Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် အေးချမ်းမေ တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မည်

$
0
0
အဆိုတော် အေးချမ်းမေ

အဆိုတော် အေးချမ်းမေ (ဓာတ်ပုံများ – အေးချမ်းမေ facebook)

ဆယ်စုနှစ် ၂ ခု နီးပါး ဂီတအနုပညာနဲ့ ဝေးကွာပြီး ပျောက်ချက်သားကောင်းနေခဲ့တဲ့ “တစစီကျိုးပဲ့နေတယ်” တေးသီချင်းရဲ့ မူပိုင်ရှင် အဆိုတော်အေးချမ်းမေဟာ မြန်မာပြည်ကို ပြန်လာပြီး တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ် တော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အဆိုတော် အေးချမ်းမေက တကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်မယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အတည်ပြုရေးသားခဲ့ပြီး ပွဲစီစဉ်သူအနေနဲ့ မြန်မာပြည်မှ ကိုစိုးနိုင်ထွန်း (ခေါ်) ကိုအီကြာကွေး ဖြစ်ကြောင်းလည်း ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုတော် အေးချမ်းမေရဲ့ တကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သက်လို့ ကိုစိုးနိုင်ထွန်း (ခေါ်) ကိုအီကြာကွေးက “မအေးချမ်းမေက အဆို ကောင်းပြီးသားပဲလေ။ ပွဲကောင်းကောင်းတပွဲဖြစ်ဖို့အတွက် ကျနော့်အပိုင်းကလည်း အကောင်းဆုံးစီစဉ်သွားမှာပါ။ လာကြည့်တဲ့ပရိသတ်က ဒီပွဲက တကယ်ကောင်းတဲ့ပွဲတပွဲလို့ ဖြစ်အောင်ကို ကျနော်တို့ လုပ်မှာပါ။ မအေးချမ်းမေ ကလည်း ပရိသတ်နဲ့ မတွေ့ရတာကြာပြီ။ ပရိသတ်ကလည်း သူနဲ့မတွေ့ရတာကြာပြီဆိုတော့ အဲဒီဆုံစည်းမှုလေးကို လှလှပပလေးဖြစ်အောင် ကျနော်တို့က ၀ိုင်းပြီးလုပ်ပေးမှာပါ”လို့ သူက ဧရာဝတီကိုပြောပါတယ်။

အဆိုတော် အေးချမ်းမေ

အဆိုတော် အေးချမ်းမေ (ဓာတ်ပုံများ – အေးချမ်းမေ facebook)

ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ရန်ကုန်တွင် ပြုလုပ်မှာဖြစ်ပြီး နောက်ထပ် မန္တလေးမှာ ထပ်လုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုများလောက်က မိန်းကလေးရော ယောကျာ်းလေး လူငယ်ပရိသတ်တွေအကြား အလွန် ရေပန်းစားအောင်မြင်ခဲ့တဲ့ အဆိုတော် အေးချမ်းမေဟာ အဲ့ဒီလို အောင်မြင်နေဆဲကာလမှာပဲ အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီး ဂီတလောကနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့တာပါ။

ဒါ့ကြောင့် အဆိုတော်အေးချမ်းမေတယောက် နိုင်ငံရပ်ခြားမှာ ကွယ်လွန်သွားပြီဆိုတဲ့ ကောလဟလ သတင်းတွေတောင် ထွက်ပေါ်လာခဲ့ဖူးပါသေးတယ်။

အဆိုတော် အေးချမ်းမေ

အဆိုတော် အေးချမ်းမေ (ဓာတ်ပုံများ – အေးချမ်းမေ facebook)

အဲ့ဒီလို လုံးဝပျောက်ဆုံးနေရာကနေ အခုလို တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်လာတော့မယ်ဆိုတော့ ပြည်ပရောက်ရှိနေတဲ့ မြန်မာပရိသတ်တွေကပါ အဲ့ဒီပွဲကို လာရောက်အားပေးကြဖို့ ရှိနေကြပြီး ပွဲလက်မှတ် အော်ဒါများ မှာယူထားကြတာတွေတောင် ရှိတယ်လို့ ကိုစိုးနိုင်ထွန်းက ဆိုပါတယ်။

အဆိုတော် အေးချမ်းမေရဲ့ တကိုယ်တော်ဖျော်ဖြေပွဲမှာ အခြား အနုပညာရှင်တွေလည်း တွဲဖက်ပါဝင်သီဆိုကြမှာ ဖြစ်ပြီး ဘယ်သူတွေလဲဆိုတာကိုတော့ တိုင်ပင်နေတုန်းပဲလို့ သိရပါတယ်။

The post အဆိုတော် အေးချမ်းမေ တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...