Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စင်ပေါ်တွင် ကပြဖျော်ဖြေနေစဉ် မတော်တဆကြောင့် ဘီယွန်ဆေး နားကွင်းတဖက်ပြတ်ထွက်

$
0
0

ကမ္ဘာကျော် R&B အဆိုတော်တဦးဖြစ်တဲ့ ဘီယွန်ဆေးဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရွတ်ကလင်း ဖျော်ဖြေပွဲတခုမှာ သီဆိုဖျော်ဖြေနေစဉ် မတော်တဆ ထိခိုက်မှုတခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲ့ဒါကတော့ သူ့ရဲ့ နားမှာ ဝတ်ဆင်ထားတဲ့ ၆ လက်မနီးပါးရှိသော နားကွင်းနဲ့ ခေါင်းက ကျစ်ဆံမြီးဆံပင်တို့ ငြိမိပြီး သူ့ရဲ့နားကို ဆောင့်ဆွဲလိုက်သလိုဖြစ်တာကြောင့် နားကနေ နားကွင်း ပြတ်ထွက်ခဲ့ရတယ်လို့ သိရပါတယ်။
အဆိုတော် ဘီယွန်ဆေးဟာ ပထမသီချင်းတပုဒ် သီဆိုပြီးခါနီးမှာတင် အခုလို မတော်တဆ ဖြစ်ပွားခဲ့ရတာလည်း ဖြစ်ပါတယ်။ သူဟာ ထွက်လာတဲ့ သွေးတွေကို သုတ်ပစ်ပြီး သူဖျော်ဖြေစရာရှိတာကို ပြီးအောင် ဆက်ဖျော်ဖြေသွားပါတယ်။

ဒါ့အပြင် ဘီယွန်ဆေးဟာ အမေရိကန် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အားမာန်အပြည့်နဲ့ ပြောဆိုခဲ့ပါသေးတယ်။ သူ့ရဲ့ ပရိတ်သတ်တွေအနေနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မဲထည့်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“ကမ္ဘာကြီးကိုအဆက်အသွယ်ဖြတ်ပြီး အကူအညီမဲဲ့နေသလို ခံစားဖို့ကလွယ်ကူပါတယ်။ အခုအခါမှာ ဘာမှမလုပ်ဘဲ ထိုင်နေခြင်းဟာ ကောင်းတဲ့ရွေးချယ်ခြင်း မဟုတ်ပါဘူး။ တကယ်လို့ သင်က သူတို့ကို ပိုမိုမဆိုးရွားစေနိုင်ဘူးလို့ ထင်ပါက သင်တို့ အဖိုး၊ အဖွားတွေကို မေးကြည့်ကြပါ။ ဒီအရာဟာ မကောင်းဘူးဆိုတာ ကျွမတို့ သိကြပါတယ်။” လို့ ဘီယွန်ဆေး ကပြောပါတယ်။

ဆက်လက်ပြီး ဘီယွန်းဆေးက “ကျွန်မတို့ရဲ့သမ္မတကြီး ဘားရက်အိုဘားမားကို သတိရစေလိုပါတယ်။ သင်ဟာ ဒီအရာကိုပြုလုပ်ခဲ့မယ်ဆိုရင် လူငယ်တွေကလည်း ဒီအရာကို ပြုလုပ်မှာပါ။ ကျမတို့ဟာ အကူအညီမဲ့တွေ မဟုတ်ပါဘူး။ မီးဟာလောင်နေတုန်းပါ။ ဒါကြောင့် ဒီ နိုဝင်ဘာမှာ မြန်မြန်မဲပေးကြပါ။”လို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဒီ ပညာရေး ရန်ပုံငွေဖျော်ဖြေပွဲမှာ ဘီယွန်ဆေးအပါအဝင် အလစ်ဆီယာကိုင်းစ်၊ နစ်ကီမင်းနစ်ဂျ်၊ အမ်မလီဆန်ဒီနဲ့ လော်ရင် ဟေးလ် တို့လည်း ဖျော်ဖြေခဲ့ကြပါတယ်။ ပညာရေးရန်ပုံငွေပွဲများကို နယူးယောက်တလွှားမှာ ကျင်းပနေကြတာပါ။

Ref: BBC, The Mirror

The post စင်ပေါ်တွင် ကပြဖျော်ဖြေနေစဉ် မတော်တဆကြောင့် ဘီယွန်ဆေး နားကွင်းတဖက်ပြတ်ထွက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး