Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခေတ်ရှေ့ပြေး Avatar 2 နဲ့ ဆူပါဟီးရိုး Deadpool 2 ဘယ်လိုလာကြမလဲ

$
0
0

နည်းပညာခေတ်ရဲ့ အကောင်းဆုံး ဖန်တီးချက်တွေနဲ့ ထုတ်လုပ်ထားတဲ့၊ လက်ရှိ ထုတ်လုပ်သမျှ ရုပ်ရှင်တွေ ထဲမှာ အမေရိကန် ဒေါ်လာ ဘီလီယံကျော် အမြတ်ရခဲ့တဲ့၊ နာမည်ကျော် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းရဲ့ လက်ရာ Avatar ဇာတ်ကားကို ရုံတင်ပြသခဲ့တာ ၂၀၀၉ ခုနှစ် ကတည်းက ဖြစ်ပြီး အခုဆို ၉ နှစ်ကြာ ကာလအထိ ရှိနေခဲ့ပါပြီ။

ဇာတ်လမ်းတွဲ အနေနဲ့ ထွက်ရှိနေတဲ့ Fast and Furious, Harry Porter တွေက နောက်ဆက်တွဲ ဇာတ်လမ်းတွဲ တွေကို အခုလို ဆယ်စုနှစ် နီးပါး ကြာအောင် ရိုက်ကူးမှု မရှိဘဲ ၂ နှစ်၊ ၃ နှစ်ဆိုတဲ့ ကာလတွေ အတွင်းမှာ နောက်ဆက်တွဲ အပိုင်းတွေ ထွက်လေ့ရှိပါတယ်။ ဒါကြောင့်လည်း Avatar ပရိတ်သတ်တွေက နာမည်ကြီး ရုပ်ရှင် ဖြစ်ပေမယ့် နောက်ဆက်တွဲ ဇာတ်လမ်းတွဲ ထွက်မလာတော့ဘူး လို့ ထင်နေကြတာပါ။

အခုတော့ Avatar ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေ လာပါတော့မယ်။ ဒါရိုက်တာ ဂျိမ်းကင်မရွန်း ကလည်း ရိုက်ကူးနေပါပြီ။ မူလ သရုပ်ဆောင်တွေ ဖြစ်တဲ့ Zoe Saldana, Stephen Lang Sam Worthington နဲ့ Sigorney Weaver တို့ပဲ ပြန်လည် ပါဝင်လာမှာပါ။ မူလ အစီအစဉ်တွေ အရတော့ Avatar ကို နောက်ဆက်တွဲ ဇာတ်လမ်း၂ ခုရိုက်မယ်၊ ဒုတိယ ဇာတ်လမ်းတွဲ Avatar 2 ကို ၂၀၁၅ ထဲမှာ ရုံတင်နိုင်ဖို့ စီစဉ်ခဲ့ပေမယ့် အခုတော့ နောက်ထပ် ဇာတ်လမ်းတွဲ ၄ ခု ထိအောင် ရိုက်ဖို့ အတည်ပြုလိုက်ပြီ လို့ သိရသလို Avatar 5 ထိအောင် ရှိလာတော့မှာပါ။

Avatar ပရိတ်သတ်ပြီး သိချင်နေတဲ့ Avatar 2 ရုံတင်ရက်ကတော့ ဒီဇင်ဘာ ၁၈ ရက် ၂၀၂၀ ခုနှစ် ပါတဲ့။ နည်းနည်းများ ဝေးနေ၊ ကြာနေပါသလား။ ထူးခြားချက် အနေနဲ့ကတော့ Avatarရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို ရုံတင်မယ့် ရက်တွေကိုပါ ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ Avatar 3 ကို ဒီဇင်ဘာ ၁၇ ရက် ၂၀၂၁ခုနှစ်၊ Avatar 4 ကို ဒီဇင်ဘာ ၂၀ ရက် ၂၀၂၄ခုနှစ်နဲ့ Avatar 5 ကိုတော့ ဒီဇင်ဘာ ၁၉ ရက် ၂၀၂၅ ခုနှစ်တွေမှာ ရုံတင်ပါမယ်တဲ့ဗျာ။ ဒီနေရာမှာ Avatar 2, 3 ဆိုတာ စာရေးသူက အစဉ်လိုက် မှတ်ရ လွယ်အောင် ရေးပေးတာပါနော်။ ဇာတ်လမ်းတွဲ အမည်တွေကိုတော့ မပြောလာသေးပါဘူး။

နောက်ထပ် လူကြိုက်များ Superhero ဇာတ်လမ်းတခု ဖြစ်တဲ့ Deadpool ရဲ့ နောက်ဆက်တွဲ Deadpool 2 လည်း ကြည့်ရပါတော့မယ်။ မထင်မှတ်ပဲ ဟာသနဲ့ အတူ ရသကောင်းကောင်း ပေးလိုက်လို့ အောင်မြင်လာတဲ့ ဇာတ်ကားပါ။ The Hollywood Report ရဲ့ ဖော်ပြချက်မှာတော့ တာဝန်ယူ ဖြန့်ချိမယ့် ကုမ္ပဏီ 20th Century Fox က Deadpool 2 ဇာတ်ကားကို လာမယ့် ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်မှာ ရုံတင်နိုင်အောင် စီစဉ်နေပါတယ် တဲ့။

ဒါ့အပြင် အဆိုပါ ကုမ္ပဏီကပဲ New Mutants ကို လာမယ့် ၂၀၁၈ ခုနှစ် ဧပြီ ၁၃ ရက်နဲ့ X-Men : Dark Phoenix ကို နိုဝင်ဘာ ၂ ရက်တွေမှာ အသီးသီး ရုံတင်ဖို့ ပြင်ဆင်နေပြီး အခု ရုပ်ရှင်ကားသစ် ၃ ကားနဲ့ ဝင်ငွေ ကောင်းကောင်းရဖို့ မျှော်လင့်ထားတယ် လို့ သိရပါတယ်။

Ref: www.theverge.com &www.hollywoodreport.com

The post ခေတ်ရှေ့ပြေး Avatar 2 နဲ့ ဆူပါဟီးရိုး Deadpool 2 ဘယ်လိုလာကြမလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ