Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“လိပ်ပြာ” ဇာတ်လမ်းတွဲ Season 2 ဆက်လက် ရိုက်ကူးတော့မယ့် ပန်းရောင်ခြယ်

$
0
0

Canal+ ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲရဲ့ အဆက် Season 2 ကို မတ်လထဲ ဆက်လက် ရိုက်ကူးသွားမယ်လို့ အဲဒီကားမှာ ပါဝင်တဲ့ အဆိုတော် ပန်းရောင်ခြယ်က ပြောပါတယ်။

“လိပ်ပြာ ဇာတ်လမ်းတွဲ Season 2 ကို မတ်လဆန်းဆိုရင် စရိုက်တော့မယ်။ Training စဝင်ဖို့ သရုပ်ဆောင်ဖို့အတွက် Acting Workshop တွေရော ဒါရိုက်တာနဲ့ လေ့ကျင့်ကြမယ်”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။ Season 2 မှာတော့ ပန်းရောင်ခြယ်အတွက် ဖိုက်တင်အခန်းများ ပိုပါလာမှာဖြစ်တဲ့အတွက် Training များ စဝင်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“Season 2 မှာ ပန်းရောင်အတွက် ဖိုက်တင်အခန်းတွေ ပိုပါမှာပါ။ Season 2 မှာ လိပ်ပြာက သူ့ရဲ့ခန္ဓာကိုယ်ကို သုံးပြီးချမယ့် အကွက်တွေ ပါတယ်။ အဲ့အတွက် ဖိုက်တင် Training တွေလည်း စဝင်တော့မယ်။ Season 2 မှာလည်း အဲ့လိုပဲ တပိုင်းမှာ တမှုနဲ့ပဲ သွားမယ်။ ဇာတ်လမ်းက လှည့်ကွက်တွေလည်း လာမယ်။ ကာရိုက်တာ အသစ်တိုးတာတွေလည်း ပါမယ်။ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ ထွက်လာရင်အားပေးကြပါဦး” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

ထုတ်လွှင့်ပြသခဲ့တဲ့ လိပ်ပြာဇာတ်လမ်းတွဲရဲ့ Season 1 မှာလည်း ပန်းရောင်ခြယ်ရဲ့သရုပ်ဆောင်မှုကို ကြိုက်နှစ်သက် ကြပြီး ဒီကာရိုက်တာဟာ သူ့အတွက် ပထမဆုံး သရုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

အက်ရှင်ကားနဲ့ သရုပ်ဆောင်အလုပ်ကို ပွဲဦးထွက်လာတာကြောင့် နောက်ပိုင်းမှာဘယ်လိုဇာတ်လမ်းတွေ ရိုက်သွားမလဲ ဆိုတာကိုတော့ ပန်းရောင်ခြယ်က အခုလိုပြောပါတယ်။

“ပန်းရောင် အက်ရှင်ကားကြီးပဲ ရိုက်မယ်လို့လည်း မဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် ပန်းရောင်ကိုယ့်ဘာသာလည်း မထင်ထားဘူး။ ပထမဆုံး သရုပ်ဆောင်မယ့် ဇာတ်ရုပ်က မှုခင်းစုံထောက် ဇာတ်လမ်း အက်ရှင်ဘက်ကို သွားမယ့် ဇာတ်လမ်း ဖြစ်မယ်လို့ပေါ့။ များသောအားဖြင့် ပန်းရောင်ကို စစချင်းရိုက်ရင် အချစ်ဇာတ်လမ်း နုနုရွရွ ဇာတ်လမ်းလို့ ထင်ကြတယ်။ အဲ့လိုဇာတ်ရုပ်မှ မဟုတ်ပါဘူး။ ဘယ်ဇာတ်ရုပ်ကိုမဆို ပန်းရောင်လုပ်မယ်ဆိုရင် လက်ခံဖြစ်မှာပါ” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

မကြာသေးခင်ကလည်း ပန်းရောင်ခြယ်က “Solo” လို့ နာမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော်အခွေ ထွက်ရှိထားပြီး တခြားသော ကြေငြာရိုက်ကူးမှုများလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

You may also like these stories:

ဇာတ်လမ်းတွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့လို့ အခက်အခဲ မရှိဘူးလို့ ပန်းရောင်ခြယ် ပြော

သမီးဖြစ်သူ ပန်းရောင်ခြယ်ကို အမြဲ ဆုံးမ အားပေးတယ်လို့ အဆိုတော် ဂရေဟမ် ပြော

သရုပ်ဆောင် မဖြစ်ခင်က “တောသားကြီး၊ မင်းသားရူး”လို့ အပြောခံခဲ့ရတဲ့ သုတအောင်

The post “လိပ်ပြာ” ဇာတ်လမ်းတွဲ Season 2 ဆက်လက် ရိုက်ကူးတော့မယ့် ပန်းရောင်ခြယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ