Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နာမည်တူ ရှိနေတဲ့အပေါ် ခံစားချက် ပြောပြတဲ့ ဘိုမ

$
0
0

သရုပ်ဆောင် ဘိုမကတော့ သူနဲ့ နာမည်တူ နောက်တယောက် ရှိနေတဲ့အပေါ် အနုပညာလောကမှာ ကိုယ့်နာမည်နဲ့ကိုယ် လုပ်စားတာကောင်းတာပေါ့လို့ ဧရာဝတီကို ပြောပါတယ်။

“ဘိုမဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေက ကျမကို သိခဲ့ကြတယ်။ ကျမရဲ့ အသံစာစာနဲ့ စကားပြောသွက်တာကို သဘောကျကြတာ များတယ်။ ကိုယ်ငြိမ်လိုက်ရင် ကိုယ့်အိုက်တင် ပျောက်သွားလို့ မဖြစ်ဘူး။ ကိုယ်က စကား မြန်မြန်ပြောတယ်။ ဘိုမ စကားကို နားလည်ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်က အားပေးတာ ကျေးဇူးတင်ပါတယ်။ ကျမနဲ့ နာမည်တူနေတဲ့ ညီမလေး တယောက် အင်တာဗျူးလေး တွေ့တယ်”

“ကျမတို့ထက်တော့ သူက နောက်ကျတာပေါ့။ သူက အရင်က နာမည်တခု၊ သူက ဘိုမဆိုပြီး ထွက်လာတာ။ ကျမက သူ့ကို ပြောဖူးတယ်။ ကိုယ့်နာမည်နဲ့ ကိုယ်လုပ်စားတာ ကောင်းတာပေါ့လို့ ပြောဖူးတယ်။ “ဟုတ်ကဲ့ ညီမနာမည်နဲ့ပဲ လုပ်မယ်” သူပြောတယ်။ ကိုယ့်ရှေ့လည်း သူက သူ့နာမည်ပဲ။ သူ့အိမ်နာမည်က ဘိုမပါလို့တော့ ပြောတယ်။ ခင်ဖို့တော့ ကောင်းပါတယ်”

“အနုပညာသမားချင်းဆိုတော့ တွေ့ရင်လည်း နှုတ်ဆက်ပါတယ်။ ကိုယ်လည်း မရိုက်တော့ သူက ဘိုမနဲ့ ရိုက်နေတာကို မပြောတော့ပါဘူး။ ကိုယ်လည်း အစွဲအလန်း မကြီးပါဘူး။ ကျမ အသိတွေက လာလာ ပြောကြတယ်။ ကိုယ်လည်း မလုပ်တော့ဘူးဆိုတော့ ပြောရင် ဘာမှပြန်မပြောတော့ဘူး”လို့ ဘိုမက ပြောပါတယ်။

အနုပညာလောကနဲ့ ဆယ်စုနှစ် တစုနီးပါး အဆက်ပြတ်နေခဲ့တဲ့ ဘိုမက အနုပညာ မလုပ်ဖြစ်တော့တာဟာ အသက်အရွယ် ရလာလို့ နားချင်တဲ့အတွက်ကြောင့် မလုပ်ဖြစ်တော့တာလို့လည်း ဆိုပါတယ်။

“အနုပညာအလုပ်တွေ မလုပ်တာ ၂၀၀၈ ခုနှစ် လောက်ကတည်းက မလုပ်တော့တာ။ အနုပညာတော့ ဝါသနာ ပါတယ်။ ဒါပေမဲ့ အခုတော့ စီးပွားရေး လုပ်နေတယ်။ ကျန်းမာရေးအတွက် အရွယ်တင် နုပျိုစေမယ့် Prouduct တွေ ရောင်းတယ်။ အနုပညာက အသက်အရွယ် ရလာလို့ နားချင်တာလည်း ပါတယ်။ ရှုတင်ကျတော့ နေပူမိုးရွာ မရှောင် ရိုက်ရတာ ဆိုတော့ ကိုယ့်ကျန်းမာရေးနဲ့က အဆင်မပြေဘူး”

“ဇာတ်ကားတွေ မရိုက်တော့ဘဲ နားမိသွားတဲ့အချိန်မှာ တော်တော်လေး အဆက်ပြတ်သွားတာပေါ့။ အဲဒါကြောင့် မရိုက်ဖြစ်တော့တာပါ။ အနုပညာပိုးကတော့ ဘယ်တော့မှ သေသွားမှာ မဟုတ်ပါဘူး။ ကိုယ်တွေက ဒီအနုပညာအလုပ်ကို စီးပွားရေး တခုအတွက် အရင်းခံပြီး စလုပ်ခဲ့တာ မဟုတ်ဘူးလေ”

“တကယ် ဝါသနာပါပြီးတော့မှ ရိုက်ခဲ့တဲ့သူဆိုတော့ အနုပညာအပေါ် ချစ်တဲ့ စိတ်ကတော့ ရင်ထဲမှာ အပြည့် ရှိပါတယ်။ ကိုယ်ကလည်း နားလိုက်တာ ကြာသွားတဲ့အတွက် မရိုက်ချင်တော့တာပါ”လို့ ဘိုမက ဆိုပါတယ်။

ဘိုမဟာ တချိန်က ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တဦးဖြစ်သလို အနုပညာသက်တမ်း ၁၉ နှစ်ကျော်လောက်မှာ ကားမရိုက်ဘဲ အနားယူခဲ့သူ ဖြစ်ပါတယ်။

You may also like these stories:

အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ မြန်မာ Sexy Model များ

“အလှအပနဲ့ အဖော်အချွတ်ပြတာမျိုး ဦးစားမပေးစေချင်ဘူး”

“ဒွေး ရှိနေသေးရင် အခုလို အခြေအနေမျိုး ဖြစ်မယ် မထင်ဘူး”

The post နာမည်တူ ရှိနေတဲ့အပေါ် ခံစားချက် ပြောပြတဲ့ ဘိုမ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ