Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဖြူရောင်ယဉ်ကျေးမှုကို နိုင်ငံတကာ DJ များနဲ့ ဖော်ဆောင်မယ့် White Culture Music Festival

$
0
0
အဖြူရောင်ယဉ်ကျေးမှုပွဲ ပိုစတာ

မြန်မာနိုင်ငံမှာ လူငယ်ပရိသတ်များ အကြိုက် EDM (Electric Dance Music) ပွဲတွေခေတ်စားလာတဲ့ အချိန်မှာ လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့ ညမှာလည်း ထူးထူးခြားခြား White Culture Music Festival ကို ရန်ကုန်မြို့ရှိ The One Entertainment Park မှာ ကျင်းပသွားမယ် လို့ သိရပါတယ်။

နိုင်ငံတကာက ကမ္ဘာ့အဆင့် ၅၀ အတွင်းရှိတဲ့ DJ Artist များက ဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ထူးခြားချက် ကတော့ White Culture (အဖြူရောင် ယဉ်ကျေးမှု) လို့ဆိုတဲ့ အတိုင်း ဖျော်ဖြေပွဲ တခုလုံးကို အဖြူရောင်တွေ လွှမ်းခြုံ အလှဆင်ထားမှာ ဖြစ်သလို လာရောက်ကြည့်ရှုကြမယ့် ပရိသတ်များအနေနဲ့လည်း အဖြူရောင်များကိုသာ ဝတ်ဆင် လာဖို့ တိုက်တွန်းထားပါတယ် လို့ ပွဲစီစဉ်သူ မနွေးနွေးဝတ်ရည်က ဧရာဝတီကို ပြောပါတယ်။

“ဒီပွဲကို White Culture လို့ ပေးဖြစ်တာက Chirstmas Eve မှာ လုပ်တဲ့ အတွက် Chirstmas အငွေ့အသက်လေးတွေ ပါအောင် အဖြူရောင်တွေနဲ့ချည်းပဲ လုပ်ဖို့ စီစဉ်ဖြစ်တယ်။ စတိတ်နဲ့ အပြင်အဆင် အကုန်လုံးကလည်း အဖြူရောင်တွေ ချည်းပဲ လုပ်မှာ၊ လာတဲ့ သူတွေကလည်း အဖြူရောင် ဝတ်ကြတဲ့ အခါ ပွဲကို ပိုပြီးတော့ မြူးကြွစေမှာ ပါ။ EDM ပွဲတွေက နိုင်ငံတကာမှာ ခေတ်စားနေပေမယ့် မြန်မာနိုင်ငံမှာ လုပ်ကြတာက အရမ်းရှားတယ် လေ။ ဒီက ပရိသတ်လည်း ဒီပွဲကို ကြည့်ရတာ တခြား EDM ပွဲတွေ ကြည့်ရတာနဲ့ မတူအောင်တော့ အကုန်လုံး ကျမတို့ စီစဉ်ထားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

အဖြူရောင်ယဉ်ကျေးမှုပွဲ စီစဉ်သူများ
အဖြူရောင်ယဉ်ကျေးမှုပွဲ စီစဉ်သူများ

“နယ်သာလန်၊ ထိုင်းနဲ့ USA နိုင်ငံက DJ Artist တွေ ပါဝင်ပါတယ်။ သူတို့ရဲ့ အဆင့်ကလည်း Top 50 ထိ ရှိကြ ပါတယ်။ နောက်ပြီး ပြည်တွင်းက နာမည်ကြီး DJ Artist တွေလည်း ပါပါတယ်။ အဓိက တပွဲထဲမှာ DJ တွေ အစုံ ပါသွားအောင် ထည့်သွင်းထားပါတယ်။ DJ Artist တွေကလည်း တနိုင်ငံနဲ့ တနိုင်ငံ တီးပုံတီးနည်း ဖျော်ဖြေပုံ ဖျော်ဖြေနည်းက မတူတော့ ခံစားမှု ပေါင်းစုံကို ခံစားရမယ့် ပွဲတပွဲပါ” လို့ သူမက ဆက်ပြောပါတယ်။

အဖြူရောင် ယဉ်ကျေးမှု ဂီတပွဲတော်မှာ နိုင်ငံတကာနဲ့ ပြည်တွင်းက DJ Artist ၉ ဦးတို့က ဖျော်ဖြေပေးမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ဂီတကို ချစ်သူများ၊ ကခုန်ရတာ နှစ်သက်တဲ့ ပရိသတ်များ၊ စိတ်ဖိစီးမှု ဖြေဖျောက်နိုင်ဖို့ အဓိက ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ကြောင်း၊ White Culture Music Festival ရဲ့ လက်မှတ်ခ နှုန်းထားတွေက VIP လက်မှတ် ကျပ် ၇ သောင်းနဲ့ ရိုးရိုး လက်မှတ် ကျပ် ၂ သောင်း သတ်မှတ်ထားကြောင်း သိရပါတယ်။ ။

The post အဖြူရောင်ယဉ်ကျေးမှုကို နိုင်ငံတကာ DJ များနဲ့ ဖော်ဆောင်မယ့် White Culture Music Festival appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...