Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသုံးမကြီး၊ ဘဝမမေ့တဲ့ ကမ္ဘာကျော်ဆယ်လီများ

$
0
0

အခု ပြောမယ့် ဆယ်လီတွေက အောင်မြင်မှုတွေကြောင့် ဒေါ်လာ မီလျံနာ၊ ဘီလျံနာတွေ ဖြစ်လာသည့်တိုင်အောင် ဘ၀မမေ့ဘဲ အရင်ကလို အသုံးမှန်မှန်နဲ့ အဖြုန်းအတီးနည်းတဲ့ ဆယ်လီတွေအကြောင်းပဲ ဖြစ်ပြီး ကျနော်တို့လည်း အတုယူနိုင်အောင် နည်းနည်းလောက် ပြောပြချင်ပါတယ်။

(၁) Jennifer Lawrence

၂၀၁၁ခုနှစ် အတွင်းမှာ သူမအတွက် ပထမဆုံး အော်စကာဆုကို Winter’s Bone နဲ့ ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ နာမည် ကျော် ရုပ်ရှင် The Hunger Games မှာ ပါဝင်ခွင့် ရလာတယ်၊ ဒီလို အောင်မြင်မှုတွေ ရနေပေမယ့် အခုချိန်ထိအောင် လောရန့်တယောက် ဒေါ်လာ ၃၉၀၀၀ပဲ တန်တဲ့ Volkswagen Eos လို မော်ဒယ်ကို စီးနင်းနေဆဲ ဖြစ်ပါတယ်။

သူမကတော့ ဟောလီးဝုဒ်မှာ ကားကောင်းကောင်း စီးပြဖို့ထက် နာမည်တလုံးကျန်အောင် လုပ်ဖို့ပဲ စဉ်းစားနေမိတယ်လို့ ပြောတာ တွေ့ရပါတယ်။

(၂) Peter Dinklage

လူကြိုက်များ ဇာတ်ကားတကား ဖြစ်တဲ့ Games of Thrones မှာ ပါဝင်နေတဲ့ သူက ဥရောပမှာ ရိုက်ကွင်း မရှိရင် နယူး ယောက်မြို့၊ ဟက်ဆန်(Hudson) တောင်ကြားက သူ့အိမ်မှာ သူရဲ့ ဇနီးရယ် သမီးရယ်နဲ့ အတူ ပြန်လာနေလေ့ရှိတာ တွေ့ ရပါတယ်။ တခြား နာမည်ကြီးတွေလို ဟောလီးဝုဒ်ကို ပြောင်းနေတာ မတွေ့ရပါဘူး။

(၃) Jay Leno

သူက မော်တော်ကားစုဆောင်းသူ သရုပ်ဆောင်ကြီးအဖြစ် လူသိများပါတယ်။ သူ့မှာ အလုပ် ၂ခု ရှိပါတယ်။ အလုပ်တခုက ရတဲ့ ပိုက်ဆံကို သုံးပြီး နောက်တခုက ရတဲ့ပိုက်ဆံကို အမြဲစုထားတယ်လို့ ဆိုပါတယ်။

ရှေ့ပိုင်းမှာ ဟာသသရုပ်ဆောင်အဖြစ် နာမည်ရတဲ့ လီနိုက ကားစုတယ်၊ ကား အရောင်းအဝယ်လည်း လုပ်ပါတယ်။ ကား ဝယ်ရောင်းလုပ်လို့ရတဲ့ ပိုက်ဆံကို သုံးပြီး သရုပ်ဆောင်ခတွေကို စုထားတယ်လို့ သိရပါတယ်။

နောက်ပိုင်း NBC သတင်းဌာနရဲ့ Tonight Show မှာ ပါဝင်ခွင့်ရတယ်၊ တနှစ်ကို သရုပ်ဆောင်ခ သန်း ၃၀ လောက် ရနေ ပေမယ့် အဆိုပါ ငွေအားလုံးကို မသုံးဘဲ စုထားတယ်လို့ သိရပါတယ်။

(၄) Kristen Bell

၂၀၁၂ခုနှစ်အတွင်းက ဘဲလ်ကို Conan O’Brein ကနေ အင်တာဗျူးမှာ သူမအနေနဲ့ အများစုသော ဈေးဝယ်မှုတွေကို အပို ရ ကူပွန်တွေနဲ့ ဝယ်ကြောင်း၊ အများဆုံး ဈေးဝယ်မှုကို ၂၀ ရာခိုင်နှုန်းထိအောင် ကူပွန်ကြောင့် လျှော့ဈေးပေးတဲ့ Bed Bath & Beyond မှာ ဝယ်တယ်လို့ ဖြေခဲ့တာ တွေ့ရပါတယ်။

တခါတလေ အိမ်နီးနားချင်းတွေရဲ့ စာတိုက်ပုံးထဲက ကူပွန်တချို့ကိုတောင် မသိအောင် ယူထားမိခဲ့တယ်လို့လည်း ဝန်ခံခဲ့တာ တွေ့ရပါတယ်။

သူမက ကျမ ညဘက်တွေမှာ ခွေးလေးနဲ့ လမ်းလျှောက်ထွက်ဖြစ်တယ်၊ အဲဒီမှာ တခြားအိမ်ရဲ့စာတိုက်ပုံးထဲက ကူပွန်လေး အ စထွက်နေတာ တွေ့ရင် ယူဖြစ်ခဲ့မိတယ်လို့ ဆိုပါတယ်။

သူမရဲ့အိမ်ထောင်ဖက် Dax Shepard နဲ့ လက်ထပ်ပွဲမှာလည်း ပွဲ အစ၊ အဆုံး၊ အခမ်းအနားကို သွားတဲ့ကားဆီဖိုး အပါအ ဝင် ဒေါ်လာ ၁၄၂ ဒေါ်လာနဲ့ ပြီးအောင် မင်္ဂလာဆောင်ခဲ့လို့ မင်္ဂလာစရိတ် အနည်းဆုံး သုံးတဲ့ဆယ်လီအဖြစ်လည်း မှတ်တမ်း ဝင်နေတာ တွေ့ရပါတယ်။

(ဒီဇိုင်း- ကျော်မျိုးထိုက်/ ဧရာဝတီ)

(၅) Pope Francis

သမိုင်းကြောင်းတလျှောက်မှာတော့ ပုပ်ရဟန်းမင်းတွေဆိုတာ ဘုရင်တွေလို နေထိုင်ခဲ့ကြပေမယ့် လက်ရှိ ပုပ်ရဟန်းမင်း ဖ ရန့်စစ်အတွက်တော့ မဟုတ်ပါဘူး၊ ဗာတီကန်မြို့တော်က ပါပယ်(Papal) အဆောက်အဦမှာ မနေဘဲ ဗာတီကန်က အခန်း ၃ ခန်းပဲ ရှိတဲ့ ဧည့်ရိပ်သာမှာ နေထိုင်တာ တွေ့ရပါတယ်။

အဝတ်အစားဆိုရင်လည်း အကောင်းစားတွေ ဝတ်ဆင်ခြင်း မရှိဘဲ ပုံမှန် တန်ဖိုးနည်း အဝတ်အစားတွေပဲ ဝတ်တယ်လို့ ဆိုပါ တယ်။

(၆) Dave Grohl

သူက မိသားစုကို ဦးစားပေး အလေးထားသည့်တိုင်အောင် သူ့ရဲ့ငွေကြေးတွေကတော့ ဘဏ်အကောင့်ထဲမှာပဲ ထားပြီး ထုတ် မသုံးတတ်ဘူးလို့ သိရပါတယ်။ ကားကလည်း တန်ဖိုးနည်းကား၊ အိမ်ကလည်း မိသားစုအတွက် လုံလောက်ရုံ အရွယ်ပဲ ဆောက်ပြီး နေတယ်။

အလုပ်အတွက် အသံသွင်းစတူဒီယိုတခုပဲ ကောင်းကောင်း ဖန်တီးထားတာ တွေ့ရပါတယ်။ သူက အခုထက် ပိုကောင်းတဲ့ စ တူဒီယိုကို ပိုင်ဆိုင်လုပ်ကိုင်ချင်နေတာ ဖြစ်ပြီး ကိုယ်ပိုင်အသုံးထက် စတူဒီယိုအတွက်ပဲ နောက်ထပ်လည်း ရင်းနှီးသွားဖို့ ရှိ တယ်လို့ ဆိုပါတယ်။

(၇) Warren Buffett

ဘီလျံနာ တယောက်ဖြစ်နေပြီ ဖြစ်သည့်တိုင်အောင် Buffett တယောက် ၁၉၅၈ခုနှစ်က ဒေါ်လာ ၃၁၅၀၀နဲ့ ဝယ်ယူထားတဲ့ အိပ်ခန်း ၅ခန်းပါရှိတဲ့ အိုမာဟား (Omaha) က အိမ်မှာ နေနေဆဲ ဖြစ်ပါတယ်။

ဒီနေ့အချိန်မှာ Buffettဟာ ဒေါ်လာ ဘီလီယံ ၈၀ထိအောင် ချမ်းသာနေပြီ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ ထိပ်ဆုံး ၅ ဦး စာရင်းဝင်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုထိအောင် နှစ်၆၀ သက်တမ်းရှိ အိမ်မှာ နေနေဆဲ ဖြစ်ပါတယ်။

(၈) Ludacris

Fast and Furious ထဲမှာတော့ ကားကောင်းကောင်းမောင်းပြပြီး ကားဆရာကြီးတပါး ဖြစ်တဲ့ လူဒရစ်က အပြင်မှာတော့ ၁၉၉၃ ခုနှစ်ကတည်းက ရှိနေတဲ့ Acura မော်ဒယ်လေးကိုပဲ အမြဲတမ်းစီးနင်းနေတာ တွေ့ရပါတယ်။

အရင်နှစ်ထဲမှာ အဆိုပါ ကားနဲ့ မတော်တဆမှု ဖြစ်ပြီး ကားပျက်စီးမှု ရှိခဲ့ပေမယ့် အသစ်မဝယ်ဘဲ ပြန်ပြင်စီးနေတာလည်း ဖြစ်ပါတယ်။ တော်တော်ကပ်စေးနဲတဲ့ မင်းသားပါပဲ။

www.businessinsider.com

The post အသုံးမကြီး၊ ဘဝမမေ့တဲ့ ကမ္ဘာကျော်ဆယ်လီများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...