Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Running Man အစီအစဉ်မှ မင်းသား Lee Kwang Soo ပါဝင်တဲ့ “Live” ဇာတ်လမ်းတွဲ

$
0
0

Running Man အစီအစဉ်နဲ့ မြန်မာပရိသတ် အသည်းစွဲ မင်းသား Lee Kwang Soo ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ “Live” ကိုရီးယား Drama ဇာတ်လမ်းတွဲကို ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ကိုရီးယားနိုင်ငံ၊ tvN ရုပ်သံလိုင်းမှာ စတင် ပြသသွားမယ်လို့ သိရပါတယ်။

အဲဒီဇာတ်ကားမှာ မင်းသား Lee Kwang Soo နဲ့အတူအဓိက တွဲဖက် သရုပ်ဆောင်မယ့် မင်းသမီးက“Youn’s Kitchen” အစီအစဉ်နဲ့ လူသိများတဲ့ မင်းသမီး Jung Yu Mi ပဲ ဖြစ်ပါတယ်။ မင်းသမီး Jung Yu Mi က၂၀၁၆ ခုနှစ်မှာ ကိုရီးယားရဲ့ နာမည်ကျော် “Train To Busan” ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။

tvN ရုပ်သံလိုင်းကနေ ပြသသွားမယ့် “Live” ဇာတ်လမ်းတွဲမှာတော့ Lee Kwang Soo ဟာ စစ်မှုထမ်းတာဝန် ပြီးဆုံး သွားလို့ သာမန် အရပ်သားဘဝ ပြန်ရောက်သွားတဲ့ “Yeom Sang Soo” အဖြစ် သရုပ်ဆောင်ထားပြီး သူဟာ စစ်မှုထမ်း အပြီး ရဲအရာရှိ တယောက်အနေနဲ့ လုပ်ကိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။

“Live” ဇာတ်လမ်းတွဲမှာ ပါဝင်သော သရုပ်ဆောင်များ (ဓာတ်ပုံ – asianwiki)

မင်းသား Lee Kwan Soo နဲ့အတူ မင်းသမီး Jung Yu Mi က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲမေ “Han Jung Oh” အဖြစ် သရုပ်ဆောင်ထားပါတယ်။ ယောက်ျားလေးတွေနဲ့ အပြိုင် အမှုလိုက်ရာမှာ ထူးချွန်တဲ့ အမျိုးသမီး ရဲမေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးရဲ့ ကာရိုက်တာက အမျိုးသားဝါဒီတွေကို အနိုင်ယူချင်တဲ့ အမျိုးသမီးတဦးအဖြစ် ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မင်းသား Lee Kwan Soo နဲ့ မင်းသမီး Jung Yu Mi တို့ ရဲဝန်ထမ်း ဘဝမှာ အခက်အခဲ အတားအဆီးတွေနဲ့ ကြုံလာတဲ့ အခါ ဘယ်လို ဖြေရှင်း ဖော်ထုတ်သွားမလဲ။ သူတို့နှစ်ဦး ရင်ဆိုင်ရမယ့် ပြဿနာတွေကကော ဘာတွေဖြစ်မလဲ။ ဒီအခြေအနေကြားမှာ ပေါက်ဖွားလာတဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကရော ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာပါ။

မတော်တဆမှုကြောင့် ရာထူးချခံရပြီး ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ရဲမှူး “Oh Yang Chon” အဖြစ် မင်းသား Bae Sung Woo က ဇာတ်ပို့နေရာကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းက ရဲအရာရှိတွေရဲ့ တာဝန်ဝတ္တရားနဲ့ နေ့စဉ်ဘဝတွေကို လှစ်ဟပြရင်း ရဲဝန်ထမ်း ၃ ယောက်ရဲ့ မတူညီတဲ့ ဘဝဇာတ်ကြောင်းတွေကို ပုံဖော် ရိုက်ကူးထားတာပါ။

“Live” ဇာတ်လမ်းတွဲမှာ ပါဝင်သော သရုပ်ဆောင်များ (ဓာတ်ပုံ – asianwiki)

“Live” ဇာတ်လမ်းတွဲဟာ ဒါရိုက်တာ Kim Kyu Tae နဲ့ စာရေးဆရာ Noh Hee Kyung တို့ နှစ်ယောက်အတူ လက်တွဲ ရိုက်ကူးတဲ့ ၅ ကားမြောက် ဇာတ်လမ်းလို့ သိရပြီး မင်းသား Lee Kwang Soo ကတော့ ဒါရိုက်တာ၊ စာရေးဆရာ နှစ်ယောက်စလုံးနဲ့ “It’s Okay, That’s Love” , “Dear My Friends” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ အတူ လက်တွဲ လုပ်ကိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“Live” ရုပ်သံ ဇာတ်လမ်းတွဲကို မတ်လ ၁၀ ရက်နေ့ကစပြီး tvN ရုပ်သံလိုင်းကနေ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့များမှာ ကိုရီးယားစံတော်ချိန် ည ၉ နာရီ အချိန်၊ လက်ရှိ ပရိသတ်ကြည့်ရှုနှုန်း မြင့်မားနေတဲ့ “Hwayugi” ဇာတ်လမ်းတွဲ နေရာမှာ အစားထိုး ပြသသွားမယ်လို့ သိရပါတယ်။

Ref; asianwiki

The post Running Man အစီအစဉ်မှ မင်းသား Lee Kwang Soo ပါဝင်တဲ့ “Live” ဇာတ်လမ်းတွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...