Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၇ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော် နေပြည်တော်ရုပ်ရှင်ရုံတွင် ပြုလုပ်မည်

$
0
0

မြန်မာနိုင်ငံတွင် ၂၇ ကြိမ်မြောက်အဖြစ် ပြုလုပ်ကျင်းပမယ့် ဥရောပရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိ ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပွဲချိန်များကိုတော့ ညနေ ၃ နာရီခွဲနဲ့ ၆ နာရီခွဲ ဆိုပြီး တနေ့လျှင်၂ ကြိမ် သတ်မှတ်ထားကာ ကလေးရုပ်ရှင်များကို အောက်တိုဘာလ ၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ဒဂုံ ၁ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြသသွားမှာ ဖြစ်ပါတယ်။ လက်မှတ်များကိုတော့ ပွဲမစတင်မီ  မိနစ် ၃၀ အလိုတွင် အခမဲ့ပေးဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ် ရုပ်ရှင်ပွဲတော်တွင် ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျာမနီ၊ ဆွီဒင်၊ပြင်သစ်၊ ယူကေ၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ နယ်သာလန်၊ ဖင်လန်၊ စပိန်တို့မှ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၄ ကားကို အင်္ဂလိပ်စာတန်းထိုးဖြင့် အခမဲ့ ပြသသွားမှာဖြစ်ပြီး အဆိုပါ ရုပ်ရှင် ၁၄ ကားတွင် လူကြီးများအတွက် ရုပ်ရှင်ဇာတ်ကား ၁၁ ကားနဲ့ ကလေးများအတွက် ရုပ်ရှင်ဇာတ်ကား ၃ ကား ပါဝင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာရောက်ကြည့်ရှုကြမယ့် ရုပ်ရှင်ကြည့်ပရိသတ်များအနေနဲ့ အနုပညာနှင့် စိတ်ပိုင်းဆိုင်ရာ အသားပေးရိုက်ကူးထားတဲ့ ဘဝနေထိုင်မှု၊ စီးပွားရေးအခြေအနေ၊ သမိုင်းဖြစ်ရပ်များကို ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဥရောပ ရုပ်ရှင်ပွဲတော်ကို ၁၉၉၁ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့ရှိ သံရုံးအချို့မှ ဦးဆောင်၍ ပထမဦးဆုံးအကြိမ် စီစဉ် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

The post ၂၇ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော် နေပြည်တော်ရုပ်ရှင်ရုံတွင် ပြုလုပ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles