Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောင်ကိုရီးယားမှာ လူကြည့်နှုန်း မြင့်မားနေတဲ့ “Return”ရုပ်သံဇာတ်လမ်းတွဲ

$
0
0

တောင်ကိုရီးယားနိုင်ငံ၊ SBS ရုပ်သံလိုင်းကနေ အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့တိုင်း ထုတ်လွှင့်ပြသနေတဲ့ “Return” ရုပ်သံဇာတ်လမ်းတွဲဟာ အခုဆိုရင် ကြည့်ရှုသူ၊ လူကြည့်နှုန်း ဆက်လက် မြင့်မားနေဆဲဖြစ်ပြီး ပရိသတ်တွေကို အထူး ဆွဲဆောင်ထားတယ်လို့ သိရပါတယ်။

ကြည့်ရှုသူ ပရိသတ်လူဦးရေ၊ လူကြည့်နှုန်း သုတေသန ကုမ္ပဏီတခု ဖြစ်တဲ့ Nielsen Korea ကုမ္ပဏီရဲ့ အဆိုအရ မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့ အပိုင်းတွေမှာ လူကြည့်နှုန်း ၁၅ ဒဿမ ၈ ရာခိုင်နှုန်း (နိုင်ငံတဝန်း ၁၄ ဒဿမ ၂ ရာခိုင်နှုန်း) နဲ့ ၁၇ ဒဿမ ၇ ရာခိုင်နှုန်း (နိုင်ငံတဝန်း ၁၆ ရာခိုင်နှုန်း) ရရှိခဲ့တာကို တွေ့ရပါတယ်။

အဆိုပါ လူကြည့်နှုန်းတွေကြောင့် “Return” ဇာတ်လမ်းတွဲဟာ လူကြည့်နှုန်း ၉ ဒဿမ ၁ ရာခိုင်နှုန်းရှိတဲ့ KBS2 ရုပ်သံလိုင်းရဲ့ “Black Knight” ဇာတ်လမ်းတွဲနဲ့ လူကြည့်နှုန်း ၂ ဒဿမ ၃ နဲ့ ၂ ဒဿမ ၆ ရာခိုင်နှုန်း အသီးသီး ရှိနေတဲ့ MBC ရုပ်သံလိုင်းရဲ့ “Behind the White Tower” ဇာတ်လမ်းတွဲတို့ကို ကျော်တက်ပြီး ပထမနေရာကို ရောက်ရှိလာတာပါ။

Return” ရုပ်သံဇာတ်လမ်းတွဲ (ဓာတ်ပုံ – soompi.com)

“Return” ဇာတ်လမ်းတွဲဟာ ပြသပြီးတဲ့အပိုင်းမှာ ၁၈ ဒဿမ ၉ ရာခိုင်နှုန်းအထိ အမြင့်ဆုံးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ Drama ဇာတ်လမ်းတွဲဟာ အသက် ၂၀ ကနေ ၄၉ နှစ်ကြား လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ကောက်ခံ ရရှိထားတဲ့ အမှတ် ၂၀၄၉ အထိ ရောက်ရှိ ဦးဆောင်နိုင်ခဲ့ပြီး လူကြည့်နှုန်း ၆ ဒဿမ ၅ ရာခိုင်နှုန်း ရှိခဲ့တဲ့ အတွက် လူကြည့်နှုန်း ၃ ဒဿမ ၅ ရာခိုင်နှုန်းရှိတဲ့ “Black Knight” ဇာတ်လမ်းတွဲကို ကျော်တက်နိုင်ခဲ့တာပါ။

“Return” ဇာတ်လမ်း အကျဉ်းက မှုခင်းရုပ်သံ အစီအစဉ်တင်ဆက်သူ၊ ငွေကြေးမပြည့်စုံတဲ့ ရှေ့နေ ချွဲဂျယ်ဟေး (မင်းသမီး ဂိုယောင်းဂျောင်း) က အထက်တန်းလွှာ မိသားစုမှ လူငယ်တို့ ကျူးလွန်တယ်လို့ သုံးသပ်ရတဲ့ လူသတ်မှု တခုမှာ စုံထောက် ဒို့ဂိုယောင်း (လီဂျင်ဝု) နဲ့အတူ ပါဝင်စုံစမ်းရင်း တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့ ရေပေါ်ဆီ အထက်တန်းလွှာတို့ရဲ့ ဥပဒေဘောင်ကျော် လုပ်ဆောင်မှုတွေ ဖော်ထုတ်ပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Ref ; soompi.com

The post တောင်ကိုရီးယားမှာ လူကြည့်နှုန်း မြင့်မားနေတဲ့ “Return” ရုပ်သံဇာတ်လမ်းတွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...