Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိမ်ထောင်ပြုပြီးနောက် အနုပညာအလုပ် ဆက်လုပ်သွားမယ့် နန်းမြတ်ဖြိုးသင်း

$
0
0

ယခု နိုဝင်ဘာလထဲတွင် မင်္ဂလာပွဲများပြုလုပ်တော့မှာဖြစ်တဲ့ သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းက အိမ်ထောင်ပြုပြီးပါကလည်း အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်သွားမယ်လု့ိ သိရပါတယ်။

“အိမ်မှာပဲနေတဲ့ အမျိုးသမီးတယောက်မဟုတ်ဘဲနဲ့ အလုပ်လုပ်နေတဲ့ အမျိုးသမီးတယောက်ဖြစ်ချင်တဲ့အတွက် ဆက်ပြီးလုပ်မယ်ဆိုတော့ နားလည်ပေးပါတယ်။ အစကတော့မလုပ်စေချင်ဘူးပေါ့။ အေးဆေးနေ သူရှာကျွေးတာ ထိုင်စားပေါ့။ နန်းမြတ်ကတော့ အနုပညာအလုပ်ကို ဝါသနာပါတယ်။ နောက်ပြီးကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်တဲ့အတွက် ဆက်လုပ်သွားမှာပါ” လို့ သူကပြောပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက နိုဝင်ဘာလတွင် မင်္ဂလာဆောင်တော့မယ့်အကြောင်းကို ရုတ်တရက်ကြေညာပြီး ပရိသတ်ကို အံ့အားသင့်စေခဲ့ကာ မင်္ဂလာအစီအစဉ်များကိုလည်း ထူးထူးခြားခြားနဲ့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“မင်္ဂလာ အစီအစဉ်တွေကတော့ နိုဝင်ဘာလ ၆ ရက်နေ့မှာ လက်မှတ်ထိုးပါမယ်။ အဲဒါကတော့ ကမ်းခြေတခုမှာ လုပ်ဖြစ်မယ်။ ၁၈ ရက်နေ့ကတော့ မင်္ဂလာဦးဆွမ်းကျွေး ၂၆ ရက်နေ့မှာ စုလျားရစ်ပတ်ကို ဆီဒိုးနားမှာ လုပ်မယ်။ ၂၇ ရက်နေ့မှာ Dinner ကို အင်းလျားလိတ်မှာ လုပ်မယ်” လို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ချစ်သူစုံတွဲဟာ ချစ်သူသက်တမ်း ၃ နှစ်ခွဲအကြာမှာ မင်္ဂလာပွဲကို ပြုလုပ်စီစဉ်တာဖြစ်ပြီး Pre Wedding ပုံများကိုလည်း ပြည်တွင်း ပြည်ပ နေရာအနှံ့အပြားမှာ ရိုက်ကူးခဲ့တာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ထူးခြားတဲ့ Pre Wedding ပုံများ ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး နန်းမြတ်ဖြိုးသင်းက “နန်းမြတ်တို့က ချစ်သူသက်တမ်း သုံးနှစ်ခွဲမှာ အိမ်ထောင်ပြုတာပေါ့။ နန်းမြတ်ကတော့ ဟိုးအရင်ထဲက စဉ်းစားတယ်။ ကိုယ်ခရီးသွားရင်ရိုက်လာတဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်တဲ့အခါမှာ အဲဒီခရီးကိုပြန်ရောက်သွားသလို ခံစားရတယ်။ ကိုယ့်ဘဝတခုထူထောင်ရင်လည်း သားတွေသမီးတွေရလာရင်တောင် ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေက အမြဲရှိနေမှာဆိုတော့ ဘဝအတွက် အမှတ်တရတွေ အများကြီးလိုချင်တဲ့အတွက် ရိုက်ဖြစ်တာပါ” လို့ ဆိုပါတယ်။

The post အိမ်ထောင်ပြုပြီးနောက် အနုပညာအလုပ် ဆက်လုပ်သွားမယ့် နန်းမြတ်ဖြိုးသင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...