Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝေဖန်မှုတွေကို သဘောကျပါတယ်ဆိုတဲ့ သရုပ်ဆောင် နေမင်း

$
0
0

သရုပ်ဆောင် နေမင်းက သူ့အနေနဲ့ အနုပညာရှင်တယောက်ဖြစ်တဲ့အတွက် ဝေဖန်မှုတွေအတွက် သဘောကျတယ်လို့ ဧရာဝတီ ကိုပြောပါတယ်။

“ဝေဖန်တာကို ကြိုက်တယ်။အနုပညာသမားတယောက်ရဲ့ ဘဝက သာမန်အခြေအနေမှာ တည်ရှိလို့မရဘူး။ လူလူချင်းအတူတူ ဒီ စိတ်၊ ဒီအခြေအနေ တနေ့ ထမင်း၂ နပ်စားတယ်။ အဲဒီထဲမှာမှ သာမန်လိုတင်ပြရင် ဘယ်သူကကြည့်မှာလဲ။ အဲဒီတော့ ထူးခြားတဲ့တင်ပြမှုတခု အစွမ်းထက်တဲ့ တည်ဆောက်မှုတခုရှိနေရမယ်။ အဲဒါက စေတနာပါဖို့တော့ လိုတာပေါ့” လို့ သရုပ်ဆောင်နေမင်းက ပြောပါတယ်။

သရုပ်ဆောင် နေမင်းက သူ ငယ်ရွယ်စဉ်အချိန်ကတည်းက အခက်အခဲများနဲ့ ကြုံတွေ့တဲ့အခါမှာ ဒါတွေဟာ ဘဝအတွက် သင်ခန်းစာ၊ ခွန်အားများ ရတဲ့အတွက်ကြောင့် အသက်ကြီးလာတဲ့အချိန်မှာ အခုလို နေရာတခု ရလာတယ်ဆိုတဲ့ အသိတခုရတယ်လို့လည်း ဆိုပါတယ်။

“ကျနော်က ငယ်ငယ်ကတည်းက အခက်အခဲတွေ့ရင်ပျော်တယ်။ ကျေနပ်တယ်။ ကိုယ့်ဘဝအတွက် သင်ခန်းစာရတယ်။ ခွန်အားဖြစ်တယ်။ ဒီဟာကို ကျော်သွားပြီးရင် ကိုယ့်ရဲ့ ပါဝါတခုထပ်တိုးတယ်။ အခု ကိုရီးယားဆိုရင် လွန်ခဲ့တဲ့နှစ်တွေက သေလုမြောပါးဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ တပုံကြီး၊ အခုအချိန်မှာ ပြန်သွားတဲ့အခါကျတော့ ငါ အဲ့ဒီအချိန်က ဒီဟာတွေကို ကျော်ခဲ့လို့ အခုလိုပြန်ရောက်တာပါလား ဆိုတဲ့ အသိပြန်ရတယ်” လို့ သရုပ်ဆောင်နေမင်းက ပြောပါတယ်။

သရုပ်ဆောင် နေမင်းအဖြစ် အနုပညာလောကတွင် မရပ်တည်နိုင်ခင်က ကိုရီးယားနိုင်ငံမှာ အလုပ်သမားဘဝအဖြစ်နဲ့ ရုန်းကန်ရပ်တည်ခဲ့ရဖူးပြီး မကြာသေးခင်ကာလလောက်က ကိုရီးယားနိုင်ငံကို လုပ်ငန်းတခုလုပ်ကိုင်နိုင်ဖို့ရန်နဲ့ အလည်အပတ်ခရီးအဖြစ်နဲ့ သွားရောက်လည်ပတ်ခဲ့ကြောင်းကို ပြည်တွင်း သတင်းမီဒီယာမှာရော သူ့ရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာကိုလည်း သိရပါတယ်။

သရုပ်ဆောင်နေမင်းဟာ လတ်တလောတွင် “သိုက်ကလာတယ် စကားမပြောဘူး” ဇာတ်ကားတွင် ပေါကြည် လို့အမည်ရတဲ့ ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိ ရုံတင်ပြသလျက်ရှိကြောင်း သိရပါတယ်။

The post ဝေဖန်မှုတွေကို သဘောကျပါတယ်ဆိုတဲ့ သရုပ်ဆောင် နေမင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...