Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နာမည်ကျော် “Spice Girls” အဖွဲ့ ပြန်လည် ဖွဲ့စည်းဖို့ အသင့်ဖြစ်နေပြီလား

$
0
0

၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် Mel B, Mel C, Emma Bunton, Geri Horner နဲ့ Victoria Beckham တို့ပါဝင်တဲ့ “Spice Girls” အဖွဲ့ဟာ သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေကို ဆွေးနွေးရန်တွေ့ဆုံဖို့ သဘောတူခဲ့ကြပြီးနောက် အဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Victoria Beckham ကတော့ သူ့ကိုသာ သီချင်းမဆိုခိုင်းဘူးလို့ အာမခံမယ်ဆိုရင် Simon Fuller ဦးဆောင်တဲ့ ပြန်လည်ဖွဲ့စည်းရေးအဖွဲ့ထဲ ပါဝင်လာမယ်လို့ သဘောတူထားတယ်ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။

“ဒါဟာထပ်ပြီး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားတဲ့ ပေါ့ပ်အဖွဲ့ ပြန်လည်ပေါင်းထုတ်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ စေ့စပ်ညှိနှိုင်းတာ တနှစ်လောက် ကြာပြီးနောက် Victoria က ဒီနှစ်အတွင်းမှာ ဂီတလုပ်ငန်း အသစ်တွေ လုပ်ကိုင်ဖို့ အချိန်ကို သဘောတူခဲ့တာပါ။ သူက နောက်ကြောင်း ပြန်မလှည့်နိုင်မှာ မဟုတ်ဘူးလို့ တရားသေ အမြဲ တွေးခဲ့ဖူးတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်” လို့ သတင်းအရင်းအမြစ်တခုက ဆိုပါတယ်။

အဖွဲ့ဝင်အားလုံးကတော့ သက်ဆိုင်ရာ မိသားစုရေးရာတွေ ရှိသေးတဲ့အတွက် အချိန်ပြည့် နယ်လှည့် ဖျော်ဖြေပွဲ အတွက်တော့ အာမခံ ပြောကြားထားတာ မရှိသေးပါဘူး။

အတွင်းသတင်း တခုအရ Victoria နဲ့ Geri တို့ဟာ မိသားစုနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့် အချိန်ပြည့် နယ်လှည့်ဖျော်ဖြေပွဲမှာပါဝင်ဖို့ မဖြစ်နိုင်ဘူးလို့ သဘောတူထားတဲ့အကြောင်း၊အခုတော့ ထိပ်တန်း ဒီဇိုင်နာတဦး ဖြစ်တဲ့ Victoria က သီချင်းဆိုဖို့နဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိနေပေမယ့် သူ့ရဲ့အရင် ဂီတစီးပွားရေးလုပ်ငန်းနဲ့ ငွေရှာ ချင်သေးကြောင်း The Sun သတင်းစာကို ပြောပါတယ်။

“Spice Girls” အဖွဲ့ ပြန်လည် ဖွဲ့စည်းမှု ဖြစ်နိုင်ချေကတော့ ၂၀၁၆ ခုနှစ်မှာ အဖွဲ့ဝင် Victoria က ဆန့်ကျင် ခဲ့ပြီးနောက် အဖွဲ့ဝင် Mel C ကလည်း ပြန်လည်ဖွဲ့စည်းမှုမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ချိန်မှာလည်း အဖွဲ့ပြန်လည် ဖွဲ့စည်းမှု ထင်ကြေးပေး ပြောဆိုမှုဟာလည်း ခဏတာသာ ဖြစ်ခဲ့ပါတယ်။

Ref ; Contactmusic.com

The post နာမည်ကျော် “Spice Girls” အဖွဲ့ ပြန်လည် ဖွဲ့စည်းဖို့ အသင့်ဖြစ်နေပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...