Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ ၁၀

$
0
0

၁။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံမှ အနုပညာရှင်များ ပါဝင်သည့် Violent Memories – Trauma and Transformation အနုပညာပွဲတော်ကို တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ်ပန်းချီပြခန်းတွင် ၂၅.၄.၂၀၁၇ မှ ၃၀.၄.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အနုပညာပွဲတော်တွင် ပန်းချီပြပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် ကဗျာရွတ်ပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

၂။ Myanmar International Lighting Festival 2017 ပွဲတော်ကို ပြည်သူ့ဥယျာဉ်တွင် ၂၅.၄.၂၀၁၇ မှ ၃၀.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး ရှုမငြီးစဖွယ် မြန်မာမှုပုံစံ မီးရောင်စုံ အလှအပများကို ချစ်ခင်သူများနှင့် အတူ ပျော်ရွှင်စွာ ဖြတ်သန်းခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၃။ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဦးစီးကျင်းပသည့် ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ် ဈေးရောင်း ပွဲတော်ကို သိမ်ဖြူလမ်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အဆောက်အအုံတွင် ၂၉.၄.၂၀၁၇ ရက်နေ့မှ ၁.၄.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် စာတမ်းရှင်များက ဘာသာပြန်စာပေနှင့် ပတ်သက်သော စာတမ်းများကို နေ့စဉ်ဖတ်ကြားသွားမည် ဖြစ်ပြီး စာအုပ်ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကလည်း စာအုပ်များကို အထူးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

၄။ ရွှေဒေါင်း ဆပ်ကပ်ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်တွင် အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းမှာ ၅ ထောင်ကျပ် သတ်မှတ်ထားပြီး City Mart ဆိုင်ခွဲ များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

၅။ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်နေကျ ဖြစ်သည့် TUESDAY SNIPPETS စကားဝိုင်းကို ပန်းဆိုးတန်း အနုပညာပြခန်းတွင် ၁၁.၄.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် စတင်မည် ဖြစ်ကြောင်း သိရသည်။

၆။ ပြည်တွင်း၊ ပြည်ပ ဒီဂျေပညာရှင်များ ဖျော်ဖြေမည့် TOGETHER FESTIVAL YANGON 2017 ဂီတပွဲကို သင်္ဃန်းကျွန်း မြို့နယ်ရှိ Thuwunnabhumi Event Park တွင် ၂၉.၄.၂၀၁၇ မှ ၃၀.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဖျော်ဖြေပွဲလက်မှတ်များကို Myanmar Plaza ရှိ FUSE ၊ H-Life Tickets Counter တွင် လည်းကောင်း၊ Junction Square နှင့် Junction Maw Tin ရှိ Ice Cream Bar တွင် လည်းကောင်း၊ ဖုန်းနံပါတ် ၀၉-၇၇၅၀၀၇၇၅၀ တို့တွင် လည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

၇။ နိုင်ငံတကာ Jazz ဂီတနေ့ကို ဂုဏ်ပြုသည့် International Jazz Day ဂီတပွဲတော်ကို ပြည်လမ်းရှိ ပြင်သစ် ယဉ်ကျေးမှု ဌာနတွင် ၂၉.၄.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းပွဲတော်တွင် နိုင်ငံတကာမှ Jazz ဂီတပညာရှင်များနှင့် မြန်မာနိုင်ငံမှ Jazz ဂီတပညာရှင်များက ဖျော်ဖြေပေးသွားမည် ဖြစ်သည်။ ဝင်ကြေး အခမဲ့ ဖြစ်သည်။

၈။ လိင်တူချစ်သူများ၏ FAB 53 ပွဲကို ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Muse Bar တွင် ၂၉.၄.၂၀၁၇ ရက်နေ့ ည ၁၀ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတွင် နာမည်ကျော် DJ များ၏ ဖျော်ဖြေမှု၊ ပေါ့ဂီတအကများ ပါဝင်မည် ဖြစ်ပြီး ဝင်ကြေး ၅ ထောင်ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

၉။ အသက် ၁၀ နှစ်အရွယ်ပန်းချီဆရာ အောင်နေမျိုးခန့် (ခ) မောင်ဖိုးသား၏ MPT ပန်းချီပြပွဲကို ယုဇန ဥယျာဉ် မြို့တော်ရှိ Eternal Art Gallery တွင် ၁.၄.၂၀၁၇ မှ ၂၈.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ် သွားမည် ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ် ပန်းချီကား ၄၁ ပြသသွားမည် ဖြစ်သည်။

၁၀။ ပန်းချီမောင်မောင်တင်ဦးနှင့် D ကိုဇော်တို့၏ 1+1= 100 ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ မြန်မာနိုင်ငံပန်းချီ ပန်းပု အစည်းအရုံး (ဗဟို) ပန်းချီပြခန်းတွင် ၂၆.၄.၂၀၁၇ မှ ၃၀.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွား မည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ အခရိုင်းလစ်ပန်းချီကား ၃၀ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ။

The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ ၁၀ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...