Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရုပ်ရှင်ပြတိုက်မှာ ကျန်ခဲ့တဲ့ ပုံတွေ ပြန်ဖြည့်မှာပါ”လို့ ဦးအေးကြူလေး ပြော

$
0
0

မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်မှာ အနုပညာရှင်များစွာရဲ့ ဓာတ်ပုံကို ဘုတ်နဲ့ ပြသထားပေမယ့် ဒီလိုပြသထားတဲ့ အထဲမှာ ဓာတ်ပုံ မပါခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိနေပါတယ်။ ဒီလို နာမည်ကျန်ခဲ့သူတွေအတွက် နောက်ထပ် စီစဉ်နေတယ်လို့ ရုပ်ရှင်အစည်းအရုံးဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ဧရာဝတီကို ပြောပါတယ်။

“ရုပ်ရှင်သမိုင်း ပြတိုက်အတွက် ကျနော်တို့ ကော်မတီတွေ ဖွဲ့ပေးထားတယ်။ အခန်း ၆ ခန်း ဖွဲ့ထားတယ်။ ပြတိုက်ဆိုတာ တခါတည်းလုပ်လို့တော့ မပြီးဘူး။ လိုတာတွေ ထပ်ဖြည့်ရမှာ။ အခု အွန်လိုင်းမှာ မင်းသား ၊ မင်းသမီးတွေ ပုံ မပါတာတွေ ပြောနေတာ သူတို့ကလည်း နောက်တချပ် ထပ်လုပ်ရမှာ မပြီးသေးဘူး”

“ ဒီမှာ ရုပ်ရှင် အဓိက မင်းသား မင်းသမီးခေါင်းတွေ တပ်ထားတာပေါ့။ ၆ ခန်းလုံး မကြည့်ဖူးသေးတော့ ပြောနေတာပေါ့။ နောက်ထပ် လုပ်နေတာမပြီးသေးတာကို Background ရိုက်ပြီးတင်လိုက်တော့ ဘယ်သူ မပါဘူး။ ဘယ်လို မပါဘူးတွေ ဖြစ်ကုန်တာပေါ့။ ဘာပဲကောင်းတာလုပ်လုပ် လက်ညှိုးထိုးချင်သူတွေက ထောက်လျှောက် လုပ်မှာ” လို့ ဦးအေးကြူလေးက ပြောပါတယ်။

ဆက်လက်ပြီး ဦးအေးကြူလေးက ဓာတ်ပုံ ကျန်ခဲ့သူတွေကို စာရင်းထပ်လုပ်နေပြီး အခုလို ဝိုင်းပြောနေမယ့်အစား လာကူပေးရင် ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။

“ဆန်ပေး၊ ဆီပေးတာတောင် လက်ညှိုးထိုးနေတာ။ လူပေါင်း ၁၅၀၀ စာ လုပ်ရတာလေ။ အခုလည်း ဓာတ်ပုံတွေ ရှိတဲ့သူနဲ့ ရှိတဲ့အားနဲ့ စုပြီးထည့်တာပဲ။ လူခေါင်း ၁၀၀လောက်ကိုလည်း မနည်းရှာ ထည့်ရတာ။ ရသလောက် လက်လှမ်းမီသလောက် လုပ်နေတာပဲ။ ကျန်ခဲ့တဲ့သူတွေကိုလည်း စာရင်းတွေ ထပ်လုပ်နေပါတယ်။ လက်ညှိုးထိုးနေမယ့် အစားဝိုင်း ကူလိုက်ရင်တော့ အဆင်ပြေတာပေါ့”လို့ ဦးအေးကြူလေးက ပြောပါတယ်။

ရုပ်ရှင်သမိုင်းပြတိုက်ကိုတော့ အခကြေးငွေနဲ့ ဖွင့်လှစ်မှာဖြစ်ပြီး ပြတိုက်မှာ လုပ်ကိုင်နေရသူတွေဟာ အခုလို အပြောခံရတာကိုလည်း စိတ်မကောင်းစရာပဲလို့ ဦးအေးကြူလေးက ဆိုပါတယ်။

“ပြတိုက်က မဖွင့်ရသေးဘူး။ ပြတိုက်ကို ရုပ်ရှင် မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်နေတယ်။ အဲ့ဒါလေးပြလိုက်ရင်တော့ ကြည့်ကြမှာ။ အခုချိန်မှာ ဖွင့်ရင်လည်း ဖွင့်လို့ရတယ်။ တရက် လူသိပ်လာတာမှ မဟုတ်တာ။ တနေ့လုံးမှ ၁၀ ယောက် ၁၅ ယောက်လောက် လာမှာ။ ဖွင့်ချင်ရင်တော့ ဖွင့်လို့ရတယ်”

“ဖွင့်ရင်တော့ အခကြေးငွေနဲ့ ဖွင့်ရမှာ။ ကုန်ထားတာ မနည်းဘူး။ ဝန်ထမ်းတွေ ပေးရဖို့ စရိတ်တွေ ပြန်ကျေရင် ရပြီပေါ့။ မဟုတ်ရင် အထွက်တွေ ချည်းပဲလေ၊ အဝင် မရှိဘူး။ ပထမ ငွေကျပ် ၅၀၀ကောက် မလို့ နောက် ၁၀၀၀ လောက်ဖို့ လုပ်နေတယ်။ ပြတိုက်အတွက် လိုတာလေးတွေ ထောက်ပြလိုက်ရင်ကောင်းတယ်”

“လုပ်နေတဲ့သူတွေ လည်း ကျန်ခဲ့တာကို ထည့်ပြီးဖြည့်ပြီး လုပ်ရင် ကွက်တိဖြစ်သွားမှာပေါ့။ စေတနာနဲ့ ဝေဖန်ထောက်ပြရင် လုပ်ကြမှာပါ။ ဒီမှာလုပ်နေရတဲ့သူတွေ ကျတော့လည်း တပြားမှရတာ မဟုတ်ဘဲ ကိုယ်ဟာကိုယ်လုပ်လိုက် ပြောခံလိုက်ရနဲ့ စိတ်မကောင်းစရာပဲ”လို့ ဦးအေးကြူလေးက ပြောပါတယ်။

ရုပ်ရှင်သမိုင်းပြတိုက်အတွင်းမှာတော့ အနုပညာရှင်များရဲ့ ဓာတ်ပုံတွေ၊ အကယ်ဒမီ ဆုတွေကို အမှတ်တရအနေနဲ့ သိမ်းဆည်းထားတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ အတွင်းမှာ ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရှိတာကြောင့် အခုလို ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ရှပ်ရှင်ဟာ ၁၉၂၀ ပြည့်နှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

You may also like these stories:

ဝါရင့် အနုပညာရှင်တွေနဲ့အတူ မှတ်တမ်းတင်ခံရတဲ့ ယွန်းယွန်း

ရုပ်ရှင်သမိုင်းပြတိုက်မှာ မိသားစုလိုက် မှတ်တမ်းတင်ခံရတဲ့ ခင်သီတာထွန်း

ရုပ်ရှင်သမိုင်းပြတိုက်မှာ အသိအမှတ်ပြုခံရလို့ ဂုဏ်ယူနေတဲ့ ထွန်းထွန်း

The post “ရုပ်ရှင်ပြတိုက်မှာ ကျန်ခဲ့တဲ့ ပုံတွေ ပြန်ဖြည့်မှာပါ”လို့ ဦးအေးကြူလေး ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...