Myanmar Idol Season-1 ပြိုင်ပွဲမှတဆင့် ပရိသတ်အားပေးမှု ရရှိလာခဲ့တဲ့ တေးသံရှင် ဆိုဖီယာရဲ့ NVM (Never Mind) လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် တေးစီးရီး ကို Bo Bo Entertainment မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံးကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

ဒီ တေးစီးရီးနဲ့ ပတ်သက်လို့ တေးသံရှင် ဆိုဖီယာက “ ကျမဘဝကို ဒီနေရာရောက်ဖို့ အရမ်းကြိုးစားခဲ့ရတယ်။ ခွေတခွေ ထွက်ဖို့ကိုပေါ့။ ဒီအခွေက မိဘတွေထုတ်ပေးတာဖြစ်တဲ့အတွက် လိမ်လိမ်မာမာနေရတယ်ပေါ့။ နည်းနည်းလေး မှားသွားတာနဲ့ မထုတ်ပေးတော့ဘူးဆိုတာတွေ ရှိတော့ပေါ့” လို့ ဆိုဖီယာက ဧရာဝတီကို ပြောပါတယ်။
အဆိုပါ NVM (Never Mind) တေးစီးရီးရဲ့ တေးရေးဆရာများကတော့ ဆောင်းဦးလှိုင်၊ မိုးထက်၊ ညီမင်းခိုင်၊ NHL တို့ဖြစ်ကြပါတယ်။

“ကျမဘဝရဲ့ပထမဆုံးအခွေလေးဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားထားပါတယ်။ ပရိသတ်တွေလည်း အားပေးကြပါ” လို့ ဆိုဖီယာက ပြောပါတယ်။
တေးစီးရီးထွက်ရှိတဲ့နေ့တွင် ဆိုဖီယာက သူ့ရဲ့ ပရိသတ်တွေအတွက် ဦးထုတ်နဲ့ အကျီများကို လက်ဆောင်အဖြစ် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
The post ဆိုဖီယာ ရဲ့ Never Mind တေးစီးရီး ထွက်မည် appeared first on ဧရာဝတီ.