Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်သမိုင်းပြတိုက်မှာ မိသားစုလိုက် မှတ်တမ်းတင်ခံရတဲ့ ခင်သီတာထွန်း

$
0
0

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာရှိတဲ့ ရုပ်ရှင် သမိုင်းပြတိုက်မှာ အကယ်ဒမီ ထူးချွန်ဆုရ မိသားစုများ ဓာတ်ပုံတွေမှာ မိသားစုပုံ မှတ်တမ်းတင်ခံထားတဲ့ ဝါရင့်သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ ခင်သီတာထွန်းက ဒီလို ပြသခံရတဲ့အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

“မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အတွက် ကိုယ်က အကယ်ဒမီ ၃ ဆု ရထားတော့ ကိုယ့်ကို မမေ့ မလျော့ဘဲခေါ်ပြီး ဇာတ်ကားအကြောင်းတွေ မှတ်တမ်းတင် ပြောဖြစ်ပါတယ်။ အခုလိုပြောဖြစ်တော့လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရပါတယ်။ ရုပ်ရှင် သမိုင်းပြတိုက်က အရင်တုန်းကဆိုရင် ပိတ်ထားပြီးတော့ ဖုန်တွေနဲ့။ အခု နှစ် ၁၀၀ လည်းဖြစ်၊ ပြတိုက်ကြီးလည်း ခမ်းခမ်းနားနားနဲ့ အကုန်လုံး ကြည့်လို့ရတော့ အရမ်းကို ဝမ်းသာစရာကောင်းပါတယ်ရှင်”

“အခုလို အနုပညာမောင်နှမတွေနဲ့ တွေ့ရတာ ဝမ်းသာတယ်။ ပျော်ပါတယ်။ ကျမကလည်း ရုပ်ရှင်မိသားစု၊ ဖေဖေကလည်း ဒါရိုက်တာ၊ ဖေဖေ့ အစ်ကိုကလည်း ဒါရိုက်တာ၊ ဖေဖေ့ အောက်ကလည်း ဒါရိုက်တာပဲ။ အငယ်ဆုံး ဒါရိုက်တာ တင်အောင်မြင့်ဦးလည်း ရှိသေးတယ်။ မိသားစု အကုန်လုံးကို ဒီပြတိုက်မှာ ပုံလေးတွေ တွေ့ရတယ်။ ထူးချွန်ဆုရ အကယ်ဒမီ မိသားစု ဓာတ်ပုံမှာ ဖေဖေရော၊ မမကြီးရော၊ ကျမပုံရောကို မှတ်တမ်းတင်ပြီး ပြထားပေးတော့ ကျေးဇူးတင်ပါတယ်”လို့ ခင်သီတာထွန်းက ပြောပါတယ်။

သရုပ်ဆောင် ခင်သီတာထွန်းကတော့ Stay Home ကာလမှာ အိမ်မှာပဲနေပြီး ရုပ်ရှင်တွေ ပိုပြီးကြည့်ဖြစ်နေတယ်လို့ဆိုပြီး အထူးသဖြင့် ဇာတ်ကားဟောင်းတွေ ပြန်ကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုလို Stay Home ကာလမှာ အိမ်မှာပဲနေပြီး ရုပ်ရှင်တွေ ပိုပြီးကြည့်ဖြစ်တယ်။ အရင်တုန်းကဆို ရုပ်ရှင်တွေ ရိုက်နေတာနဲ့ ကိုယ့်ကားကိုယ်တောင် မကြည့်ဖူးတာတွေ ရှိသေးတယ်။ အခုတော့ ကားအဟောင်းတွေလည်း ပြန်ပြတော့ ကြည့်ဖြစ်တယ်။ ကိုယ့်ကားလေးတွေလည်း ပြန်ကြည့်ဖြစ်တယ်။ အခုနောက်ပိုင်း ကားတွေလည်း ကောင်းတယ်။ ကားတွေ အကုန် ကြိုက်တယ်”

“ကျမတို့ အရွယ်ကြတော့ မျက်စိလေးနည်းနည်းမှုန်လာတော့ HD တွေ ပြတော့ ပိုကြည့်လို့ကောင်းတယ်။ ကျမတို့ ခေတ်တုန်းကလို ကမ္ဘာအဆင့်မီ ကားလေးတွေ ရိုက်စေချင်တယ်။ အဖြစ်တော့ မရိုက်စေချင်ဘူး။ တက်သုတ်ရိုက်ရင်း ကောင်းတဲ့ ကားလေးတွေလည်း ရှိတယ်။ အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေလည်း ကြည့်တယ်။ ကြိုက်တယ်”လို့ ဆိုပါတယ်။

အခုနောက်ပိုင်း ပြသလာတဲ့ ဇာတ်လမ်းတွဲတွေအပေါ်လည်း ခင်သီတာထွန်းက သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။

“ဇာတ်လမ်းတွဲဆိုတော့ ယိုးဒယားတို့ ကိုရီယားတို့ကို မှီပြီး နိုင်ငံခြားအဆင့်မီတွေ လုပ်လာကြတယ်။ တကယ့် ရုပ်ရှင် အစစ်ကျတော့ အဲ့လို မဟုတ်ဘူး။ သဘာဝမကျရင်ကို ဇာတ်ကားကြီးက ပျက်သွားရော။ ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းကလည်း ကြည့်တဲ့ ပရိသတ်တွေ စွဲတယ်ပေါ့။ ဇာတ်လမ်းတွဲတွေလည်း မဆိုးပါဘူး။ ကောင်းတယ်”

“အခုကလည်း ကိုရီးယားလိုပဲ။ နည်းနည်းငယ်တဲ့သူလည်း လူကြီးလို ရိုက်ကြတာဆိုတော့ တကယ့်လူကြီး အစစ်တွေကို မခေါ်ဖြစ်တော့ပါဘူး။ အရေးကြီးပြီး ခေါ်ရင်လည်း ပါဝင်ပေးဖို့ အဆင်သင့်ပါပဲ။ သရုပ်ဆောင်လေးတွေကလည်း အရမ်းတော်တယ်။ ခေတ်ဆန်ဆန်တွေသာ ဝတ်ရတာ အမူအရာတအား ကောင်းတယ်။ ကြိုးစားကြတယ်။ တော်ကြတယ်။ ကိုယ်ချင်းစာပါတယ်”လို့ ခင်သီတာထွန်းက ပြောပါတယ်။

အကယ်ဒမီ ရုပ်ရှင်မင်းသမီးကြီး ခင်သီတာထွန်းက တချိန်က အနုပညာလောကမှာ သရုပ်ဆောင် အိုက်တင် အရမ်းကောင်းခဲ့သလို ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ အကယ်ဒမီ ၃ ဆုရှင် မင်းသမီးတလက် ဖြစ်ပါတယ်။

You may also like these stories:

ရုပ်ရှင်သမိုင်းပြတိုက်မှာ အသိအမှတ်ပြုခံရလို့ ဂုဏ်ယူနေတဲ့ ထွန်းထွန်း

တောင်ကိုရီးယားမှာ ရုပ်ရှင်ကြည့်ရှုသူ ၂ ဆ ပိုများလာ

Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မက်ဒေါနား

The post ရုပ်ရှင်သမိုင်းပြတိုက်မှာ မိသားစုလိုက် မှတ်တမ်းတင်ခံရတဲ့ ခင်သီတာထွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


ပရုပ်လုံးနံ့လေး မွှေးနေတဲ့ အဝတ်အထည် တွေရဲ့ ကြောက်စရာ အန္တရာယ်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


စနေမင်း နှင့် တနင်္ဂနွေမင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မနောမယအိမ်ခြံမြေရောင်းနည်း