Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၇ ခုနှစ်အတွက် ထွက်ရှိလာတဲ့ သင်္ကြန်တေးစီးရီးများ

$
0
0

၂၀၁၇ ခုနှစ် သင်္ကြန် အတွက် ထွက်ရှိထားတဲ့ သင်္ကြန်တေးသီချင်းခွေများထဲမှ တချို့ကို ရွေးချယ်ဖော်ပြ လိုက်ပါတယ်။

ဓာတ်ပုံ – Summer 6 Facebook

Summer 6 2017 Water Festival တေးအယ်ဘမ်

နာမည်ကြီး အဆိုတော်တွေများစွာ ပါဝင်ထားတဲ့ Summer 6 2017 တေးစီးရီးခွေကတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် M Limited Production က ထွက်ရှိထားပါတယ်။

Summer 6 2017 တေးစီးရီးထဲမှာ သီချင်းအပုဒ်ရေ ၁၇ ပုဒ်ပါဝင်မှာဖြစ်ပြီး ဟဲလေး၊ ထွန်းထွန်း၊ Dယံ၊ အစ္စဏီ၊ ဝေလျှံ၊ ဒီဖြိုး၊ မိုးယံဇွန်၊ ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ နေဒွေး၊ စိန်လင်း၊ သုအောင်၊ အောင်အေးချစ်၊ မင်းမဟာ၊ ဂျင်းနီ၊ အိမ့်ချစ်၊ ဆူဇီ၊ ရတနာမိုင်၊ နွေးနွေးချစ်ဖွယ်၊ ဂေဂေး၊ ဆန်းသစ်လ၊ သွန်းဆက်၊ နန့်ချစ်နဒီဇော်၊ ဂုဏ်ရှိန်ဝင့်ထည့်၊ မှူးရတနာကျော်၊ ဧကရီမှူးပိုင်နဲ့ Moh တို့က ပါဝင်သီဆိုထားကြပါတယ်။

နာမည်ကြီး အဆိုတော်တွေများစွာ ပါဝင်ထားတဲ့ အဆိုပါ တေးစီးရီးခွေကို ပရိသတ်တွေ ဝယ်ယူ နားဆင်နိုင်အောင် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

ကွီးတို့ သင်္ကြန် facebook

ကွီးတို့သင်္ကြန်

ကွီးတို့သင်္ကြန်လို့ အမည်ပေးတဲ့ သင်္ကြန်တေးစီးရီးခွေရဲ့ ထူးခြားချက်ကတော့ တခွေလုံးကို ၈၈ မျိုးဆက်ဖြစ်တဲ့ ကိုမြအေးက တေးရေးအဖြစ် ရေးစပ်ပေးထားတာဖြစ်ပြီး ကိုယ်ပိုင်သံစဉ်တေးသီချင်းများ ဖြစ်ပါတယ်။

ဒီအခွေထဲမှာတော့ သီချင်း ၁၀ ပုဒ်ပါဝင်ကာ နာမည်ကြီးတေးသံရှင်တွေ ဖြစ်ကြတဲ့ ဇော်ပိုင်၊ Rဇာနည်၊ ဖိုးကာ၊ အောင်ထက်၊ ဆူးနှစ်၊ မေစံပယ်ညို၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်၊ ဆိုင်စံ၊ ဇင်ဝါမိုး တို့က သီဆို ထားကြပါတယ်။

ကွီးတို့သင်္ကြန်ကို Audio CD နဲ့ DVD ကို မာစတာတေးသံသွင်းနဲ့ ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးမှ ဖြန့်ချိပြီး ပုံဖော်ရိုက်ကူးပေးထားတာပါ။ ဒါရိုက်တာတွေကတော့ မင်းထင်ကိုကိုကြီး၊ မိုးသစ်ဆက်ထွန်း၊ ကောင်းမြတ်သူကျော်၊ နေခြည်မြတ်နိုးဝင့်၊ မေရီ၊ ရူပါမိုမို၊ ထက်အောင်စံ တို့က ရိုက်ကူးပေးထားပါတယ်။

phyuphyukyawthein facebook

ဖြူဖြူကျော်သိန်းရဲ့ ဧပရယ်ဖူးလ်

ဧပရယ်ဖူးလ် ဆိုတဲ့အတိုင်း ဧပြီ ၁ ရက်နေ့မှာ ထွက်လာတဲ့ တေးစီရီးလည်းဖြစ်ပါတယ်။ သီချင်း ၄ ပုဒ်သာပါဝင်တဲ့ Mini Album လည်းဖြစ်ပါတယ်။

သီချင်း ၄ ပုဒ်လုံးကိုတော့ Music Video အနေနဲ့ထွက်လာတာဖြစ်ပြီး ဖိလစ်ပိုင်ဒါရိုက်တာ Milos Curameng က ထူးထူးခြားခြား ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

ဒီ တေးစီးရီးထဲမှာတော့ ဖြူဖြူကျော်သိန်းအနေနဲ့ ထူးထူးခြားခြား EDM သီချင်းပုံစံမျိုးတွေ သီဆိုထားပါတယ်။

ထူးခြားချက်အနေနဲ့ အခွေထွက်ရုံတင်မဟုတ်ဘဲ FG Entertainment မှတဆင့် MRTV 4 နဲ့ ဆက်စပ် ရုပ်သံလိုင်းတို့ကလည်း ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံလိုင်းမှလည်း ပြသပြီး DVD Karaoke အနေနဲ့ ထွက်ရှိထားတဲ့အတွက် ဧပရယ်လ်ဖူး တေးစီးရီးကိုတော့ ပရိသတ်တွေ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။

The post ၂၀၁၇ ခုနှစ်အတွက် ထွက်ရှိလာတဲ့ သင်္ကြန်တေးစီးရီးများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ