Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မြန်မာက COVID-19 ဖြစ်ပွားမှု ကမ္ဘာနဲ့ယှဉ်ရင် ကံကောင်းပါတယ်”လို့ မတူး ပြော

$
0
0

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားနေမှုက ကမ္ဘာနဲ့ယှဉ်ရင်တော့ အများကြီး ကုသိုလ်ကံကောင်းတယ်လို့ သရုပ်ဆောင် မတူးက ဧရာဝတီကို ပြောပါတယ်။

“COVID-19 စဖြစ်ကတည်းက တောတွေထဲထိ သွားပြီး ပညာပေးတွေ လုပ်ပေးတယ်။ ဆေးဖျန်းတာကအစ ကိုယ်တိုင် လိုက်ဖျန်းတယ်။ နယ်ဘက်က အိမ်တွေက စည်းကမ်းလေးတွေနဲ့ စနစ်တကျ လုပ်တာ တွေ့တယ်။ ကိုဗစ်ကို အန်တီတူးတို့က အတတ်နိုင်ဆုံး တွန်းလှန်နေကြတာပဲ။ ကမ္ဘာနဲ့ယှဉ်ရင်တော့ ကျမတို့ အများကြီး ကုသိုလ်ကံကောင်းတယ်လို့ မြင်ပါတယ်။ တခြားနိုင်ငံတွေမှာ ထောင်ပေါင်းများစွာ သေနေပေမယ့် ကျမတို့ဆီမှာ မသေဘူး”

“အန်တီတူးတို့ မြန်မာနိုင်ငံက ဘယ်လိုပဲဖြစ်ဖြစ် နိုင်အောင် တိုက်နိုင်မယ်လို့ ယုံပါတယ်။ စည်းကမ်း မလိုက်နာဘဲ Mask မတပ်ရင် အရေးယူတာတော့ ကောင်းတယ်။ အန်တီတူးတို့လည်း လုပ်အားပေးရင် Mask တပ်ထားတာ ကြာကြာ တပ်တော့ မူးလာတယ်။ ဒါပေမဲ့လည်း မတတ်နိုင်ဘူး။ တပ်ကြရမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်လုပ်ပါ။ ခွန်အားကောင်းအောင် လုပ်ပါ။ အလုပ် မရှိရင်တော့ Stay home အိမ်မှာပဲ နေကြပါ။ ကိုယ့်ကြောင့် မကူးစက်ပါစေနဲ့”လို့ မတူးက ပြောပါတယ်။

ပြည်တော်ပြန်တွေကြောင့် ရောဂါဖြစ်သူတွေကြာင့်သာ မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားနေတာလို့ မတူးကဆိုပါတယ်။

“အခု ရောဂါဖြစ်တာကတော့ အန်တီတူးတို့ ကိုယ့်နိုင်ငံက လူတွေ ဖြစ်တာမဟုတ်ပါဘူး။ ပြည်တော်ပြန်တွေကနေ တိုးတိုးလာတယ်။ အဲ့ဒါကြောင့်သာဖြစ်တာပေါ့။ နောက် ကောလာဟလတွေကို မယုံဖို့ ပြောချင်တယ်။ အန်တီတို့ ပြည်သူတွေ အကုန်လုံးက နိုင်ငံတွေက သတင်းအမှန်တွေကိုပဲ ယူပါ။ သူများတွေ ကောလာဟလတွေပြောတာ မယုံပါနဲ့”

“ကောလာဟလ သတင်းတွေ ဖတ်ပြီး တအားကြောက်သွားတဲ့သူတွေ ရှိသလို အကြောက်လွန်တဲ့သူတွေလည်း ရှိတယ်။ Facebook တွေက အကောင်းရေးတာရှိသလို အဆိုးရေးတာလည်း ရှိတာကြောင့် ပြည်သူတွေက မြန်မာပြည်ရဲ့ တရားဝင်သတင်းတွေပဲ ကြည့်ကြပါ”လို့ မတူးက ပြောပါတယ်။

ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် မတူးဟာ ၂၀၁၇ ခုနှစ်၊ အလှမယ်ပြိုင်ပွဲမှာ အသက် ၅၁ နှစ်နှင့်အထက် Mrs.Myanmar 2017 ဆု ရရှိထားပြီး ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေပါတယ်။

You may also like these stories:

COVID-19 နဲ့ ပတ်သက်ပြီး PPE နဲ့ Mask တွေ လှူဒါန်းဖြစ်တဲ့ မိစန္ဒီ

Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ

The post “မြန်မာက COVID-19 ဖြစ်ပွားမှု ကမ္ဘာနဲ့ယှဉ်ရင် ကံကောင်းပါတယ်”လို့ မတူး ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles