Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းပြန်ရောက်လာတဲ့ “Jumanji” ရုပ်ရှင်

$
0
0

Sony ကုမ္ပဏီရဲ့ စွန့်စားခန်း အက်ရှင်ရုပ်ရှင်ဇာတ်ကား “Jumanji: Welcome to the Jungle” ဟာ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းကို Super Bowl သီတင်းပတ်အတွက် ပြန်လည်ရောက်ရှိလာပြီး ရုပ်ရှင်ရုံပေါင်း ၃၅၅၃ ခုမှာ ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ရရှိထားပါတယ်။

မင်းသား Dwayne Johnson နဲ့ Kevin Hart တို့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ အဆိုပါ အက်ရှင်ဟာသ ဇာတ်မြူး ရုပ်ရှင်က ရုံတင်ပြီး တတိယ၊ စတုတ္ထနဲ့ ပဉ္စမသီတင်းပတ် အကုန်ပိုင်းတွေမှာ ရုံဝင်ငွေ အများဆုံး ဖြစ်ခဲ့တာပါ။

ပြီးတော့ အခု “Jumanji” ရုပ်ရှင်ဟာ အမေရိကန်ပြည်တွင်းမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅၂ ဒဿမ ၆ သန်းကျော် ရရှိထားပြီး ရုံဝင်ငွေအမြင့်ဆုံး ရုပ်ရှင်စာရင်းမှာ နံပါတ် ၄၂ နေရာကနေ ရပ်တည်နေပါတယ်။ မင်းသား Johnson ရဲ့ “Furious 7” ရုပ်ရှင်ကတော့ ရုံဝင်ငွေ ကန် ဒေါ်လာ ၃၅၇ ဒဿမ ၆ သန်းနဲ့ နံပါတ် ၄၁ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

“Jumanji” ရုပ်ရှင်ကားဟာ ရုံတင်ပြီး သတ္တမမြောက် သီတင်းအပတ်မှာ ဒေါ်လာ ၁၁ သန်း ဝင်ငွေနဲ့ နံပါတ် ၁၁ နေရာမှာ ရပ်နေခဲ့ပြီး ၃၂ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပါသေးတယ်။

“Jumanji” ရုပ်ရှင်ကားတွင် ပါဝင်သော သရုပ်ဆောင်များ (ဓာတ်ပုံ – AFP)

Fox ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Maze Runner: The Death Cure” ရုပ်ရှင်ကတော့ ဝင်ငွေ ကန်ဒေါ်လာ ၁၀ ဒဿမ ၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းအပတ်ကမှ စတင်ရုံတင်ပြသခဲ့တဲ့ မင်းသမီးကြီး Helen Mirren ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “Winchester” ကတော့ ဝင်ငွေ ကန်ဒေါ်လာ ၉ ဒဿမ ၃ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

“Jumanji: Welcome to the Jungle” ရုပ်ရှင်ကတော့ ပဉ္စလက် ဗီဒီယိုဂိမ်းတခုထဲကို ရောက်ရှိသွားတဲ့ လူငယ ၄ ဦးဟာ ဂိမ်းကို ပြီးဆုံးအောင် ဆော့ကစားနိုင်ဖို့ အလုပ်အတူ တွဲလုပ်ကြတဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“Maze Runner” ရုပ်ရှင်စီးရီးရဲ့တတိယမြောက်နဲ့ နောက်ဆုံးအတွဲဖြစ်တဲ့ “Maze Runner: The Death Cure” ရုပ်ရှင်ကတော့ တိုက်ခိုက်မှုတွေနဲ့သာ ပြည့်နှက်နေတဲ့ ကမ္ဘာကနေ လူငယ်တဦးက အသက်ရှင် ကျန်ရစ်နိုင်ဖို့ ကြိုးစား ရုန်းကန်ရတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“Jumanji” ရုပ်ရှင်ကားတွင် ပါဝင်သော သရုပ်ဆောင်များ (ဓာတ်ပုံ – AFP)

“Maze Runner: The Death Cure” ရုပ်ရှင်ကားဟာ၂၀၁၆ ခုနှစ်မှာ မင်းသား Dylan O‘Brien အနေနဲ့ အဆိုပါ ဇာတ်ကား ရိုက်ကူးစဉ် ရိုက်ကွင်းမှာ ဒဏ်ရာရခဲ့တာကြောင့် တနှစ်လောက် နောက်ဆုတ်ပြီးမှ ရုံတင်ခဲ့ရတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။

“Winchester” ရုပ်ရှင်ကတော့ Sarah Winchester ဆောက်လုပ်ထားတဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျိုးစ်မြို့က တကယ့်လက်ရှိ အိမ်တစ်လုံးမှာ ဇာတ်အိမ်တည်ထားတာပါ။ ဝိညာဉ်တွေ နားခိုဖို့ အခန်းပေါင်း ၁၀၀ နဲ့ ဖွဲ့စည်း ဆောက်လုပ် ထားတဲ့ အထပ် ၇ ထပ်မြင့် အိမ်ကြီးမှာ ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်တွေ ဖြစ်ပေါ်ခဲ့တဲ့အကြောင်း ရင်တထိတ်ထိတ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Ref; REUTERS

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းပြန်ရောက်လာတဲ့ “Jumanji” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...