Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရော့ခ်ချည်းသက်သက် ပါဝင်မယ့် မာရဇ္ဇ ရဲ့ တေးစီးရီးသစ် ထွက်မည်

$
0
0
မာရဇ္ဇ

အဆိုတော် မာရဇ္ဇ (ဓာတ်ပုံ – ယုမွန်ကျော်/ဧရာဝတီ)

ဂီတသက်တမ်း အနှစ် ၂၀ ကျော်ရပ်တည်လာခဲ့ပြီးဖြစ်တဲ့ ရော့ခ်အဆိုတော် မာရဇ္ဇ ရဲ့ “အချိန်အခါ” ဆိုတဲ့ တကိုယ်တော် တေးစီးရီးထွက်ရှိလာတော့မယ်လို့သိရပါတယ်။

ဒီ တေးစီးရီးဟာ မာရဇ္ဇ ရဲ့ ၁၂ ခွေမြောက် တေးစီးရီးလည်းဖြစ်ပြီး ရော့ခ်သီချင်းများချည်းသက်သက် ပါဝင်တယ်လို့ သိရပါတယ်။

တေးသီချင်းပေါင်း ၁၁ ပုဒ်ပါဝင်ပြီး တေးသီချင်းအားလုံးကို မာရဇ္ဇ ကိုယ်တိုင်ရေးသားထားတာပါ။

မာရဇ္ဇ

မာရဇ္ဇ ရဲ့ “အချိန်အခါ” တေးစီးရီးမိတ်ဆက်ပွဲသို့ တက်ရောက်လာတဲ့ အနုပညာရှင်များ

“ကျနော်ဒီအခွေလေးကို အချိန်သုံးနှစ်ကြာပေးပြီးတော့ ဖန်တီးထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာ ဒီအခွေလေးကို ခဏရပ်တန့်ထားပြီး ကြားထဲမှာ ကျနော်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲလေးတွေ လုပ်ခဲ့တယ်။ ဒီထဲမှာ သီချင်း ၁၁ ပုဒ်ပါ ပါဝင်ပါတယ်။ အားလုံးက Rock တွေချည်းပဲလို့ ကျနော်ပြောချင်ပါတယ်” လို့ မာရဇ္ဇ က ပြောပါတယ်။

မာရဇ္ဇ

မာရဇ္ဇ ရဲ့ “အချိန်အခါ” တေးစီးရီးမိတ်ဆက်ပွဲသို့ တက်ရောက်လာတဲ့ အနုပညာရှင်များ

ဒီတေးစီးရီးကို ဘာကြောင့် ရော့ခ်သီချင်းသက်သက်ချည်းပဲ ဖန်တီးထားရသလဲဆိုတဲ့အပေါ် မာရဇ္ဇ က မြန်မာပြည်မှာဖြစ်နေတဲ့ ပြဿနာတခုဖြစ်တဲ့ စီးရီးတခွေထွက်လာရင် ရော့ခ်သီချင်းရော country သီချင်းရော ပေါ့ပ် သီချင်းရော R&B ရော စုံနေအောင် ပါဝင်ဖန်တီးလာကြတာဟာ တော်တော် ရှက်စရာကောင်းတယ်လို့ ဆိုပါတယ်။  သူ့အနေနဲ့ ရော့ခ်ဂီတကို ချစ်တဲ့အတွက်ကြောင့် ရော့ခ်ဂီတ လမ်းကြောင်းပေါ်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်မှာဖြစ်ပြီး အရင်တုန်းက မသိလို့ လုပ်ခဲ့ဖူးပေမယ့် အခုလို သိတဲ့အချိန်မှာ ရှက်လာတာကြောင့် “ဇာတ်ပေါင်း” တေးစီးရီးက စလို့ ရော့ခ်လမ်းကြောင်းပေါ်ကနေ မသွေဖီတဲ့ ပုံစံနဲ့ ကြိုးစားပြီး လုပ်လာခဲ့ပါတယ်လို့ သူက ရှင်းပြပါတယ်။

ရော့ခ်သီချင်း ရော့ခ်ဂီတလမ်းကြောင်းပေါ်ကနေ မသွေဖီတဲ့ အဆိုတော် မာရဇ္ဇ ရဲ့ “အချိန်အခါ” ဆိုတဲ့ တေးစီးရီးကို မေလ၂၉ ရက်နေ့ကစတင်ပြီး ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

The post ရော့ခ်ချည်းသက်သက် ပါဝင်မယ့် မာရဇ္ဇ ရဲ့ တေးစီးရီးသစ် ထွက်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...