Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Myanmar Idol Season 3 ရဲ့ အကဲဖြတ်ဒိုင်တွေက ဘယ်သူတွေဖြစ်မလဲ

$
0
0

မြန်မာတနိုင်ငံလုံးက ပရိသတ်များစွာ ကြိုက်နှစ်သက်ကာ စောင့်မျှော်ကြည့်ရှုကြတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Season 3 ကို မကြာခင်မှာ ပြုလုပ်တော့မှာဖြစ်ကာ ပါဝင် အကဲဖြတ်ပေးကြမယ့် ဒိုင်လူကြီး ၃ ဦးထဲမှ ၂ ဦးကို ရွေးချယ်ထားပြီလို့ သိရပါတယ်။

သူတို့တွေကတော့ Myanmar Idol Season 2 မှာ “အန်ကယ်ကတော့ No ပါ” ဆိုတဲ့ စကားနဲ့ အမှတ်တရဖြစ်သွားခဲ့ရတဲ့ တေးသံရှင် မြန်မာပြည်သိန်းတန်နှင့် ယခု Season 3 တွင် အသစ်ပါဝင်လာတဲ့ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အများ ဆယ်စုနှစ်များစွာတိုင် အားပေးချစ်ခင်မှုရရှိခဲ့တဲ့ တေးသံရှင် ဟေမာနေဝင်း တို့ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်ပါဝင်မယ့် အမျိုးသမီး အကဲဖြတ်ဒိုင်တဦးကိုတော့ တေးသံရှင် ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်နဲ့ အိုင်ရင်းဇင်မာမြင့် တို့ ၃ ဦးထဲမှ တဦးကို Myanmar Idol ပရိသတ်တွေ ခန့်မှန်းနိုင်ရန်အတွက် ပဟေဠိပြုလုပ်ထားတယ်လို့လည်း သိရ ပါတယ်။

အဆိုပါ ၃ ဦးထဲမှ ပြိုင်ပွဲကရွေးချယ်ထားတဲ့ ဒိုင်တဦးအား ခန့်မှန်းပေးနိုင်သူ ၃ ဦးကို MPT မှ ငွေကျပ် ၂ သိန်းစီ ချီးမြှင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Idol Season 3 ကိုပြိုင်ပွဲဝင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်ရမယ့် Form များကို MNTV မှ ဒီဇင်ဘာ ၁ရက်နေ့မှ စတင်ကာ ကြေငြာပေးလျက်ရှိကာ မကြာခင်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ Myanmar Idol Season 3 မှာ အခမ်းအနားတက်ဆက်သူအဖြစ် ပြုလုပ်မယ့်သူကတော့ ပရိသတ်များနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်။

Myanmar Idol ရဲ့ ပထမဆုံးအကြိမ်ပြိုင်ပွဲကိုတော့ ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး အကဲဖြစ်ဒိုင်လူကြီးများအဖြစ် မေဆွိ၊ ရဲလေးနဲ့ ချမ်းချမ်းတို့က ပြုလုပ်ခဲ့ကြပြီး စောလားထော်ဝါး က Winner ဆုရရှိခဲ့ပါတယ်။
ပထမအကြိမ်ထက် ဒုတိယအကြိမ် ၂၀၁၇ ခုနှစ်တွင် ပရိသတ်အားပေးမှုပိုမိုရရှိလာခဲ့ကာ အဆိုပါ ပြိုင်ပွဲတွင် ပြုလုပ်ခဲ့တဲ့ အကဲဖြစ်ဒိုင်များကတော့ မြန်မာပြည်သိန်းတန်၊ မေဆွိ နဲ့ တင်ဇာမော်တို့ ဖြစ်ကြပြီး သားငယ်က Winner ဆု ကို ရရှိခဲ့ပါတယ်။

The post Myanmar Idol Season 3 ရဲ့ အကဲဖြတ်ဒိုင်တွေက ဘယ်သူတွေဖြစ်မလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...