Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မန္တလေး Back To Millennium ပွဲအတွက် သီချင်းအသစ်လုပ်နေတဲ့ အက်ဆစ်အဖွဲ့

$
0
0

မန္တလေးမြို့တွင် ကျင်းပပြုလုပ်မယ့် Back To Millennium ဖျော်ဖြေပွဲတွင် သီဆိုဖျော်ဖြေရန်အတွက် အက်ဆစ်အဖွဲ့မှ သီချင်းအသစ်တပုဒ်ဖန်တီးနေတယ်လို့ အဖွဲ့ဝင်တဦးဖြစ်သူ အနဂ္ဂက ဧရာဝတီကို ပြောပါတယ်။

ဒီဖျော်ဖြေပွဲကို ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။

“ကျနော်ရယ်၊ ရန်ရန်ချန်းရယ်က ရေးပြီးသွားပြီ။ ဇေယျာသော်အချိန်ရရင် ရေးမယ်ပေါ့။ မရရင်တော့ ကျနော်တို့ ၂ ယောက် ရေးပေးပါမယ်။ သီချင်းတီးတာကတော့ မန္တလေးက ဒေါက်တာ သာတင်းက တီးပါတယ်။ လူငယ်ပါပဲ” လို့ အနဂ္ဂက ပြောပါတယ်။

အရင်က ဖန်တီးခဲ့တဲ့ သီချင်းတွေနဲ့ ကွာခြားမှာဖြစ်ပြီး ခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်မယ့် ပုံစံမျိုး ဖန်တီးထားတယ်လို့ သိရပါတယ်။

၂၀၀၀ ခုနှစ်ပိုင်းလောက်က အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်အဖွဲ့တွေရဲ့ Back To Millennium ဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ဖျော်ဖြခဲ့တာဖြစ်ပြီး ယခု မန္တလေးမှာ ဒုတိယအကြိမ်မြောက် ဖျော်ဖြေမှာ ဖြစ်ပါတယ်။

အက်ဆစ်အဖွဲ့အနေနဲ့ မန္တလေးမြို့သို့ သွားရောက်ဖျော်ဖြေရခြင်းက ဒါ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ရင်ခုန်နေကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အဖွဲ့ဝင်တွေ အကုန်လုံးက မန္တလေးဆို အရမ်းသဘောကျကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရောက်တဲ့အချိန်က စတိတ်ရှိုးဆိုတာနဲ့ တခါမှမကြုံဖူးဘူး။ မန္တလေးက သူငယ်ချင်းတွေကလည်း ကူညီဖို့ မြန်မြန်လာလုပ်ဖို့ ပြောနေကြတယ်။ အရမ်းကို ဝမ်းသာပီတိဖြစ်မိတယ်။ မန္တလေးပရိသတ်တွေကိုလည်း အခုမှ ဖျော်ဖြေခွင့်ရမယ်ဆိုတော့ အရမ်းကိုရင်ခုန်နေပါတယ်” လို့ အနဂ္ဂက ဆိုပါတယ်။

မန္တလေးမြို့မှာ ပြုလုပ်မယ့် Back To Millennium ကိုလာမယ့် ဧပြီလ ၁ ရက်နေ့တွင် ၇၈ လမ်း၊ ခင်စောမူကွေ့၊ Golden City Event Park မှာ ညနေ ၆ နာရီအချိန်တွင် ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

The post မန္တလေး Back To Millennium ပွဲအတွက် သီချင်းအသစ်လုပ်နေတဲ့ အက်ဆစ်အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...