Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၆ ခုနှစ်ရဲ့ အတောက်ပဆုံး ကိုရီးယား အမျိုးသမီးသရုပ်ဆောင်များ (၂)

$
0
0

၂၀၁၆ ခုနှစ် ကုန်ဆုံးလို့ ၂၀၁၇ ခုနှစ်ကို ကူးပြောင်းလာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ် တောင်ကိုရီးယားရုပ်သံများစွာကို ရုပ်သံဌာန များစွာက ရိုက်ကူးထုတ်လွှင့်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံတွင်းက ပရိသတ်များသာမက ကမ္ဘာအန့ှံက ပရိသတ်များကြားမှာ အထူးရေပန်းအစားဆုံး အမျိုးသမီး သရုပ်ဆောင် ၁၅ ဦးကို Soompi အနုပညာ ဝက်ဘ်ဆိုက်မှ ရွေးထုတ်တင်ပြခဲ့ပါတယ်။ အဆိုပါ တောင်ကိုရီးယားအမျိုးသမီး သရုပ်ဆောင် ၁၅ ဦးထဲကမှ ၇ ဦးကို ဖော်ပြပေးခဲ့ပြီးပါပြီ။ ကျန်ရှိနေသေးတဲ့ ၈ ဦးကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

၈။ ဘေ ဆူဇီ (Suzy)

Miss A အဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဆူဇီဟာ ၂၀၁၆ ခုနှစ်မှာ Uncontrollably Fond ဆိုတဲ့ ရုပ်သံဇာတ်လမ်းနဲ့ တောင်ကိုရီးယားထိပ်တန်း သရုပ်ဆောင်စာရင်းကို နေရာယူနိုင်ဆဲဖြစ်ပါတယ်။ ဒီ ရုပ်သံကို တရုတ်နိုင်ငံမှာ ကြည့်ရှုသူ ၄ သန်းအထိရှိခဲ့တယ်လို့ သိရပြီး ဒီ ရုပ်သံဇတ်လမ်းနဲ့ Asia Artist Best Star Award ဆုကို ရရှိခဲ့ပါတယ်။

၉။ ယွန်းအေ (YoonA)

Girl’s Generation အဖွဲ့ဝင်တဦးဖြစ်တဲ့ ယွန်းအေဟာ တရုတ်ရုပ်သံဇာတ်လမ်းဖြစ်တဲ့ God of War, Zhao Yun ရုပ်သံတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံမှ ပရိသတ်များသာမက တောင်ကိုရီးယားနှင့် အာရှဒေသတွင်း နိုင်ငံများမှ ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီ ရုပ်သံကို နိုင်ငံတကာက အွန်လိုင်းမှနေပြီး ကြည့်ရှုသူ ၁၀ သန်းအထိရှိခဲ့တယ်လို့ သိရပါတယ်။ ကြည့်ရှုသူများကတော့ ယွန်းအေရဲ့ ချစ်စဖွယ် သရုပ်ဆောင်ဟန်များကို စွဲလမ်းတာကြောင့် ကြည့်ကြတာဖြစ်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

၁၀။ ဟွမ်ဂျန်းအွမ် (Hwang Jung Eum)

ဟွမ်ဂျန်းအွမ်ကတော့ ၂၀၁၆ ခုနှစ်မှာ ပရိသတ်များရဲ့ တခဲနက်အားပေးမှုကို Lucky Romance ရုပ်သံဇာတ်လမ်းနဲ့ ရရှိခဲ့ခြင်းပါ။ ဒီ ရုပ်သံမှာ သူမဟာ အသက်၂၆ နှစ်ရှိပြီဖြစ်ကာ နာမကျန်းဖြစ်နေတဲ့ ညီမလေးကို ပြုစုစောင့်ရှောက်ရတဲ့ ဆင်းရဲချို့တဲ့ တဲ့ မိန်းကလေးတဦးအဖြစ်သရုပ်ဆောင်ခဲ့ကာ ဗေဒင်ဆရာက သူမရဲ့ညီမလေးပြန်လည်ကျန်းမာဖို့အတွက် ယတြာချေဖို့ကြိုးစားရင်း ဂျီဆိုးဟို ဆိုသူနဲ့ တွေ့ဆုံပြီး ကံကောင်းမှုတွေဖြစ်လာစေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဟွမ်ဂျန်းအွမ်ဟာ Lucky Romance ရုပ်သံဇာတ်လမ်းနဲ့ သူမရရှိထားတဲ့ အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်သူလည်း ဖြစ်ပါတယ်။

၁၁။ ကင်ဟေးဆိုး (Kim Hye Soo)

ထိပ်တန်းသရုပ်ဆောင်တဦးဖြစ်တဲ့ ကင်ဟေးဆိုးကတော့ ၁၉၈၆ ခုနှစ် ၁၉၉၁ ခုနှစ် ဝန်းကျင်ကို အခြေပြုပုံဖော်ထားတဲ့ Signal ဆိုတဲ့ ရုပ်သံဇာတ်လမ်းနဲ့ ဆယ်ကျော်သက် သရုပ်ဆောင်တွေကြားမှာ ထိပ်တန်းနေရာကို ပိုင်ဆိုင်ထားတဲ့ လေးဆယ်အရွယ် သရုပ်ဆောင်တစ်ဦးလို့ ဆိုနိုင်ပါတယ်။ ရဲစုံစမ်းရေးမှူးတဦးအဖြစ် သရုပ်ဆောင်ထားတဲ့ ကင်ဟေးဆိုးဟာ ဒီ ရုပ်သံမှာ ၁၉၉၀ ခုနှစ်ဝန်းကျင်က စတိုင်လ်ကို အပီအပြင် ပုံဖော်ထားသလို သွက်လက်ထက်မြတ်တဲ့ အမျိုးသမီးရဲစုံစမ်းရေးမှူးအဖြစ် သရုပ်ဆောင်မှုတွေဟာ ပီပြင်လွန်းတာကြောင့် ၅၂ ကြိမ်မြောက် ကျင်းပတဲ့ Baeksang Arts Awards မှာ Best Actress Award ကို ရရှိခဲ့ပါတယ်။

၁၂။ ကင်ဆိုဟွန်း (Kim So Hyun)

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ကင်ဆိုဟွန်းအတွက် ၂၀၁၆ ခုနှစ်ဟာ ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့နှစ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၆ ခုနှစ်မှာပဲ သူမဟာ Goblin (tvN)၊ Let’s Fight Ghost (tvN)၊ Nightmare Teacher (Naver TV)၊ Page Turner (KBS2) တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ Goblin ရုပ်သံဟာ လတ်တလောအထူးရေပန်းစားနေတဲ့ ရုပ်သံဇာတ်လမ်းလည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် သူမကို ပရိသတ်များအထူးသတိထားမိစေခဲ့တဲ့ ရုပ်သံဇာတ်လမ်းကတော့ Let’s Fight Ghost ရုပ်သံဇာတ်လမ်းဖြစ်ပြီး အထက်တန်းကျောင်းသူလေးတဦး ကားမတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ကာ သူမဟာ ဝိညာဉ်ဘဝမှာရှိနေစဉ်မှာ ဝိညာဉ်တွေကို မြင်တွေ့နိုင်တဲ့ ကောင်လေးတဦးနဲ့ တွေ့ဆုံခဲ့ကာ တဖက်သတ် ချစ်ကြိုက်ခဲ့ပြီးနောက် ဝိညာဉ်လောကမှာ အနိုင်ကျင့်မှုများကို သူမချစ်သူနဲ့အတူ နှိမ်နင်းခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းနဲ့ သူမကို ပရိသတ်များက အသိအမှတ်ပြုခဲ့ကြတယ်ဆိုရင် မှန်ပါလိမ့်မယ်။

၁၃။ လီဆောင်ဂျူ (Lee Sung Kyung)

လီဆောင်ဂျူကတော့ ၂၀၁၆ ခုနှစ်မှာ ပရိသတ်များရဲ့ အထူးအားပေးမှုကို ခံခဲ့ရတာကတော့ Weightlifting Fairy Kim Bok Joo ဆိုတဲ့ ရုပ်သံဇာတ်လမ်းကြောင့်ပါ။ ဒီ ရုပ်သံမှာ သူမဟာ ရေကူးချန်ပီယံ အားကစားသမားတဦးအဖြစ် သရုပ်ဆောင်ခဲ့ကာ ဒီ ရုပ်သံဇာတ်လမ်းနဲ့ပဲ MBC ရုပ်သံမှ ချီးမြင့်တဲ့ Excellent Actress (mini series) Award ကို ရရှိခဲ့ပါတယ်။

၁၄။ ကင်ယွန်းဂျန်း (Kim Yoo Jung)

ကလေးသရုပ်ဆောင်ဘဝကနေ လူငယ်သရုပ်ဆောင်တယောက်အဖြစ် တက်လှမ်းနိုင်ဖို့ကြိုးစားနေတဲ့ ကင်ယွန်းဂျန်းအတွက် ၂၀၁၆ ခုနှစ်မှာ KBS ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့တဲ့ Moonlight Drawn by Clouds ရုပ်သံကြောင့်ပဲ အရွယ်ရောက်သူအဖြစ် ပရိသတ်များက လက်ခံခဲ့ကြပါတယ်။ ဒီ ရုပ်သံဟာ ဂျိုဆောင်ခေတ်ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်သံဖြစ်ပြီး ဒီရုပ်သံနဲ့ ကင်ယွန်းဂျန်းဟာ KBS ရုပ်သံမှ ချီးမြင့်တဲ့ Best Couple ဆု Best Kiss ဆုနှင့် Excellence Award for Actress ဆုများကိုရရှိခဲ့တဲ့အပြင် ၅ ကြိမ်မြောက်ကျင်းပတဲ့ APAN Star Awards ဆုပေးပွဲမှ ချီးမြင့်တဲ့ Best New Actress ဆုကိုလည်း ရရှိခဲ့ပါတယ်။

၁၅။ ဆိုဟွန်ဂျင်း (Seo Hyun Jin)

၂၀၁၆ ခုနှစ်အတွင်းမှာ ဆေးပညာလောကကို အခြေခံရိုက်ကူးထားတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းများစွာ ရိုက်ကူးခဲ့တဲ့အထဲမှာ ဆိုဟွန်ဂျင်း ပါဝင်သရုပ်ဆောင်ထားတဲ့ Romantic Doctor Kim ရုပ်သံဇာတ်လမ်းလည်း ပါဝင်ပါတယ်။ ဆေးပညာလောကို ထဲထဲဝင်ဝင်ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းဖြစ်တာကြောင့် ရုပ်သံဇာတ်လမ်းကြည့် ပရိသတ်များ အတော်လေး နှစ်ခြိုက်ခဲ့ကြတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြခဲ့ပါတယ်။

ဒီရုပ်သံဇာတ်လမ်းနဲ့ ဆိုဟွန်ဂျင်းဟာ SBS ရုပ်သံမှ ချီးမြင့်တဲ့ Excellence Award ဆု၊ Best Couple ဆု၊ Top 10 Stars ဆုအပြင် Idol Academy Award for Best Kiss ဆုများကို ရရှိခဲ့ပါတယ်။

အပိုင်း (၁) ဖတ်ရှုရန် –  ၂၀၁၆ ခုနှစ်ရဲ့ အတောက်ပဆုံး ကိုရီးယား အမျိုးသမီးသရုပ်ဆောင်များ (၁)

Ref: https://www.soompi.com

The post ၂၀၁၆ ခုနှစ်ရဲ့ အတောက်ပဆုံး ကိုရီးယား အမျိုးသမီးသရုပ်ဆောင်များ (၂) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...