Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Michael Keaton သရုပ်ဆောင်ဖို့ရှိ

$
0
0

မင်းသား Michael Keaton ဟာ “The Flash” ရုပ်ရှင်အသစ်မှာ လင်းနို့လူသားအဖြစ် ပြန်လည် သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အသက် ၆၈ နှစ်အရွယ် မင်းသား Michael ဟာ Bruce Wayne (လင်းနို့လူသား) အဖြစ် သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Batman” ရုပ်ရှင်နဲ့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Batman Returns” ရုပ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ လောက်ကြာခဲ့ပြီးတဲ့နောက် DCEU ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ “The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် ပြန်လည် ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

TheWrap မီဒီယာရဲ့အဆိုအရ မင်းသားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ ကနဦးအဆင့်မှာပဲ ရှိနေသေးပြီး သေချာပေါက် သရုပ်ဆောင်မယ်ဆိုတဲ့ သဘောတူညီချက် မရသေးဘူးလို့ သိရပါတယ်။ အဲ့ဒီ မီဒီယာရဲ့ အဆိုအရ အလွန်လျင်မြန်တဲ့ စူပါဟီးရိုးအဖြစ် မင်းသား Ezra Miller သရုပ်ဆောင်မယ့် ရုပ်ရှင်ထဲက လင်းနို့လူသား ဇာတ်ကောင် ပါဝင်ရမယ့် အခန်းကဏ္ဍ အသေးစိတ်ကိုလည်း မသိရသေးပါဘူး။

“The Flash” ရုပ်ရှင် ဇာတ်လမ်းအကြောင်းအရာကတော့ DC Comics. တွေရဲ့ မူရင်းအကြောင်းအရာ တခုဖြစ်တဲ့ စကြာဝဠာမျိုးစုံ အယူအဆကို ပရိသတ်တွေထံ မိတ်ဆက်မယ်လို့ သိရပါတယ်။

The Batman ရုပ်ရှင်အသစ်မှာ မင်းသား Robert Pattinson သရုပ်ဆောင်မယ့် Caped Crusader (လင်းနို့လူသား) ဇာတ်ကောင် ပုံဖော်မှုနဲ့ အခု မင်းသား Michael ပါဝင်လာမယ့် လင်းနို့လူသား ဇာတ်ကောင်တို့ကြား ဘယ်လို ချိတ်ဆက်မယ်ဆိုတာကိုတော့ ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါတယ်။

လင်းနို့လူသားအဖြစ် ရုပ်ရှင် ၂ ကားမှာ ပါဝင်ခဲ့ပြီးတဲ့နောက် မင်းသား Michael ဟာ တတိယမြောက် ရုပ်ရှင်မှာ ပါဝင်ဖို့ ကနဦးမှာ ပြင်ဆင်ခဲ့ပေမယ့် ဒါရိုက်တာ Tim Burton ကို ဖယ်ရှားခဲ့ပြီးတဲ့နောက် မင်းသားရဲ့ နေရာမှာ မင်းသား Joel Schumacher နဲ့ အစားထိုးခဲ့တဲ့အတွက် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Returns ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Val Kilmer သရုပ်ဆောင်ခဲ့ပြီးနောက် အဲ့ဒီ ကမ္ဘာကျော် ဇာတ်ကောင်နေရာကို ၁၉၉၇ ခုနှစ်ရဲ့ “Batman and Robin” ရုပ်ရှင်မှာတော့ မင်းသား George Clooney က လက်လွှဲ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

Ref: asiaone

You may also like these stories:

“ရိုက်ကူးရေးတွေ ပြန်စမယ် ကြားတာ ထီပေါက်သလိုပါပဲ”လို့ သူဇာပွင့် ပြော

လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ

ရုပ်သံအစီအစဉ်မှာ တန်ဖိုးကြီးအိမ်ကို ပြခဲ့တဲ့ မင်းသား ယူအာအင်း

The post “The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Michael Keaton သရုပ်ဆောင်ဖို့ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...