Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ချစ်သူ၊ မုန်းသူတွေကို “ချစ်သူများနေ့”မှာ ရေမွှေး လက်ဆောင်ပေးမယ့် Kim Kardashian

$
0
0

Kim Kardashian (ကင်ကာဒရစ်ရှန်) ဟာ မကြာခင် ကျရောက်တော့မယ့် ချစ်သူများနေ့အတွက် ချစ်သူနဲ့ မုန်းသူတွေဆီကို ဖေဖော်ဝါရီလ ၁ ရက်နေ့က သူအသစ် မိတ်ဆက် ရောင်းချလိုက်တဲ့ ရေမွှေး လက်ဆောင် ပို့ပေးသွားမယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် ရုပ်သံစတား၊ အလှဘုရင်မ Kim ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က သူ့ရဲ့ Instagram အကောင့်ကနေ သူ့ကိုယ်ပိုင် အမှတ်တံဆိပ် Kimoji Hearts KKW Fragrances ရေမွှေးတွေကို နီးစပ်တဲ့ သူငယ်ချင်းတချို့နဲ့ သူ့ကိုမုန်းတဲ့ သူ့ရဲ့ Haters (ရန်သူတော်တွေ) ဆီကို ပေးပို့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်း အွန်လိုင်းက သူ့ပရိသတ်တွေကို အသိပေး ပြောဆိုခဲ့ပါတယ်။

ရုပ်သံစတား တယောက်ဖြစ်တဲ့ Kim က “ပရိသတ်တို့ရေ၊ ကျမရဲ့ လက်ဆောင်သေတ္တာ စာရင်းကို အခု ရေးနေပါတယ်။ အဲဒါတွေကို ဒီအတိုင်း ပို့လိုက်မှာ ဖြစ်ပေမယ့် အခုလာမယ့် “ချစ်သူများနေ့” အတွက် ပို့ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။လူတိုင်းဟာ ချစ်သူများနေ့အတွက် ထိုက်တန်ပါတယ်။ ဒါကြောင့် ကျမရဲ့ ချစ်သူတွေ၊ မုန်းသူတွေ၊ ချစ်သူများနေ့အတွက် ကျမစဉ်းစားထားတဲ့ လူတိုင်းဆီကို ပေးပို့သွားမှာပါ” လို့ ပြောပြီး လက်ဆောင် ပို့ပေးမယ့် လူစာရင်းကို ရေးသားထားတဲ့ အရောင်ခြယ် Note စာရွက်လေးတွေကို ပြသခဲ့ပါတယ်။

အပြာရောင် Note စာရွက်မှာ ရေးထားတဲ့ နာမည်တွေထဲမှာဆိုရင် သူ့ရဲ့အစ်ကို Rob Kardashian ရဲ့ ရည်းစားဟောင်း Blac Chyna နဲ့ ၂၀၁၆ ခုနှစ်တုန်းက Kim နဲ့အတူ အဖော်အချွတ် Selfie ပုံတွေ တင်ခဲ့တဲ့ Bettee Midler တို့ကို ဝေဖန်ခဲ့ကြတဲ့ Chloe Moretz နဲ့ Piers Morgan တို့လည်း ပါဝင်တာ တွေ့ရပါတယ်။

Kim ရေမွှေး လက်ဆောင်ပို့ပေးမယ့် အနုပညာရှင် အချို့

Kim နဲ့ လက်ရှိခင်ပွန်းသည် Kanye West တို့ကို လက်မခံဘူးလို့ ၂၀၁၄ ခုနှစ်ထုတ် Vogue မျက်နှာဖုံးမှာ ဖော်ပြခဲ့ဖူးတဲ့ Sarah Michelle Gellar လည်း လက်ဆောင်ပေးမယ့် စာရင်းထဲမှာပါဝင်သလို၊ Kim ရဲ့ ညစ်ညမ်း ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး မကြာသေးခင်ကပဲ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ Wendy Williams နဲ့ Kim တို့ လင်မယားနှစ်ဦးအပေါ် ရန်ငြှိုးရှိခဲ့ဖူးတယ်ဆိုတဲ့ အဆိုတော် Taylor Swift တို့ ပါဝင်ပါတယ်။

ပန်းရောင် Note စာရွက်မှာ ရေးထားတဲ့ နာမည်တွေမှာတော့ သူ့ရဲ့ ညီအစ်မတွေဖြစ်တဲ့ Kris Jenner ၊ Chrissy Teigen တို့အပြင် Mariah Carey ၊ Cher နဲ့ Cardi B တို့လိုမျိုး ဂီတအဆိုတော်တွေလည်း ပါဝင်တာ တွေ့ရပါတယ်။

ဒါ့အပြင် “Keeping Up With the Kardashians” အစီအစဉ်နဲ့ သူ့မိသားစုရဲ့ ပရိသတ်ဖြစ်တဲ့ မင်းသမီး Jennifer Lawrence (ဂျန်နီဖာလောရန့်စ်)၊ သူနဲ့အတိတ်ကာတုန်းက ရန်ငြှိုးရှိခဲ့ဖူးတယ်လို့ဆိုတဲ့ Paris Hilton၊ အွန်လိုင်းပေါ်မှာ တပွဲတလမ်း အကဲစမ်းဖူးတဲ့ မင်းသမီး Lindsay Lohan တို့လည်း ပါဝင်ပါတယ်။

Kim ရဲ့ “Kimoji Hearts KKW Fragrances” ရေမွှေးအသစ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ စတင် ရောင်းချ လိုက်တာ ဖြစ်ပါတယ်။ ရနံ့တခုစီကို အရောင်တွေနဲ့ ခွဲခြားထားပြီး အပြာရောင်၊ ခရမ်းရောင်နဲ့ ပန်းရောင် စသဖြင့် အရောင်များ ရွေးချယ် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref ; aceshowbiz.com

The post ချစ်သူ၊ မုန်းသူတွေကို “ချစ်သူများနေ့”မှာ ရေမွှေး လက်ဆောင်ပေးမယ့် Kim Kardashian appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...