Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားမှ ဂျာမန်မင်းသမီး ကွယ်လွန်

$
0
0

၁၉၆၇ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ You Only Live Twice ဇာတ်ကားတွင် ဗြိတိသျှအေးဂျင့် 007 မှ ဂျိမ်းစ်ဘွန်းကို လုပ်ကြံသတ်ဖြတ်ဖို့စေလွှတ်ခြင်းခံရတဲ့ မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂျာမန်မင်းသမီး ကာရင်းဒေါဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သူမဟာ အသက် ၇၉ နှစ်ရှိပါပြီ။

မင်းသမီး ဒေါ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့ မြူးနစ်ဇာတ်ရုံတခုရဲ့အဆိုကို DPA ဂျာမန်သတင်းဌာနက ကိုးကားပြီး ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက သတင်းထုတ်ပြန်ခဲ့ရာ သူမဟာ နေအိမ်မှာပဲ တနင်္လာနေ့က ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါဟာ သူမရဲ့ဇာတိဖြစ်တဲ့ ဂျာမနီမှာ အသက် ၁၇ နှစ်အရွယ်ကစတင်လို့ ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်သံအစီအစဉ်များနဲ့ ပြဇာတ်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။

ဒေါဟာ အဲလ်ဖရက် ဟစ်ချ်ကော့ရဲ့ ၁၉၆၉ ကထွက်ရှိတဲ့ Topaz ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား၊ Ironside နဲ့ The FBI ဆိုတဲ့ အမေရိကန်မှုခင်းဇာတ်လမ်းတွဲများလည်း ပါဝင်သရုပ်ခဲ့ပါတယ်။

ဒါ့အပြင် သူမပါဝင်ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဇာတ်ကားများကတော့ Room 13(၁၉၆၄), The Faces of Fu Manchu(၁၉၆၅)၊ The Torture Chamber of Dr. Sadism (၁၉၆၇) ၊ Barker and Reinl – Warhead (၁၉၇၇), starring David Janssen, and I Am the Other Woman (၂၀၀၆) တို့ပဲဖြစ်ပါတယ်။

သူမဟာ သုံးကြိမ်လက်ထပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ အမေရိကန် စတန့်သမားနဲ့မင်းသား ဂျော့ရိုဘော့တန်နဲ့ နောက်ဆုံးအိမ်ထောင်အဖြစ် ပေါင်းသင်းခဲ့ပါတယ်။

ကာရင်းဒေါဟာ ဂျိမ်းစ်ဘွန်းမင်းသားတလက်ဖြစ်တဲ့ မင်းသားကြီး ရှောင်ကွန်နရီနဲ့ You Only Live Twice ဆိုတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဆံပင်နီနီနဲ့ကောင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဂျိမ်းစ်ဘွန်းကို မာယာနဲ့လှည့်ဖြားပြီး လုပ်ကြံသတ်ဖြတ်ဖို့စေလွှတ်ခံရတဲ့သူအဖြစ် ပါဝင်ခဲ့ပါတယ်။

Ref: daily mail celebrity

The post ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားမှ ဂျာမန်မင်းသမီး ကွယ်လွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...