ကျနော်တို့ရဲ့ နေ့စဉ်ဘဝဖျော်ဖြေရေး အပိုင်းမှာ မရှိမဖြစ်အရာတွေက တေးသီချင်းတွေနဲ့ ရုပ်ရှင်တွေ ဖြစ် မယ်လို့ ရဲရဲကြီး ပြောချင်ပါတယ်။ အကြောင်းကတော့ ရသကောင်းကောင်း ပေးနိုင်လို့ပေါ့။
အခု ကျနော်က ယခင့် ယခင် ကြည့်ဖူးပြီးဖြစ်တဲ့ ရုပ်ရှင်တွေထဲကမှ စီးပွားတွက် တွက်ကြည့်ရင် မြတ်တယ်၊ ရှုံးတယ်ဆိုတဲ့ ရုပ်ရှင်တွေအကြောင်း အနှစ်ချုပ်ပြီး ပြောချင်ပါတယ်။
ဒီနေရာမှာ အမြတ်အစွန်း အများဆုံး ရရှိတဲ့ ရုပ်ရှင် ၁၀ ကားလောက် ထုတ်ပြီး ပြောလိုက်ရင် စာဖတ်သူတို့ အနေနဲ့ စာတ ပုဒ်ဖတ်ပြီး အကြောင်းအရာတခုပဲ သိမှာ ဖြစ်လို့ အခု ကျနော်က အကြောင်းအရာ ၄ခုကို တပုဒ်ထဲမှာ အနှစ်ချုပ်ပြီး ရေး ထား ပါတယ်။
(၁) အရင်ဆုံးပြောချင်တာက ရုပ်ရှင် တကားတည်းကို အကုန်အကျ အများဆုံး ခံပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေပါ။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၈ရက်နေ့က ရုံတင် ပြသခဲ့တဲ့ Avatar ရုပ်ရှင်က သမိုင်းတလျှောက် အကုန်အကျ အများဆုံးခံပြီး ရိုက်ကူး ခဲ့တဲ့ ဇာတ်ကားပါ။
အမေရိကန် ဒေါ်လာ ၄၂၅သန်း ကုန်ကျခဲ့ပါတယ်။ သူ့နောက်မှာ ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၈ရက်မှာ ရုံတင်တဲ့ Star Waris Ep, VII : The Force Awakensက ၃၀၆သန်းနဲ့ ဒုတိယ၊ ၂၀၀၇ခုနှစ် မေလ ၂၄ရက်နေ့မှာ ရုံတင်ခဲ့တဲ့ Pirates of the Caribbean: At World’s Endက သန်း ၃၀၀နဲ့ တတိယ၊ အခြား အကုန်အကျ အများဆုံး ရင်းနှှီးရိုက်ကူးခဲ့တဲ့ ဇာတ်ကား တွေက ၂၀၁၅ခုနှစ် နိုဝင်ဘာလ၆ရက်မှာ ရုံတင်တဲ့ Spectreက သန်း ၃၀၀၊ ၂၀၁၃ခုနှစ် ဇူလိုင်လ၂ရက်နေ့မှာ ရုံတင်တဲ့ The Lone Rangerက ၂၇၅သန်း၊ ၂၀၁၂ခုနှစ် မတ်လ ၉ရက်နေ့မှာ ရုံတင်ခဲ့တဲ့ John Carterက ၂၇၅သန်း၊ ၂၀၁၂ခုနှစ် ဇူလိုင်လ ၂၀ရက်မှာ ရုံတင်ခဲ့တဲ့ The Dark Knight Rises က ၂၇၅သန်း၊ ၂၀၁၀ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့မှာ ရုံတင်ခဲ့ တဲ့ Tangledက သန်း ၂၆၀၊ ၂၀၀၇ခုနှစ် မေလ ၄ရက်နေ့မှာ ရုံတင်ခဲ့တဲ့ Spider-Man 3က ၂၅၈သန်း၊ ၂၀၀၉ခုနှစ် ဇူလိုင် လ ၁၅ရက်နေ့မှာ ရုံတင်ခဲ့တဲ့ Harry Potter and the Half-Blood Princeက သန်း ၂၅၀ အသီးသီး အများဆုံး အကုန် အကျခံ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။

(၂) ဒုတိယအပိုင်းအနေနဲ့ ပြောချင်တာကတော့ အရင်းအနှီး နည်းနည်းနဲ့ ဒေါ်လာ သန်းချီအောင် မြတ်ခဲ့တဲ့ ရုပ်ရှင်ကား တွေပါ။ မထင်မှတ်ဘဲ အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတွေလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီလို အရင်းနည်းနည်းနဲ့ အမြတ် အများဆုံးရခဲ့တဲ့ ဇာတ်ကားတွေထဲမှာတော့ အမေရိကန် ဒေါ်လာ ၇၀၀၀ပဲ ကုန်ကျခဲ့တဲ့ Ei Mariachi ဇာတ်ကားက ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၂သန်းကျော် ရပြီး အအောင်မြင်ဆုံး ဖြစ်နေပါတယ်။
သူ့နောက်မှာ ဒေါ်လာ ၂၃၀၀၀ရင်းပြီး ဝင်ငွေ ၁.၂ သန်းကျော် ရခဲ့တဲ့ Slacker၊ ရိုက်ကူးစရိတ် ဒေါ်လာ ၂၅၀၀၀ရင်းပြီး ဝင်ငွေ ၄၅သန်း ရခဲ့တဲ့ Deep Throat၊ ရိုက်ကူးစရိတ် ဒေါ်လာ ၂၅၀၀၀ပဲ ရင်းပြီး ဝင်ငွေ ၂.၈သန်း ရခဲ့တဲ့ In The Company of Men၊ ရိုက်ကူးစရိတ် ဒေါ်လာ ၂၇၀၀၀ ကုန်ကျပြီး ဝင်ငွေ ၃သန်း ရှိခဲ့တဲ့ Clerks၊ ရိုက်ကူးစရိတ် ဒေါ်လာ ၅၀၀၀၀ရှိခဲ့ပြီး ဝင်ငွေ ၁၀သန်းကျော် ရှိခဲ့တဲ့ The Brothers McMullen၊ ဒေါ်လာ ၅၀၀၀၀နဲ့ ပြီးစီးအောင် ရိုက်ကူးပြီး ဝင်ငွေ ၂.၃သန်းရခဲ့တဲ့ Gabriela၊ ကုန်ကျငွေ ဒေါ်လာ ၆၅၀၀၀ ပဲ ရှိပေမယ့် ဝင်ငွေ ၁၁သန်းကျော် ရခဲ့တဲ့ Super Size Me၊ ဒေါ် လာ ၆၈၀၀၀ အကုန်ခံ ရိုက်ကူးပြီး ဝင်ငွေ ၃.၂သန်း ရခဲ့တဲ့ Pi၊ ဒေါ်လာ ၈၇၀၀၀ ကုန်ကျခဲ့ပြီး ဝင်ငွေ ၃.၁သန်း ရခဲ့တဲ့ The Last Hounse on The Left ဇာတ်ကားတွေက ထိပ်ဆုံး နေရာတွေမှာ အသီးသီး ရပ်တည်နေတာ တွေ့နိုင်ပါတယ်။
(၃) တတိယပိုင်းအနေနဲ့ကတော့ အမြတ်ငွေ ရရှိမှုအပေါ်မှာ မူတည်ပြီး အအောင်မြင်ဆုံး ဇာတ်ကားတွေကို ပြောချင်ပါ တယ်။ တကမ္ဘာလုံး အတိုင်းအတာကနေ ရရှိတဲ့ ဝင်ငွေထဲကနေမှ အရင်းကို ဖယ်ပြီး အများဆုံး ကျန်ရှိတဲ့ အမြတ်ပမာဏ အရ ပြောမှာ ဖြစ်ပါတယ်။
သမိုင်းကြောင်းတလျှောက် အမြတ်အများဆုံး ရတဲ့ ဇာတ်ကားအဖြစ် ရပ်တည်နေတာကတော့ Avatar ရုပ်ရှင်ပါပဲ။ ပြည် တွင်းမှာလည်း အထူးပဲ လူကြိုက်များခဲ့တဲ့ ဇာတ်ကားပါ။ အမြတ်ငွေ ၁.၂ဘီလီယံလောက်ထိအောင် ရခဲ့တာပါ။ ဒါက အရင်းနုတ်ပြီးသား ပမာဏ ဖြစ်ပါတယ်။ သူ့နောက်မှာတော့ Star Wars Ep, VII: The Force Awakens က သန်း ၈၂၀ နီးပါး အမြတ်ကျန်ခဲ့ပါတယ်၊ တတိယနေရာမှာ Harry Potter and the Goblet of Fireက ၇၈၈သန်း အမြတ်ကျန်ရှိထား ပါတယ်။
အမြတ်အများဆုံး ကျန်ရှိတဲ့ အခြား ရုပ်ရှင်ကားကောင်းတွေကတော့ Frozen ဇာတ်ကားက သန်း ၇၇၀၊ The Avengers ဇာတ်ကားက ၆၉၃သန်း၊ Jurassic Worldက ၆၇၇သန်း၊ Harry Potter and The Deathly Hallows: Part IIက ၆၅၅ သန်း၊ Despicable Me 2က ၅၈၉သန်း၊ Fast and Furious 7က ၅၈၃သန်း၊ Pirates of the Caribbean: Dead Man’s Chestက ၅၆၂သန်းထိအောင် အမြတ်ငွေ အများဆုံး ကျန်ရှိထားတာလည်း ဖြစ်ပါတယ်။
အတွဲလိုက် ထွက်ရှိတဲ့ ဇာတ်လမ်းတွဲ အလိုက် အခုစာရင်းမှာ ကြီးစိုးနိုင်မှုကတော့ Harry Potter ဇာတ်ကားတွေက အများဆုံး အမြတ်ကျန်ရှိစေခဲ့ပြီး သူ့နောက်မှာ Pirates of the Caribbean ဇာတ်လမ်းတွဲတွေရှိနေသလို Fast and Furious တွေကတော့ ထင်သလောက် အမြတ်ကျန် စာရင်းမှာ မရှိနေခဲ့ပါဘူး။
(၄) နောက်ဆုံး အပိုင်းမှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ ဇာတ်ကားတွေကို ပြောချင်ပါတယ်။ အရင်းများများ ထည့်ခဲ့ပေမယ့် အမြတ်မရ၊ အောင်မြင်မှု မရခဲ့တဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းတလျှောက်မှာ ကုန်ကျ စရိတ် ဒေါ်လာ သိန်း ၁၇၀ကျော် အကုန်ခံ ရိုက်ကူးခဲ့ပေမယ့် ဝင်ငွေ စုစုပေါင်း ၂၆သန်းလောက်ပဲ ပြန်ရခဲ့လို့ သန်း ၁၄၀ လောက် အရှုံးပေါ်ခဲ့တဲ့ ရုပ်ရှင်ကတော့ ၂၀၁၁ခုနှစ် မတ်လ ၁၁ရက်နေ့က ရုံတင်ခဲ့တဲ့ Mars Needs Momsပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားက နာမည်မကြီးခဲ့သလို အရှုံးပေါ်ခဲ့တာ ခံသာသေးပေမယ့် သူ့နောက်က John Carterဆိုရင် လူကြိုက် ဒီလောက်များပြီး အောင်မြင်မှုတွေ ရှိခဲ့ပေမယ့် ရိုက်ကူးစရိတ်၂၇၅သန်း အပါအဝင် စုုစုပေါင်း ကုန်ကျစရိတ် ၃၀၇သန်း ရှိခဲ့ရာကနေ ဝင်ငွေ ၁၇၉သန်းပဲ ရခဲ့လို့ သန်း ၁၃၀လောက် ရှုံးထားတာ တွေ့နိုင်ပါတယ်။
ဂျွန်နီဒပ် ပါဝင်ထားတဲ့ နာမည်ကျော် The Lone Rangerကလည်း အခုစာရင်းမှာ တတိယ ချိတ်ပါတယ်။ ရိုက်ကူးစရိတ် ၂၇၅သန်းနဲ့ အခြား ကုန်ကျစရိတ် စုစုပေါင်း ၃၀၁သန်း ရှိခဲ့ပေမယ့် ဝင်ငွေ ၁၇၆သန်းပဲ ရခဲ့တာပါ။ သူတို့နောက်မှာတော့ ကုန် ကျငွေ ၂၂၈သန်း ရှိပြီး ဝင်ငွေ ၁၂၃သန်းပဲ ရခဲ့တဲ့ Jack the Giant Slayer၊ ကုန်ကျငွေ သန်း ၁၄၀ရှိခဲ့ပြီး ဝင်ငွေ ၃၅သန်း ပဲ ရှိခဲ့တဲ့ How Do You Know?၊ ကုန်ကျငွေ ၁၇၄သန်း ရှိခဲ့ပြီး ဝင်ငွေ ၇၄သန်းပဲ ရခဲ့တဲ့ Pan၊ ကုန်ကျငွေ ၁၈၉ သန်း ရှိခဲ့ပြီး ဝင်ငွေ ၉၂သန်းကျော်ပဲ ရခဲ့တဲ့ 47 Ronin၊ ကုန်ကျငွေ ၂၀၆သန်း ရှိခဲ့ပေမယ့် ဝင်ငွေ ၁၀၉သန်း ခန့့်ပဲ ရခဲ့တဲ့ Jupiter Ascending၊ ကုန်ကျငွေ ၁၄၇သန်း ရှိခဲ့ပေမယ့် ဝင်ငွေ ၅၄သန်းပဲ ရှိခဲ့တဲ့ R.I.P.D၊ ကုန်ကျငွေ ၂၀၅သန်းထိအောင် ရှိခဲ့ပြီး ဝင်ငွေ ၁၁၃သန်းပဲ ရခဲ့တဲ့ Tomorrowlandတွေက အစဉ်လိုက် ရှိနေတာပါ။
ဒီစာရင်းမှာ နာမည်ကျော် Gods of Egypt လို ဇာတ်ကားတွေပါ အရှုံးပြပါရှိခဲ့တာ တွေ့ရပါတယ်။
Ref: www.the-numbers.com
The post ကမ္ဘာကျော် ရုပ်ရှင်တွေအကြောင်း တစေ့တစောင်း appeared first on ဧရာဝတီ.