Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒီနှစ် အကယ်ဒမီပွဲ ဒီဇိုင်နာတွေ ဘာပြောသလဲ

$
0
0

လာမယ့် မတ်လ ၁၈ ရက်နေ့မှာ ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်တော့မှာပါ။ အဆိုပါ အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမယ့် အနုပညာရှင်တွေ ဝတ်ဆင်ကြမယ့် အဝတ်အစားဒီဇိုင်များကို ဖန်တီးချုပ်လုပ်ပေးကြမယ့် ဒီဇိုင်နာများဟာလည်း ပွဲအတွက် အရေးပါ အရာရောက်သူများလို့ ဆိုနိုင်ပါတယ်။ ဒီနှစ်မှာ ဘယ်ဒီဇိုင်နာတွေက ဘယ်အနုပညာရှင်တွေကို ဖန်တီးပေးဖြစ်မလဲ နောက်ပြီး ဘယ်လို ဒီဇိုင်း၊ အရောင်မျိုးတွေကို ဖန်တီးရွေးချယ်ထားကြသလဲ ဆိုတာတွေကို ပရိသတ်အများလည်း စိတ်ဝင်စားကြမယ် ထင်ပါတယ်။

ဒါ့ထက် ဒီနှစ် အကယ်ဒမီပေးပွဲဟာ ဘယ်တုန်းကမှ ကျင်းပပြုလုပ်ခဲ့ခြင်းမျိုးမရှိတဲ့ ပြည်သူ့ရင်ပြင်လို နေရာမျိုးမှာ ကျင်းပပြုလုပ်မှာကတကြောင်း၊ အကယ်ဒမီလျှောက်လမ်းမှာလည်း အကယ်ဒမီစာရင်းဝင်တွေကိုသာ လျှောက်ခွင့်ပေးမယ်ဆိုတာကတကြောင်း အဆိုပါ အကယ်ဒမီပေးပွဲကို အစစအရာရာ စီစဉ်လုပ်ကိုင်နေသူ ကိုဂျွန်လွင်က ပွဲတက်လာတဲ့ အနုပညာရှင်တွေအနေနဲ့ လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားမျိုးတွေ ဝတ်ဆင်လာရင် ပဝါနဲ့အုပ်မယ်ဆိုတဲ့ စကားသံတွေနဲ့ ထူးခြားလို့နေပါတယ်။ ဒါကြောင့် ဒီနှစ် အကယ်ဒမီပေးပွဲမှာ အနုပညာရှင်တွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးချုပ်လုပ်ပေးမယ့် ဒီဇိုင်နာတချို့နဲ့ ဆက်သွယ်မေးမြန်း ပြောဆိုဖြစ်ခဲ့တာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

ဒီဇိုင်နာ ပြည်စိုးအောင်

ကျနော်က ရွှေကြိုတွေအတွက်ပဲ တာဝန်ယူဖြစ်မယ်။ ရွှေကြို အားလုံးပေါင်း ၁၀ ယောက်မှာ ၅ ယောက်ကို ကျနော်တာဝန်ယူမယ်။ ကျန် ၅ ယောက်ကို ကိုမျိုးမင်းစိုး တာဝန်ယူမယ်။ ပုံစံတွေကတော့ ဟိုးအရင် နန်းတွင်းက အပျိုတော်လေးတွေလိုမျိုး နန်းဆန်ဆန်လေးတွေ ဖြစ်မယ်။ အရောင်တွေအနေနဲ့ကတော့ ၁၀ ယောက်ဆိုတော့ ၁၀ ရောင်ဖြစ်ပါမယ်။

တကယ့် ပရိသတ်စိတ်ဝင်စားတဲ့ နိုင်ငံကျော် မင်းသမီးကြီးပဲဖြစ်ပါစေ။ မင်းသမီးငယ်ပဲဖြစ်ပါစေ သူတို့တွေက တခါမှ လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားတွေ ဝတ်မလာပါဘူး။ ဗိုလ်ဆန်ဆန် မျိုးလေးတွေ ချုပ်ဝတ်လာတာတော့ရှိမယ်။ အရမ်း စက်ဆီဆန်ဆန် ရင်ဘတ်ကြီး ပေါ်နေတာမျိုးတွေ အောက်ပိုင်း အရမ်းပေါ်နေတာမျိုးတွေ အများအမြင့်မသင့်တဲ့ ပုံစံမျိုးတွေတော့ တခါမှ မဝတ်ကြပါဘူး။ တချို့ကလေးတွေသာ အကယ်ဒမီ ဖိတ်စာမရရင်တောင် သပ်သပ်ဝယ်ယူတဲ့ သူတွေ သပ်သပ် ပရိသတ် စိတ်ဝင်စားမှုယူချင်တဲ့ ကလေးတွေရှိကောင်းရှိမယ် ထင်ပါတယ်။ ဒီလိုကလေးမျိုးတွေက ဝတ်လာချင်ကောင်း ဝတ်လာလိ့မ်မယ်။ ကျနော်တော့ တခါမှမတွေ့ဖူးဘူးပေ့ါနော်။ ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင် တွေကတော့ တခါမှ မဝတ်ဖူးတဲ့အတွက် သိပ်စိတ်ပူစရာမရှိပါဘူး။

ပွဲစီစဉ်သူက သူ ပွဲလုပ်တဲ့အခါ စိတ်ဝင်စားမှုရချင်တာပေ့ါလေ။ အခုလိုမျိုးပြောနေတာကိုက သူ့ရဲ့ အောင်မြင်မှု။ ဒါက စကားအဖြစ် ထည့်ပြီး ပြောနေရမှာမဟုတ်ဘူးလေ။ ပွဲစီစဉ်သူက သူလုပ်ထားတဲ့ပွဲတခုကို focus ရချင်တာနဲ့ attraction ရချင်တာနဲ့ ပြောထားတဲ့ စကားတခုကို ကျနော်တို့က ဘာမှ သံယောင်လိုက်နေစရာမလိုဘူး။ ငြင်းခုန်နေစရာ အကြောင်း မရှိပါဘူး။

ဒီဇိုင်နာ မျိုးမင်းစိုး

ဒီနှစ်ကိုတော့ အိချောပို၊ မယ်လိုဒီ၊ နန်းစုရတီစိုး၊ ချောရတနာ၊ ရတနာဗို၊ ဆုပန်ထွာ၊ ဝါဝါအောင်နဲ့ တက္ကသိုလ်ဂွမ်းပုံ တို့ကို ဖန်တီးဖြစ်ပါတယ်။ ယောကျာ်းလေးကတော့ ရန်အောင်၊ ရဲရင့်အောင်၊ အလင်းရောင်၊ ထွန်းကိုကို တို့ပါ။

လူလည်းများမယ်ဆိုတော့ တယောက်နဲ့တယောက်မတူတဲ့ အရောင်တွေပေ့ါနော်။ ညပွဲလည်း ဖြစ်တဲ့အတွက် နည်းနည်းလင်းတဲ့ကာလာမျိုးလုပ်ထားပါတယ်။ ဖန်တီးထားတာတော့ သမားရိုးကျ မြန်မာဆန်ဆန်လေးပါပဲ။ ဒီနှစ်မှာတော့ စီးကွင့်လေးတွေကို နည်းနည်း ဦးစားပေးပြီး ပြမလားလို့ပါ။ နှစ်ရောင် ကာလာစပ်မျိုးလေးတွေလည်း လုပ်ဖြစ်ပါမယ်။

မြန်မာဝတ်စုံကို မဖော်ဘဲ လုံလုံခြုံခြုံဝတ်တော့ ကောင်းပါတယ်။ ကိုယ့်ရိုးရာဝတ်စုံကို တန်ဖိုးရှိရှိ ဝတ်တော့ ပိုပါတယ်။ ကျနော်ကတော့ ကြိုက်ပါတယ်။

အိချောပိုအတွက် ရွှေဝတ်စုံ ထူးထူးဆန်းဆန်း ဖန်တီးထားတယ်။ အဲဒါလေးလည်း တော်တော်အားရပါတယ်။ နန်းစုရတီစိုးဆိုရင်လည်း ပန်ချီပညာကို ဖော်ထုတ်ထားတဲ့ ပန်းချီတွေနဲ့ ဖန်တီးထားတဲ့ဝတ်စုံမျိုးလေး ဖန်တီးထားတယ်။ တယောက်တမျိုးစီပါပဲ။

ဒီဇိုင်နာ မပုံ့(My favourite)

ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ခင်လေးနွယ်၊ စန္ဒီမြင့်လွင်၊ မေဆူးမောင်၊ စမိုင်းလ်တို့ သားအမိ ကို ဖန်တီးပေးဖြစ်ပါမယ်။

သက်မွန်အတွက်ကိုကျတော့ အနက်ရောင်၊ အနက်ပေါ်မှာမှ creation လုပ်ထားတာ၊ မခိုင်လေးအတွက်က ငွေရောင်လေး လုပ်ထားတယ်။ ခင်လေးအတွက်က ရွှေရောင်လေးလုပ်ပေးထားတယ်။ ဒီးဒီ အတွက်ကတော့ အဖြူပေါ်မှာ ရွှေနဲ့ငွေ ပြန် ပါတာလေးလုပ်ထားတာပါ။ မေဆူးမောင်အတွက်က အသားရောင်လေး စမိုင်းလ်အတွက်က  ခဲပြာလေးပါ။ ကာလာတွေအကုန်လုံးက နုနုလေးတွေပါပဲ။ အကျႌအစတွေကတော့ KAY Fabrics ကနေ စပွန်ဆာပေးထားတာပါ။

ဒီနှစ်ကတော့ ချိတ်နည်းပါတယ်။ ဇာပေါ်မှာမှ ဟန်းမိတ် ပုလဲတွေ ခရစ်စတယ်တွေ ပြန်ထိုးထားတဲ့ ဒီဇိုင်းမျိုးတွေများမယ်။ သက်မွန်ဆိုရင် သူ့ပဝါလေးနဲ့သူဝတ်မယ့် ချိတ်ဒီဇိုင်းကို ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဖန်တီးပေးထားတယ်။ ဒီနှစ်မှာတော့ သူတို့ဝတ်မယ့် လက်ဝတ်လက်စားကို ကျမချုပ်မယ့် ဒီဇိုင်းနဲ့ လိုက်ဖက်မယ့်ဟာကို ကြိုပြီး ဒီဇိုင်းပေးပြီး လုပ်ခိုင်းထားတယ်။ တခါတည်း ခေါင်းအစ ခြေအဆုံး ဖက်ရှင်အနေနဲ့ ဖန်တီးဖြစ်တယ်။

အင်္ကျီဒီဇိုင်းအနေနဲ့ကတော့ မြန်မာဆန်ဆန်တွေပဲ ချုပ်ထားတယ်။ ပန်းကြယ်သီးလေးတွေဆို အရင်နှစ်လို ရှေ့မှာမသုံးဘဲ ကျောဘက်မှာထည့်ပြီး လုပ်ထားတာတို့ ပန်းကြယ်သီးလေးတွေကို ရှေ့ဘက်မှာ မတပ်ဘဲ ကျောဘက်မှာ ပြန်သုံးတာတို့ ပန်းကြယ်သီးအလှတွေသုံးပြီး ခရစတယ်နဲ့ ပုလဲကို အဓိက သုံးထားတယ်။

ကျမအနေနဲ့ ကျမချုပ်ခဲ့တဲ့ သက်တမ်းတလျှောက် ဝတ်စုံတွေကိုပြန်ကြည့်ရင် တီထွင်ထားပေမယ့် အရမ်းကြီး လျှပ်ပေါ်လော်လီလည်း မရှိဘူး။ ဟော့ဟော့ရမ်းရမ်းလည်း မရှိဘူး။ ကျမအနေနဲ့ ဒီလိုပြောတဲ့အပေါ်မှာ ဘာခံစားချက်မှမရှိ ပါဘူး။ ဒါကြီးကို သတိထားပြီး ရှောင်မယ်ဆိုတဲ့ စိတ်ကူးလည်းမရှိဘူး။ ကျမလုပ်နေကျအတိုင်း ကျမလုပ်ချင်တဲ့ ဒီဇိုင်းအတိုင်းပဲ လုပ်ဖြစ်မှာပါ။ နဂိုကတည်းက အရမ်းဖော်ပြီး စက်ဆီဒီဇိုင်းမျိုးလည်း မချုပ်ဘူးဆိုတော့ ကျမအတွက်တော့ သိပ်တော့ အရေးမကြီးပါဘူး။

The post ဒီနှစ် အကယ်ဒမီပွဲ ဒီဇိုင်နာတွေ ဘာပြောသလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...