Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာ့ရုပ်ရှင်ကို ကိုရီးယားရုပ်ရှင်လို တိုးတက်အောင် ဖန်တီးမယ်ဆိုတဲ့ နေထက်လင်း

$
0
0

သရုပ်ဆောင် နေထက်လင်းက မြန်မာ့ရုပ်ရှင်ကို ကိုရီးယားရုပ်ရှင်ကဲ့သို့ တိုးတက်စေရန်အတွက် ရုပ်ရှင်စတူဒီယိုများ ဆောက်လုပ်ကာ နောက်ပိုင်းပေါ်ထွက်လာမယ့် သရုပ်ဆောင်သစ်များကို ပြိုင်ပွဲများပြုလုပ်ပြီး လေ့ကျင့်သင်ကြား ပေးချင်တဲ့ စိတ်ကူးရှိတယ်လို့ ဧရာဝတီကို ပြောဆိုပါတယ်။

“ကျနော်တို့မြန်မာမျက်နှာကျတွေ၊ စကားပြောတဲ့ အသံနေအသံထားက ကိုရီးယားနဲ့ တော်တော်တူတယ်။ နောက်ပိုင်း ထွက်လာမယ့် သရုပ်ဆောင်တွေအကုန်လုံးကို လေ့ကျင့်ပေးမယ်။ ပြိုင်ပွဲတွေလုပ်မယ်။ ကိုရီးယားပုံစံမျိုး စတူဒီယို ဆောက်မယ်။ နန်းတော်ဆောက်မယ်။ ကျနော့်ရဲ့အိပ်မက်ပေါ့။ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖြစ်ရင်လည်း ဖြစ်လာမယ်။ မသေသေးသ၍တော့ လုပ်သွားမယ်။ အဲဒီအတွက် မီဒီယာဂရုတခုလုပ်သွားမယ်” လို့ ၎င်းက ဆိုပါတယ်။

သရုပ်ဆောင် နေထက်လင်းဟာ အနုပညာအလုပ်များကို ၂ နှစ်ကျော် ၃ နှစ်နီးပါး ရပ်နားခဲ့ရာမှ ယခုအခါ စာရေးဆရာမ မေသင်္ကြန်ဟိန်ရဲ့ ဲ့ “ကျမချစ်တဲ့သူတွေ” ဆိုတဲ့ ပင်ကိုယ်ရေးအတ္ထုပတ္တိဇာတ်လမ်းကို “မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ” ဆိုတဲ့ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးရာမှာ မေသင်္ကြန်ဟိန်ရဲ့ ဖခင်နေရာမှ ပါဝင် သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အနုပညာအလုပ်များကို ၃ နှစ်နီးပါး ရပ်နားထားချိန်များမှာလည်း ကိုရီးယားဇာတ်ကားများကို ကြည့်ရှုပြီး လေ့လာ နေခဲ့တယ်လို့လည်း သရုပ်ဆောင် နေထက်လင်းက ဆိုပါတယ်။

“အနုပညာအလုပ်တွေကို ၂ နှစ် ၃ နှစ်လောက်ကို နားခဲ့တယ်။ မဖြစ်သေးဘူး ပြန်လုပ်မှရမယ်။ ပရိသတ်လည်း ရှိသေးတာပဲ။ အနုပညာသက်တမ်းကလည်း ၁၉၉၁/၁၉၉၂ ကစခဲ့တဲ့ အနုပညာကိုမြေမြုပ်လိုက်လို့ မကောင်းဘူး။ ကျနော်တို့ရုပ်ရှင်ကို ကိုရီးယားလိုမျိုးဖန်တီးချင်တယ်။ အဲဒါကြောင့် ဂျူမုံကားတွေကြည့်ပြီးတော့ ဒီကနေ့ထိ လေ့လာ တယ်။ နေ့တိုင်းကို ကိုရီးယားကားတွေထိုင်ကြည့်တယ်။ ဘာဖြစ်လို့ သူတို့လို ရိုက်လို့မရရမှာလဲ။ ရိုက်လို့ရအောင် ကျနော်လုပ်ပြမယ်” လို့ သူက ပြောပါတယ်။

ဖိုက်တင်သရုပ်ဆောင်မင်းသားအနေနဲ့ လူသိများထင်ရှားခဲ့တဲ့ သရုပ်ဆောင်နေထက်လင်းဟာ စွယ်စုံရ မင်းသား တယောက်ဖြစ်ချင်ခဲ့ပြီး အခြေအနေအရ ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီလည်းမရှိခဲ့တဲ့အတွက် ဖိုက်တင်မင်းသားတယောက် ဖြစ်ခဲ့ရတာပါလို့လည်း ဆိုပါတယ်။

“ကျနော်က စွယ်စုံရမင်းသားပဲဖြစ်ချင်တာပါ။ အက်ရှင်မင်းသားဖြစ်သွားတာက ရုပ်ရှင်ဆိုတာဝင်တိုးရတာမလွယ်ဘူး။ ကျနော်မှာ ကုမ္ပဏီအပိုင်လည်းမရှိဘူး။ အဲဒီလိုမရှိတော့ ဖိုက်တင်ပိုင်းကို ဝင်တိုးရတဲ့အတွက် ဖိုက်တင်မင်းသား ဖြစ်သွားတာပါ။ ကျနော်က စွယ်စုံရမင်းသားပဲဖြစ်ချင်တာပါ” လို့ သရုပ်ဆောင် နေထက်လင်းက ပြောပါတယ်။

The post မြန်မာ့ရုပ်ရှင်ကို ကိုရီးယားရုပ်ရှင်လို တိုးတက်အောင် ဖန်တီးမယ်ဆိုတဲ့ နေထက်လင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...