နီနီခင်ဇော်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်မယ့်နှုတ်ခမ်းနီကို မကြာခင် ပရိသတ်တွေကို ရောင်းချ ပေးတော့မှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ နီနီခင်ဇော်က အခု “နီနီတို့ sample Test တွေ လုပ်နေပါပြီ။ နီနီနဲ့အတူ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေက Testing တွေ လုပ်နေပါပြီ။ ဆိုတော့ တခြားလုပ်စရာလေးတွေပြီးရင် ဖြန့်ချိခါနီးရင် နီနီတို့ ပရိသတ်ကိုထပ်ပြီး ကြော်ငြာပေးမှာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။

ကိုယ်ပိုင်တံဆိပ် နှုတ်ခမ်းနီထုတ်ဖြစ်တာနဲ့ပတ်သက်ပြီး နီနီခင်ဇော်က ဆက်လက်ပြီး “ဒါက သူများနဲ့လည်း ပေါင်းပြီးထုတ်တာ မဟုတ်ပါဘူး။ နီနီ တယောက်ထဲ ကိုယ်ပိုင်ထုတ်တာပါ။ နီနီရဲ့ကိုယ်ပိုင် Brand Name နဲ့ Super Red ဆိုပြီး ထုတ်တာပါ။ ဈေးနှုန်းကိုလည်း နှုတ်ခမ်းနီထုတ်တဲ့အခါ သေချာလေး ပြန်ပြောပေးမှာ” လို့ ပြောပြပါတယ်။

Super Red နာမည်နဲ့ ဖြန့််ချိပေးမယ့် နှုတ်ခမ်းနီများမှာ အရောင်အသွေးစုံလင်စွာနဲ့ ဖြန့်ချိပေးမှာဖြစ်ပြီး Super Red နာမည်ကတော့ နီနီခင်ဇော်ရဲ့ ဒုတိယမြောက်တေးစီးရီး Super Red အမည်ကို အသုံးပြုထား တာလည်းဖြစ်ပါတယ်။

The post နီနီခင်ဇော် နှုတ်ခမ်းနီ ထုတ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ