Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Online မှ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲများ Media 7 မှ ရိုက်ကူးမည်

$
0
0

လူငယ်များကြားမှာ ဖြစ်လေဖြစ်ထရှိတဲ့ အချစ်ဇာတ်လမ်းများအကြောင်း အပိုင်း ၄ ပိုင်းပါဝင်မယ့် ရုပ်သံဇာတ်လမ်းတွဲတိုကို အွန်လိုင်းပေါ်မှ လူသိများတဲ့ သရုပ်ဆောင်မော်ဒယ်လ်များနဲ့ ရိုက်ကူးသွားမယ်လို့ Media 7 မှ ကိုဝေမင်းမောင်က ပြောပါတယ်။

“သရုပ်ဆောင်ရွေးချယ်မှုပိုင်းကတော့ အသစ်တွေကို ရိုက်ချင်တယ်။ အခုရိုက်မယ့်သူတွေကလည်း အသစ်သာပြောတာပါ။ အွန်လိုင်းပေါ်မှာ သူ့ဟာသူ ပရိသတ်အားပေးမှု အခိုင်အမာရထားပြီးသား သူတွေကို ကျနော်တို့က ရွေးချယ်ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲများကတော့ “လိပ်ပြာခေါင်မိုး”နဲ့ “မိုးတိမ်ကမ်းခြေအဝေးကလှေ”တို့ဖြစ်ပြီး “လိပ်ပြာခေါင်မိုး” ဇာတ်လမ်းတွဲတွင် တိုင်ရွန်၊ လင်းအောင်ခေတ်၊ ရတနာဖြူဖြူအောင်၊ သီရိကျော်တို့က ပါဝင် သရုပ်ဆောင် သွားမှာဖြစ်ကာ “မိုးတိမ်ကမ်းခြေအဝေးကလှေ”ထဲမှာတော့ အောင်လေး၊ ဖြိုးဇော်လင်း၊ ယမင်းမေဦး၊ Bella တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ ဇာတ်လမ်းတွဲများကို အွန်လိုင်းမှတဆင့် ပြသမယ့်အကြောင်းနဲ့ပတ်သက်ပြီး Media 7 မှ ကိုဝေမင်းမောင်က “အွန်လိုင်းခေတ်ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို အွန်လိုင်းကနေ ကြည့်ရှု ခံစားအားပေးလို့ရအောင် လုပ်ဖြစ်ပါတယ်။ ဒါကတော့ ဒုတိယမြောက်နဲ့ တတိယမြောက်ကားပေါ့” လို့ ပြောပါတယ်။

“လိပ်ပြာခေါင်မိုး”နဲ့ “မိုးတိမ်ကမ်းခြေအဝေးကလှေ” ဇာတ်လမ်းတွဲများကို ဇာတ်လမ်းဇာတ်ညွှန်း မိုးစက်ဝိုင်နဲ့ သူဝေး တို့က ရေးသားထားပြီး ဒါရိုက်တာ သားညီက နိုဝင်ဘာလတွင် စတင် ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကား ၂ ကားတွင် တကားကို အပိုင်း ၄ ပိုင်းပါဝင်မှာဖြစ်ပြီး တပတ်လျှင် တပိုင်းပြသမှာဖြစ်ကာ အပိုင်းတပိုင်းကို ၂၅ မိနစ်ကြာမြင့်မှာဖြစ်ပါတယ်။

ဒီ ဇာတ်လမ်းတွဲများဟာ Media 7 မှ စီစဉ်ကာ အွန်လိုင်းကတဆင့်ပြသမယ့် ဒုတိယမြောက်နဲ့ တတိယမြောက် ဇာတ်လမ်းတွဲများ ဖြစ်တယ်လို့ သိရပါတယ်။

The post Online မှ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲများ Media 7 မှ ရိုက်ကူးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...