Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၀၀ ပြည့်နှစ် အဆိုတော်များ ပြန်လည်ဖျော်ဖြေမယ့် Back To Millenium

$
0
0

၂၀၀၀ ပြည့်နှစ်များဆီက အောင်မြင်ကျော်ကြားခဲ့တဲ့ Acid, Theory, Examplez, Too Big, Teens, System, မြေပဲယို, Okra, No, Bambino, Kook စတဲ့ အဆိုတော်အဖွဲ့များရဲ့ သီချင်းများကို ပြန်လည် ခံစားခွင့်ရမယ့် “Back To Millenium” The Last Chapter ရှိုးပွဲကို မကြာခင် ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါ “Back To Millenium” The Last Chapter ရှိုးပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့၊ ရန်ကုန်မြို့၊ Thuwannabumi Event Park မှာ ည ၇ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“Back To Millenium ပွဲကို စလုပ်မယ်လို့ စဉ်းစားမိတာက ကိုဟဲလေးက စပြီး စဉ်းစားမိတာပါ။ ကိုဟဲလေးနဲ့ ကျနော်နဲ့ မင်္ဂလာဆောင်ပွဲတွေမှာ တွေ့တိုင်း ကျနော်တို့ အရင်တုန်းက လူတွေနဲ့ ပွဲလေး စီစဉ်ရအောင်ဆိုပြီး စဉ်းစားရင်း အကောင်အထည် ဖော်ဖြစ်ခဲ့တာပါ။ ဒီပွဲမှာပါတဲ့ ကျနော်တို့အဖွဲ့တွေ အကုန်လုံး ဆိုမယ့် သီချင်းတွေက ကျနော်တို့ ခေတ်က လူငယ်တွေ၊ အခုတော့ လူကြီးတွေ ဖြစ်ကုန်ပြီ ပေါ့နော်၊ အဲဒီ လူငယ်တွေ ပြန်ကဲမယ့် ပွဲပါ” လို့ အဆိုပါပွဲမှာ ပါဝင်သီဆို ဖျော်ဖြေမယ့် Acid အဖွဲ့မှ အဆိုတော် အနဂ္ဂက ပြောပါတယ်။

Back To Millenium ပွဲအကြောင်း သတင်းစာရှင်းလင်းပွဲ
သီဟတိုး/ ဧရာဝတီ

ပထမဆုံး အကြိမ် ကျင်းပခဲ့တဲ့ “Back To Millenium” ပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် “Back To Millenium” ပွဲကိုတော့ ဧပြီလ အတွင်းက မန္တလေးမြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ယခုကျင်းပတဲ့ “Back To Millenium” ဟာ ၃ ကြိမ်မြောက် ကျင်းပတဲ့ ပွဲဖြစ်ပြီး “Back To Millenium” အဖွဲ့သားများအနေနဲ့ နောက်ဆုံး ကျင်းပတဲ့ ပွဲဖြစ်တာကြောင့် The Last Chapter လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ Back To Millenium Family အနေနဲ့ နောက်တကြိမ် ပြန်ဖျော်ဖြေဖို့ဆိုတာ တနှစ်၊ ၂ နှစ်အတွင်း ပြန်ပြီးတော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ Acid နဲ့ မြေပဲယို တွဲပြီး ဖျော်ဖြေတာ ဖြစ်ကောင်းဖြစ်မယ်၊ Acid နဲ့ Theory ပေါင်းတာလည်း ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလိုမျိုးလေးတွေတော့ ကျနော်တို့ ဆိုကြမှာပါ။ Back To Millenium Family လိုက်ကြီး အနေနဲ့ကျ အားလုံးက သီချင်း အသစ်တွေ မရှိကြဘူး။ သီချင်းအသစ်တွေ မထွက်နိုင်တဲ့အခါကျ ဒါချည်းပဲ ထပ်ခါထပ်ခါဆိုရင် ပရိသတ်တွေကို အားနာတယ်။ အဲဒါကြောင့် ဒီပွဲလေးကို နောက်ဆုံး Chapter အနေနဲ့ ခဏလေး ရပ်ထားတာပါ။ လုံးဝကြီး သိမ်းလိုက်တဲ့ အနေနဲ့တော့ မဟုတ်ပါဘူး” လို့ Acid အဖွဲ့မှ အဆိုတော် ရန်ရန်ချန်းက ပြောပါတယ်။

Back To Millenium ပွဲအကြောင်း သတင်းစာရှင်းလင်းပွဲ
သီဟတိုး/ ဧရာဝတီ

“ပွဲမှာ အရင် သီချင်းဟောင်းတွေထဲက ပရိသတ် လက်ခံပြီးသားဖြစ်တဲ့ လက်ရှိအချိန်ထိ ပရိသတ် သိနေတဲ့ သီချင်းတွေပဲ ပြန်ဆိုမှာပါ။ စိတ်ခံစားချက်က အသစ်တယောက်လိုပါပဲ။ Stage စင်ပေါ် ပြန်တက်ရမယ် ဆိုတော့လေ ကြောက်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတွေပဲ အကုန် ပြန်တွေ့ ရမှာဆိုတော့ ပျော်လည်း ပျော်တယ်” လို့ တချိန်က နာမည်ကြီးခဲ့တဲ့ မိန်းကလေး အဆိုအဖွဲ့ဖြစ်တဲ့ Bambino မှ ပြောပါတယ်။

Bambino အဖွဲ့အနေနဲ့ ၂၀၀၃ ခုနှစ်လောက်မှ စတင်ကာ ၂၀၀၇ ခုနှစ်အထိ သီချင်းများ သီဆိုခဲ့တာ ဖြစ်ပြီး ယခုဆိုရင် ပရိသတ်နဲ့ ဝေးကွာနေတာ ၁၀ နှစ်ကျော် ကြာပြီလို့ သိရပါတယ်။ Bambino အဖွဲ့ရဲ့ Rap သီချင်းတွေဟာ ၂၀၀၀ ပြည့်နှစ် အချိန်က လူငယ် ပရိသတ်တွေကြားမှာ အထူး ရေးပန်းစား ခဲ့ပါတယ်။

ပွဲမှာ ပြန်လည် ဖျော်ဖြေမယ့် သီချင်းတွေနဲ့ ပတ်သက်ပြီး “ပရိသတ်တွေ အများဆုံး တောင်းဆိုတဲ့ သီချင်းတွေကို အရင် Version အတိုင်းလေးပဲ Bambino ရဲ့ Mood လေးအတိုင်းပဲ သီဆိုသွားမှာပါ။ Facebook မှာတော့ ပရိသတ်တွေက ဘယ်သီချင်းလေးတွေ နားထောင်ချင်တယ်လို့ Comment ပေးထားတာတွေ ရှိတယ်။ အဲဒါတွေ List လုပ်ထားပြီး ပွဲမှာ ပြန်ဆိုသွားမှာပါ” လို့ Bambino အဖွဲ့က ပြောပါတယ်။

“Back To Millenium” ရှိုးပွဲကို Nine Planets, Creation Media နဲ့ Milky Way ကုမ္ပဏီတို့က ဦးစီး စီစဉ်တာဖြစ်ပြီး လက်မှတ်ခ ဈေးနှုန်းများအနေနဲ့ VVIP (Exclusive) ၇ သောင်းကျပ်၊ VVIP ၅ သောင်း ကျပ်၊ VIP ၃ သောင်းကျပ်၊ Party Zone ၂ သောင်းခွဲကျပ်နဲ့ General Admission ၁ သောင်းကျပ် စသဖြင့် အသီးသီး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

The post ၂၀၀၀ ပြည့်နှစ် အဆိုတော်များ ပြန်လည်ဖျော်ဖြေမယ့် Back To Millenium appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...