Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရခိုင်ပြည်အရေးကြောင့် Monsoon Madness ဂီတပွဲဖျော်ဖြေရန် ပြည်ပဂီတပညာရှင်များ ငြင်းဆို

$
0
0

စက်တင်ဘာလ ၂၃ ရက်နေ့တွင် သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံတွင်ပြုလုပ်မယ့် Monsoon Madness Music Festival တွင် လာရောက် ဖျော်ဖြေရန်အတွက် ဖိတ်ကြားထားတဲ့ ပြည်ပမှ ဂီတပညာရှင်တချို့ဟာ ပြည်ပ မီဒီယာများတွင်ပျံနံှနေသော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်သတင်းများကို အခြေခံပြီး “လူ့အခွင့်အရေး” ဟူသော အကြောင်းပြချက်၊ သတင်းစကားတချို့ကြောင့် လာရောက်ဖျော်ဖြေရန် မဖြစ်နိုင်တော့ဘူးလို့ Monsoon Madness Music Festival ရဲ့ ပွဲစီစဉ်သူများက ကြေညာလိုက်ပါတယ်။

“ကျနော်တို့အဖွဲ့အနေဖြင့် ပြည်ပဂီတပညာရှင်အချို့ မလာရောက်သော်လည်း ဂီတပွဲတော်အား ကျန်ရှိသော ကြော်ငြာပြီးသားအနုပညာရှင်များ၊ ကျနော်တို့ကို အခက်အခဲကြားက ပံ့ပိုးကူညီကြသော ထပ်မံဖိတ်ကြားထားသည့် ပြည်ပဂီတပညာရှင်များနဲ့အတူ မြန်မာ့ဂီတပညာရှင်များ၊ မြန်မာ့နိုင်ငံကျော် အဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် အစစအရာရာ ကြိုးပမ်းအားထုတ်လျက်ရှိပါတယ်” လို့ ပွဲစီစဉ်သူများက ပြောထားပါတယ်။

ကမ္ဘာကျော်ဂီတပညာရှင်တွေဖြစ်တဲ့ Axwell Λ Ingrosso, Oliver Heldens, Ummet Ozcan နဲ့ Far East Movement တို့ဟာ ဒီ ဂီတပွဲမှာ ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမယ့် ရခိုင်ဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် အကြောင်းအမျိုးမျိုးပြပြီး ပါဝင်ဖျော်ဖြေရန် ငြင်းဆန်ကာ ပါဝင်ခြင်း မရှိတော့သော်လည်း ဂီတပွဲကိုတော့ ဖျက်သိမ်းသွားမှာမဟုတ်ဘဲ အောင်အောင်မြင်မြင် ဆက်လက်ကျင်းပသွားမှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ကြေညာခဲ့ပါတယ်။

Monsoon Madness Music Festival ဖျော်ဖြေပွဲကိုကျင်းပရန်အတွက် ရန်ကုန်မြို့ရှိ အစိုးရအဖွဲ့ရဲ့အာမခံချက်များ ၊ သက်ဆိုင်ရာသံရုံးများရဲ့အာမခံချက်များလည်းရှိကြောင်း အနူးအညွှတ်တောင်းပန်ပြီး လာရောက်ဖျော်ဖြေပေးရန် အနုပညာရှင်များကို ညှိနှိုင်းခဲ့သော်လည်း ၎င်းတို့ဘက်မှ အကြောင်းမျိုးစုံပြပြီး လာရောက်ဖျော်ဖြေရန် မဖြစ်နိုင်ကြောင်းကိုသာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီ ဂီတပွဲတော်တွင် ပြည်တွင်းကအဆိုတော်တွေဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သူငယ်ချင်းများ၊ Mary ၊ အမွန်းနဲ့ Project K တို့က ပါဝင်သီဆိုမှာဖြစ်ပြီး ပြည်ပဂီတပညာရှင်တွေအနေနဲ့ထိုင်းနိုင်ငံမှ နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ Thaitanium ဂီတအဖွဲ့၊ မူရင်းသီချင်းတွေကို Remix တွေလုပ်ပြီး ပြန်လည်ဖြန့်ချိထားတဲ့ DJ အဖွဲ့ဖြစ်တဲ့ Stadiumx ၊ DJ/producer တစ်ယောက်ဖြစ်တဲ့ MOTi ၊ ကမ္ဘာ့အကောင်းဆုံး DJ ပညာရှင်များထဲတွင် ပါဝင်တဲ့ ဂီတပညာရှင် Dannic၊ ကမ္ဘာအဆင့် ၂၇ နေရာမှာရှိနေတဲ့ ရုရှားနိုင်ငံရဲ့ထိပ်တန်း DJ အဖွဲ့ဖြစ်တဲ့ Swanky Tunes၊ ကမ္ဘာ့အကောင်းဆုံး DJ ပညာရှင်အယောက် ၁၀၀ ထဲမှာ လေးနှစ်ဆက်တိုက်ပါဝင်ထားတဲ့ DYRO စတဲ့ ကမ္ဘာ့ထိပ်တန်း ဂီတပညာရှင်တွေပါဝင်မယ့် ပွဲတပွဲဖြစ်ပါတယ်။

Indoor Music Festival ဂီတပွဲတော်ဖြစ်တဲ့ Monsoon Madness Music Festival ဟာ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီကနေ ည ၁ဝ နာရီအထိ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတကာမှ နာမည်ကြီး DJ ပညာရှင်များ၊ နိုင်ငံတကာအဆိုတော်များ၊ ဂီတအကပညာရှင်များရဲ့ Live Performance များနဲ့ ဖက်ရှင်ဖန်တီးမှုများကို ပေါင်းစပ်ကာ တင်ဆက်ပြသမယ့် ဂီတပွဲတော်တခုလည်း ဖြစ်ပါတယ်။

အဆိုပါ ဖျော်ဖြေပွဲတွင် ဂီတအမျိုးအစားစုံစုံလင်လင်ကို တွေ့မြင်ရမှာဖြစ်ပြီး နာမည်ကျော် Brand များကို ဝတ်ဆင်ပြသမယ့် ဖက်ရှင်ရှိုးပွဲများလည်း ပေါင်းစပ်ထည့်သွင်း ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

The post ရခိုင်ပြည်အရေးကြောင့် Monsoon Madness ဂီတပွဲဖျော်ဖြေရန် ပြည်ပဂီတပညာရှင်များ ငြင်းဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်