Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တက္ကသိုလ်နောက်ခံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အသစ်များ ခေါ်ယူမယ့် သားညီ

$
0
0

မကြာခင်မှာ ရိုက်ကူးမယ့် တက္ကသိုလ်နောက်ခံ ရုပ်သံ ဇာတ်လမ်းတွဲအသစ်အတွက် သရုပ်ဆောင် အသစ်များ ခေါ်ယူဖို့ အစီအစဉ်ရှိတယ်လို့ ဒါရိုက်တာ သားညီက သူ့ Facebook အကောင့်ကနေ ကြေညာထားပါတယ်။

“သိပ်မကြာခင်မှာ ဇာတ်လမ်းတွဲ အသစ်တခုအတွက် သရုပ်ဆောင်များ ခေါ်ယူဖို့ အစီအစဉ်ရှိပါတယ်။ တက္ကသိုလ် နောက်ခံ ဇာတ်လမ်းတွဲဖြစ်လို့ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများအဖြစ် သရုပ်ဆောင်မယ့် အဓိက ဇာတ်ကောင်တွေကို လိုချင်တာပဲ ဖြစ်ပါတယ်” လို့ သားညီက ရေးသားထားပါတယ်။

ဒါရိုက်တာ သားညီ (ဓာတ်ပုံ – သားညီ Facebook)

အဆိုပါ ဇာတ်ကောင်များအတွက် ကိုက်ညီမယ့် ထူးထူးခြားခြား ရုပ်ရည်များနဲ့ သရုပ်ဆောင်အသစ်များကို ဦးစားပေး ရွေးချယ်သွားမှာဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံ ကြေငြာသွားမယ်လို့ သိရပါတယ်။

“ကျောင်းကို ချစ်တဲ့၊ ကျောင်းကို ချစ်ခဲ့တဲ့၊ ကျောင်းကို ချစ်နေတုန်းဖြစ်တဲ့ ကျနော့်အတွက်၊ ကျောင်းသူ၊ ကျောင်းသား ဟောင်းတွေအတွက် ကျောင်းအလွမ်းလေး ပြေလိုပြေငြားပေါ့ဗျာ” လို့ သားညီက ရေးသားထားပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒွေး (ခ) ကိုသားကြီးရဲ့ ညီတဝမ်းကွဲ ဖြစ်သူ သားညီဟာ လက်ရှိအချိန်မှာ ဒါရိုက်တာအနေနဲ့ ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများနဲ့ Music Video များ ရိုက်ကူးလျက် ရှိပါတယ်။

The post တက္ကသိုလ်နောက်ခံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အသစ်များ ခေါ်ယူမယ့် သားညီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...