Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆောင်းဟေဂိုနဲ့ ဟွန်ဘင်း ပြန်တွဲနေတယ်လို့ ကောလာဟလ သတင်းထွက်

$
0
0

၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တွဲခဲ့ကြတဲ့ ချစ်သူနှစ်ဦးဖြစ်တဲ့ ကိုရီးယားမင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ ပြန်တွဲနေကြပြီလို့ ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ခင်ပွန်းဟောင်း မင်းသား ဆောင်းဂျွန်ကီနဲ့ ကွာရှင်းခဲ့တဲ့ မင်းသမီး ဆောင်းရဲ့ အချစ်ရေးကို ပရိသတ်တွေက တော်တော်လေး စိတ်ဝင်စားနေခဲ့ကြပါတယ်။

ဇာတ်လမ်းတွဲတခုမှာ အတူတွဲသရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသားပတ်ဘိုဂွန်းနဲ့ အချစ်ရေး သတင်းကောလာလဟ ထွက်ခဲ့ပေမယ့် မင်းသားပတ်က အသက် ၃၈ နှစ် အရွယ် မင်းသမီး ဆောင်းနဲ့ ပတ်သက်မှု တစုံတရာ မရှိတဲ့အကြောင်း ငြင်းဆန်ခဲ့ပါတယ်။

မကြာသေးခင်တုန်းကတော့ အင်တာနက် အသုံးပြုသူတွေက မင်းသမီးဆောင်းဟာ “Crash Landing On You” ဒရာမာစတား မင်းသားဟွန်ဘင်းနဲ့ တိတ်တဆိတ်ပြန်တွဲနေတယ်လို့ဆိုပြီး သံသယရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာပြသခဲ့တဲ့ “The World They Live In” ဒရာမာမှာ အတူတူ သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် ချစ်သူတွေ ဖြစ်နေကြပြီဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်ရောက်မှသာ သူတို့ နှစ်ဦးရဲ့ အချစ်ရေးကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ မင်းသမီး ဆောင်းနဲ့ မင်းသား ဟွန်ဘင်းတို့ဟာ မင်းသား စစ်မှု မထမ်းမီ အချိန်မှာပဲ လမ်းခွဲလိုက်ကြပြီလို့ ကြေညာခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက သူတို့ရဲ့ အေဂျင်စီကတော့ နှစ်ဦးသားရဲ့ များပြားတဲ့ အချိန်ဇယားတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကြောင့် ရရှိခဲ့တဲ့ ဖိစီးမှုတွေကြောင့် လမ်းခွဲလိုက်ရတာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ ပြဿနာ တစုံတရာ မရှိခဲ့ပေမယ့် လမ်းခွဲဖို့သာ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မကြာသေးခင်တုန်းက မင်းသမီး ဆောင်းရဲ့ သူငယ်ချင်း မင်းသမီး ပတ်ဆောမီက “The World They Live In” ရဲ့ဇာတ်ဝင်တေးသီချင်း Screenshot တခုကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ရာကနေ အစပြုလို့ ကောလာဟလသတင်းတွေ ထွက်လာခဲ့ပါတယ်။

မင်းသမီးဆောင်းက “ညီမလေး ဟား ဟား ဟား” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ အင်တာနက် အသုံးပြုသူတွေက မင်းသမီးဆောင်းနဲ့ မင်းသား ဟွန်ဘင်းတို့ ပြန်တွဲနေကြပြီလားလို့ မေးမြန်းတဲ့အခါမှာတော့ သူဟာ မှတ်ချက်ပေးတဲ့ နေရာကို ချက်ချင်း ပိတ်ပစ်ခဲ့ပါတယ်။

အဲ့ဒီကနေစလို့ သံသယတွေ ထပ်မံကြီးထွားလာခဲ့ပါတယ်။ အခုလအစောပိုင်းမှာတော့ မင်းသမီးဆောင်းဟာ ကြော်ငြာရိုက်ကူးရေးအတွက် မင်းသား ဟွန်ဘင်း ရောက်ရှိနေတဲ့ နေရာနဲ့ ဆင်တူတဲ့ နေရာတခုရဲ့ ဓာတ်ပုံကို Instagram မှာ တင်ခဲ့ပါတယ်။

မင်းသမီးတင်ခဲ့တဲ့ တခြားဓာတ်ပုံတခုမှာတော့ သူငယ်ချင်းဖြစ်သူနဲ့အတူ Selfie ဓာတ်ပုံ ရိုက်နေခဲ့တဲ့ အနေအထားကို မြင်တွေ့ရပါတယ်။ အဲ့ဒီဓာတ်ပုံထဲမှာ မင်းသမီးဟာ အင်္ဂလိပ် အက္ခရာ S နဲ့ H ပါတဲ့ လည်ဆွဲတခုကို ဝတ်ဆင်ထားခဲ့ ပါတယ်။ S ဟာ မင်းသမီး ဆောင်းဟေဂိုရဲ့ မျိုးရိုးနာမည်ကို ကိုယ်စားပြုပြီး H ဟာ မင်းသား ဟွန်ဘင်းကို ဆိုလိုတယ်လို့ အင်တာနက်အသုံးပြုသူတွေက မှတ်ချက်ချခဲ့ပါတယ်။

Ref: todayonline

The post ဆောင်းဟေဂိုနဲ့ ဟွန်ဘင်း ပြန်တွဲနေတယ်လို့ ကောလာဟလ သတင်းထွက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles