Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကျောင်းဝင်ခွင့် မသမာမှုနဲ့ ပတ်သက်ပြီး အဆိုတော် Jung Yong Hwa ရဲ့ အေဂျင်စီ ဝန်ချတောင်းပန်ခဲ့

$
0
0

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားတီးဝိုင်း CNBLUE မှ အဖွဲ့ဝင် Jung Yong Hwa ရဲ့ အေဂျင်စီက ပါရဂူဘွဲ့ တက်ရောက်ရန် ကျောင်းဝင်ခွင့်ရရှိခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် ကိစ္စရပ်အတွက် ဝန်ချတောင်းပန်လိုက်ပြီး အဆိုတော် Jung အနေနဲ့ စစ်မှုထမ်းဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

FNC Entertainment က “Jung Yong Hwa နဲ့ပတ်သက်တဲ့ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်များကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပရိသတ်တွေကို ကျနော်တို့ ဝန်ချတောင်းပန်ပါတယ်။ များပြားတဲ့ နိုင်ငံရပ်ခြား အစီအစဉ်တွေ မတိုင်ခင် စစ်မှုထမ်းဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်ရတာကို ကျနော်တို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဆွေးနွေးမှု တော်တော်များများ လုပ်ခဲ့ပြီးတဲ့နောက်မှာ အဲဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပါတယ်။

မကြာခင်မှာ နိုင်ငံတွင်းနဲ့ နိုင်ငံရပ်ခြားက ပရိသတ်တွေနဲ့ ဘယ်အချိန်မှာဘယ်လို တွေ့ဆုံမယ်ဆိုတာကို သတင်းပေးဖို့ စီစဉ်ထားပါတယ်” လို့ ကြေညာချက်တခုမှာ ပြောဆိုထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ အဆိုတော် Jung ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ တောင်ကိုရီးယားနိုင်ငံ၊ ဂျောင်းဟီးတက္ကသိုလ်မှာ ရှိတဲ့ “အသုံးချအနုပညာ”ဌာနမှာ ပါရဂူဘွဲ့သင်တန်းအတွက် လျှောက်ထားခဲ့ပေမယ့် အင်တာဗျူးကို လာမဖြေခဲ့လို့ ဝင်ခွင့်မရရှိခဲ့ဘူးလို့ သိရပါတယ်။

Jung Yong Hwa ရေးသားထားတဲ့ တောင်းပန်စာ (ဓာတ်ပုံ – yonhap)

အသက် ၂၈ နှစ်အရွယ် အဆိုတော် Jung ဟာ နှစ်လကြာပြီးတဲ့အထိ တက္ကသိုလ်ရဲ့ ထပ်လောင်းကျောင်းသားစုဆောင်းမှု အစီအစဉ်အတွက်လည်း အင်တာဗျူး လာမဖြေခဲ့ပေမယ့် သင်တန်း တက်ရောက်ခွင့် ရသွားခဲ့ပါတယ်။

Jung ဟာ အဲဒီကိစ္စဖြစ်ပြီးတဲ့နောက် ရုပ်သံအစီအစဉ်တခုကနေ နုတ်ထွက်လိုက်ပြီး သူ့ရဲ့ Instagram အကောင့်ကနေ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အေဂျင်စီကတော့ အဆိုတော် Jung ဟာ မတ်လ ၅ ရက်မှာ စစ်မှုထမ်းတော့မှာ ဖြစ်တဲ့အကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့က သူတို့ရဲ့ အေဂျင်စီ ဝက်ဘ်ဆိုက်ကနေ ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အနုပညာရှင်ကို ပိုမိုစနစ်ကျကျ ကာကွယ်၊ ထောက်ပံ့ပေးနိုင်ခဲ့ခြင်း မရှိတဲ့အတွက် တာဝန်ရှိပါကြောင်း၊ Jung ရဲ့ စွမ်းရည်ပါရမီနဲ့ ကြိုးပမ်းမှုတွေကို လေးစားပါကြောင်း၊ သူ့ကိုဆက်လက် ယုံကြည်ပေးမှာ ဖြစ်ပါကြောင်းနဲ့ ဒီလိုခက်ခဲတဲ့အခြေအနေကို အတူတကွ ကျော်လွန်နိုင်ဖို့ အတူတကွ မှီတည်သွားမှာ ဖြစ်ပါကြောင်း ဖော်ပြထားပါတယ်။

ဆိုးဝါးတဲ့ ကောလာဟလတွေ ဖြန့်တဲ့သူတွေကိုလည်း တရားရေးပိုင်းဆိုင်ရာအရ ဆက်လက်အရေးယူလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီက သတိပေးထားပါတယ်။

Ref ; Yonhap

The post ကျောင်းဝင်ခွင့် မသမာမှုနဲ့ ပတ်သက်ပြီး အဆိုတော် Jung Yong Hwa ရဲ့ အေဂျင်စီ ဝန်ချတောင်းပန်ခဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...