Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖေ့စ်ဘွတ်မှာ report ထိလို့ ပျောက်နေတာပါဆိုတဲ့ ဇွန်သဉ္ဇာ

$
0
0

Sexy မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် ဇွန်သဉ္ဇာ ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်များ မကြာခဏဆိုသလို report ထိတဲ့အတွက် သုံးစွဲခွင့်မရတာကြောင့် ဖေ့ဘွတ်လောကကနေ ပျောက်နေတာဖြစ်တယ်လို့ ဧရာဝတီ ကိုပြောပါတယ်။

သရုပ်ဆောင် ဇွန်သဉ္ဇာ ဟာ သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်မှာ ခန္တာကိုယ်အသားပေးပုံများ ဗီဒီယိုဖိုင်များကို အများဆုံးတင်ဖြစ်ကာ အဆိုပါပုံများကြောင့် ပရိသတ်တော်တော်များများ သိရှိလာသူလည်းဖြစ်ပါတယ်။

“Report က တခါတလေ ဓာတ်ပုံတွေက ထိတယ်၊ တခါတလေ ဗီဒီယိုဖိုင်တွေကို ထိတယ်။ ထိတာတွေကအရမ်းများတော့ တခါထိရင် တလလောက်ပျောက်ပျောက်သွားတယ်။ အရင်တုန်းကတော့ တရက်ထိရင် ထပ်တင်လို့မရဘူး။ ၂၄ နာရီ ပို့စ်တင်တာ ပိတ်တယ်ပေ့ါ။ အဲဒီတော့ တရက်ကနေ တပတ်၊ တပတ်ကနေ တလဖြစ်သွားတယ်။ အကောင့် နှစ်ခုရှိတာ တခုထိရင် နောက်တခုမှာတင်တယ်။ အဲဒီနောက်တခုပါထိတော့ လုံးဝသုံးမရဘူး။ အကောင့်အသစ်ဖွင့်တော့လည်း အသစ်တွေကလည်း disable ဖြစ်ဖြစ်သွားတာ ခဏလောက်ပဲသုံးလို့ရတယ်” လို့ဆိုပါတယ်။

အဲဒီလို report ထိနေရာကနေ မနေ့ကမှ စလို့ ဖေ့စ်ဘွတ်ပြန်လည်အသုံးပြုခွင့် ရရှိလာတာကြောင့် Sexy ဗီဒီယိုများ ထပ်မံတင်ထားတယ်လို့လည်း သူက ဆိုပါတယ်။

မော်ဒယ် ဇွန်သဉ္ဇာဟာ အဆိုပါ ခန္တာကိုယ်ကို အသားပေးလွန်းတဲ့ ဓာတ်ပုံ ဗီဒီယိုတွေကြောင့် ပရိသတ်အချို့ရဲ့ ပြစ်တင် ဝေဖန်ပြောဆိုခြင်း ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဇွန်သဉ္ဇာ အနေနဲ့ လတ်တလောမှာ နယ်ဘက်တွေရှိ ရှိုးပွဲများမှာ သီချင်းဆိုဖြစ်နေပြီး နယ်ပရိသတ်တွေအနေနဲ့ တော်တော်များများ အားပေးကြတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး သူက “ဖေ့စ်ဘွတ်မှာ ထပ်တင်လို့ ထပ်ပြီး report ထုရင်လည်း youtube မှာ ရှာပြီး အားပေးပါဦး” လို့ သူ့ ပရိသတ်တွေကို ပြောဆိုလိုက်ပါတယ်။

၂၀၁၃ ခုနှစ်ကစလို့ ခန္တာကိုယ်အသားပေးဓာတ်ပုံများ ဗီဒီယိုများဖြင့် သရုပ်ဆောင် မော်ဒယ်လောကကို ဝင်ရောက်လာခဲ့တဲ့ ဇွန်သဉ္ဇာ က အခုလို Sexy ပုံစံများ ရိုက်ကူးသရုပ်ဆောင်ခြင်းဟာ သရုပ်ဆောင်လောကကို ဖြတ်လမ်းသဘောနဲ့ ဝင်ကြည့် တာပါလို့ ဧရာဝတီသတင်းဌာနရဲ့ အမေးကို ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။

The post ဖေ့စ်ဘွတ်မှာ report ထိလို့ ပျောက်နေတာပါဆိုတဲ့ ဇွန်သဉ္ဇာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


လုလုအောင် HD အသစ်


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


TTA Oreo Gapp Installer


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး)...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


မြန်မာတွေ ရွှေဖျင်းညီနောင်ကို တစ်ကယ်ပူဇော်ကြသလား


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


နိဗ္ဗာန်ရွာမှ ပိတ်ဖြူ ကဲ့သို့ ဖြူ သော ဆင်ဖြူ တော်


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်