Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ထီး၊ ဖိနပ်ချုပ်ပြီး မိဘကို ရှာကျွေးနေတဲ့ ဟာသသရုပ်ဆောင် ပါကျဲ

$
0
0

ဇာတ်ပို့၊ ဇာတ်ရံများ အလုပ်အကိုင် ရှားပါးသွားချိန်မှာ မိသားစု စားဝတ်နေရေးအတွက် ထီး၊ ဖိနပ်ပြင်တဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ ဟာသသရုပ်ဆောင် ပါကျဲဟာ သူ့ကို Lucky Palace ထုတ်လုပ်ရေးမှ တိုက်ခန်း ငှားပေးထားတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ဘာအလုပ်မှ လုပ်လို့ မရလို့ ကျနော်လည်း ထီးတို့၊ ဖိနပ်တို့ ချုပ်တဲ့ အလုပ်ကို အစ်ကိုနဲ့ လုပ်နေတယ်။ အဆင်ပြေလားဆိုတော့ မပြေပါဘူး။ စားဖို့ပဲ ရှာတာပါ။ အခု အဆင့်အတန်းတွေ မြင့်ကုန်ပြီ။ ကျနော့်ကို Lucky Palace ထုတ်လုပ်ရေးက ဦးတင်အောင်ရဲ့ သမီးက တိုက်ခန်းကို တနှစ်စာ စာချုပ် ချုပ်ပေးတယ်။ တလ ၁ သိန်းခွဲနဲ့ တနှစ်စာ လာငှားပေးထားတယ်”

“ကျနော် ဆင်းရဲမှန်း သိတယ်။ ကျနော့် မိဘကို လုပ်ကျွေးနေမှန်းသိလို့ စာနာစိတ်နဲ့ လာငှားပေးတာဝမ်းသာတယ်။ အခု တိုက်နဲ့ နေရတာ အမေကြီးကလည်း စိတ်တွေ ချမ်းသာနေတယ်။ အမေက အသက် ၈၈ နှစ်ရှိပြီ။ သူစိတ်ချမ်းသာအောင်ပဲ လုပ်ပေးနေတယ်”လို့ ပါကျဲက ပြောပါတယ်။

အခုလို COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ခက်ခဲတဲ့ ဇာတ်ပို့၊ ဇာတ်ရံများကို ရုပ်ရှင်အစည်းအရုံးနဲ့ တတ်နိုင်သူများက လှူပေးနေတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးက အခုလို ဆန်တွေ၊ ဆီတွေ လှူတော့ တော်တော် အဆင်ပြေတာပါ။ ကျနော်တို့ ဘဝတွေကို လှပအောင် ကူညီပေးကြတဲ့ အလှူရှင်တွေ ကျန်းမာ ချမ်းသာကြပါစေ။ လာမယ့် ဘေးတွေလည်း ဝေးပါစေ။ ၁၁ မီးတွေလည်း ငြိမ်းပါစေ။ ငွေရေးကြေးရေးတွေလည်း အဆင်ပြေကြပါစေ”

“ဦးကျော်သူတို့၊ ထွန်းကိုကိုတို့ လာလှူကြသလို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကျနော်တို့ကို ၂ သောင်း ထောက်ပံ့တယ်။ နောက် CB ဘဏ်တို့ လှူပေးကြတယ်။ ကျနော်တို့ ဘဝကို လှပအောင် ဆင်ပေးလိုက်တဲ့ အဖွဲ့တွေကို ကျေးဇူးတင်ပါတယ်”လို့ ပါကျဲက ပြောပါတယ်။

ဆက်လက်ပြီး “ပရိသတ်တွေကလည်း ကျနော်တို့ ကျေးဇူးရှင်ပါ။ နောက် Channel လိုင်းတွေက လာရိုက်လို့ ကျနော်တို့ ဖြတ်သန်းနေရတာတွေ သိကုန်တာ။ အဲ့အတွက် ကျနော်က မရှက်ပါဘူး။ လှူဒါန်းပေးကြတဲ့သူ အကုန်လုံး ကျေးဇူးတင်ပါတယ်”လို့ ပါကျဲက ဆိုပါတယ်။

လှူဒါန်းသူများ ပေးတဲ့ ဆန်၊ ဆီတွေကိုလည်း အဆင်မပြေတဲ့သူများအား ပါကျဲရဲ့ မိခင်က ပြန်လှူဒါန်းပေးတယ်လို့လည်း သိရပါတယ်။

“အခု ရတဲ့ ဆန်၊ ဆီတွေလည်း အိမ်ရောက်ပြီဆိုတာနဲ့ အမေက အဆင်မပြေတဲ့သူတွေကို ပြန်ပေးကမ်းတယ်။ အမေပေးချင်တဲ့ စိတ်ရှိရင် ပေးလှူလိုက်တယ်။ ရှိရင် ပြန်ဝယ်လို့ ရတယ်။ လှူခိုင်းတယ်။ ကျနော်တို့ကို လှူတဲ့သူတွေလည်း ၂ ခါ ကုသိုလ်ရတယ်။ အမေက ပြန်လှူပေးတော့ သူတို့ ၂ ခါ ကုသိုလ်ရတာပေါ့”လို့ ဆိုပါတယ်။

မိဘကို ရှာကျွေးနေတဲ့ ပါကျဲကတော့ မိဘကို ဘယ်တော့မှ မစော်ကားမိအောင် နေကြဖို့လည်း အခုလို ပြောပါတယ်။

“မိဘကို ရှာကျွေးတဲ့သူက ဘယ်တော့မှ မဆင်းရဲဘူး။ ကိုဗစ်နဲ့လည်း မတွေ့ဘူး။ ဘာအန္တရာယ်မှ မတွေ့စေရဘူး။ မကျွေးရင်နေ၊ မပေးရင်နေ၊ မိဘကို မစော်ကားပါနဲ့။ မိဘကို ဂါရဝ ထားပါ။ အိပ်ရင် ဦး ၃ ကြိမ်တော့ ချပါ။ လိုအင်ဆန္ဒတွေ ပြည့်ပါလိမ့်မယ်။ မိဘကိုချစ်တဲ့ သားသမီးတယောက်က ဒုက္ခ မတွေ့ဘူး။ လူ့ဘဝက ဘာမှ မမြဲဘူး။ ကျနော့်ကို လှူတာ ယူတယ်”

“ကျနော့် မိဘကို ကျွေးတယ်။ တဖက်ကနေလည်း ပြန်လှူပေးတယ်။ ကျနော့်ထက် ငယ်တဲ့သူတွေကို ပြောချင်တာ မိဘဆိုတာ ကျနော်တို့ရဲ့ ပဲ့ကိုင်ရှင်ပါ။ ဘယ်တော့မှ မစော်ကားပါနဲ့။ မိဘဟာ လက်ရှိဘုရားပါ။ မိဘနှစ်ပါးကို စော်ကားရင် ဘုရားကို စော်ကားတာနဲ့ အတူတူပဲ။ ကံငါးပါး ထိုက်မယ်”

“အမေသည် ဘာကြီးပဲ ဖြစ်နေပါစေ အမေက အမေပါပဲ။ အဖေက ဘာကြီးပဲ ဖြစ်နေပါစေ။ အဖေက အဖေပါပဲ။ မိဘ တယောက်ကို သားသမီး ၅ ယောက်က မကျွေးနိုင်ကြတော့ဘူး။ အဲ့တာ ဘာသာရေးကိုင်းရှိုင်းတာနဲ့ စာမဖတ်ကြတာလည်း ပါတယ်။ စာဖတ်ကြပါ။ ကိုယ်ချင်းစာပါ”လို့ ပါကျဲက ပြောပါတယ်။

သရုပ်ဆောင် ပါကျဲကတော့ တချိန်က ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ဟာသ သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ ထီး၊ ဖိနပ်ချုပ်တဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။

You may also like these stories:

တက္ကစီမောင်းတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

“ရိုက်ကူးရေးတွေ ပြန်စမယ် ကြားတာ ထီပေါက်သလိုပါပဲ”လို့ သူဇာပွင့် ပြော

လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ

The post ထီး၊ ဖိနပ်ချုပ်ပြီး မိဘကို ရှာကျွေးနေတဲ့ ဟာသသရုပ်ဆောင် ပါကျဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...