Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အမေရိကားမှာ ကျောင်းတက်နေတဲ့ သားကို စိတ်မပူရဘူး”လို့ အေးအေးခိုင် ပြော

$
0
0

ဇာတ်ပို့ သရုပ်ဆောင် အေးအေးခိုင်ကတော့ အမေရိကားမှာ ကျောင်းတက်နေတဲ့ သားကို စိတ်မပူရဘဲ သားဖြစ်သူက သူ့ကို ပြန်စိတ်ပူနေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“သားသားက အမေရိကားမှာပါ။ သားသားက သူ့အစ်ကို နှစ်ယောက် ရှိတယ်။ ကျမရဲ့ အစ်မလည်း ရှိတယ်ဆိုတော့ စိတ်အေးရတယ်။ သားသားကို စိတ်ချရတယ်။ သူကတောင် ကျမကိုပြန်ပြီး စိတ်ပူနေတာ။ သူတို့ဆီမှာဖြစ်ပြီ ဆိုကတည်းက ကျမကို ဘာလုပ်ရမယ်ဆိုပြီး မှာနေတာ။ ကိုယ်ကတောင် ပြောစရာ မလိုဘူး။ သူတို့က သိတယ်။ သူက အခုလူကြီးလေးလို ဖြစ်သွားတော့ ကိုယ်က သူ့ မပူရဘူး”

“အကုန်လုံးက ပြန်လာလို့ မရဘူး။ သူတို့ဆီမှာအခုက နွေရာသီပေါ့။ သားနဲ့တော့ Video call ပဲ ပြောရတာပေါ့။ အဲ့ချိန်ကျရင် ကျမရဲ့ အစ်မရော တူလေးတွေရော ပြန်လာတတ်ကြတယ်။ ဒီနှစ်ကတော့ ကျမတို့ မိသားစုတွေ မဆုံရဘူးပေ့ါ”

“ဟိုမှာက နယူးယောက်မှာဖြစ်တာ သားသားတို့ နေတဲ့ နားမှာ သိပ်မဖြစ်ဘူး။ သားသားတို့နဲ့ ဝေးတယ်။ ကျမ အစ်မကလည်း သားကို အရမ်းဂရုစိုက်တယ်။ ဒီဇင်ဘာမှာ ကပ်ကြီးပြီးသွားရင်တော့ ဆုံမှာပေါ့။ မဟုတ်ရင်တော့ နောက်နှစ်မှပဲ ဆုံရမှာပေါ့ ”လို့ အေးအေးခိုင်က ဧရာဝတီကို ပြောပါတယ်။

လက်ရှိ COVID-19 ကာလမှာ အနုပညာရှင်တွေ ဈေးရောင်းနေကြတာကို ဝေဖန်နေကြတဲ့အပေါ်လည်း အေးအေးခိုင်က အခုလိုပဲ ဆိုပါတယ်။

“အနုပညာသမားတွေ ဈေးရောင်းနေတာကို ဝေဖန်နေတာ တွေ့တယ်။ ဘယ်သူ့မှလည်း အပြစ်မပြောချင်ပါဘူး။ ဝေဖန်တဲ့သူကလည်း သူ့ဝါသနာအရ ဝေဖန်တယ်။ အနုပညာသမားက အနုပညာ မလုပ်ရင် ဘာလုပ်စားကြမလဲ။ ဇာတ်ပို့ ဇာတ်ရံတွေက ဗီဒီယိုဈေးကွက် ပျက်ကတည်းက အဆင်မပြေကြတာပါ။ သူတတ်တဲ့ ပညာလေးနဲ့ လုပ်စားတာလေ”

“ကောင်းရောင်း ကောင်းဝယ်လုပ်စားတာလေ။ ပင်လယ်ရေက တယောက်တည်း သောက်လို့ မရပါဘူး။ နေရာတိုင်းမှာလည်း ဆိုင်တွေရှိနေတာပဲ။ တလမ်းမှာ တဆိုင်ပဲ လုပ်ရမယ်လို့ ဘယ်သူက အမိန့်ချထားလို့လဲ။သူ့မိတ်နဲ့သူပဲလေ။ သူ့အကြိုက်နဲ့သူပဲလေ။ အဲ့တော့ ရောင်းနေတဲ့ အနုပညာရှင်တွေလည်း သူတို့ သမာအာဇီဝ လုပ်စားတာ အားပေးရမယ်။ အနုပညာသမားက ဝန်ထမ်းမဟုတ်ဘူး။ လစာဝင်ငွေရယ် မရှိဘူးလေ”

“ကားရိုက်ရှိမှ ပိုက်ဆံရမှာ။ ကားရိုက် မရှိရင် ပိုက်ဆံမရဘူးလေ။ အခုလို ဈေးရောင်းတာကို အပြစ်မမြင်ကြပါနဲ့။ ကိုယ့်အခက်အခဲတွေနဲ့မို့ ကောင်းရောင်းကောင်းဝယ် အလုပ်လုပ်တာကိုပဲ အားပေးတယ်။ ချစ်တဲ့သူကလည်း ချစ်၊ မုန်းတဲ့သူကလည်း အမုန်းမြင်နေမှာပဲ။ အဲ့တော့ ဘာမှ မပြောလိုပါဘူး”လို့ အေးအေးခိုင်က ပြောပါတယ်။

အေးအေးခိုင်ကတော့ ဟာသသရုပ်ဆောင် အနေနဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်နေသူပါ။ မကြာသေးခင်ကလည်း “ဆူးပန်းခွေ သွယ်ဘယက် ပေရွက်လိပ် နားတောင်းဆင်” ဇာတ်လမ်းတွဲမှာ မကြာဥအဖြစ် သရုပ်ဆောင်ခဲ့သူပါ။ အေးအေးခိုင်ရဲ့သားကတော့ ဉာဏ်သွေးဟန် ဖြစ်ပြီး လက်ရှိ အမေရိကားမှာ ကျောင်းတက်နေသူ ဖြစ်ပါတယ်။

You may also like these stories:

“အနုပညာရှင်တွေ ဈေးရောင်းကြတာကို အပြစ်မမြင်စေချင်ဘူး”

မင်္ဂလာပွဲတွေမှာ သီဆိုဖျော်ဖြေတာမျိုးလုပ်မှာ မဟုတ်ဘူးလို့ ရှာရွတ်ခန် ပြော

The post “အမေရိကားမှာ ကျောင်းတက်နေတဲ့ သားကို စိတ်မပူရဘူး”လို့ အေးအေးခိုင် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles