Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုရီးယားတွေကို အပြစ်တင်စကားပြောလို့ ဝေဖန်ခံနေရတဲ့ ဂျပန်အဆိုတော် Tano Yuka

$
0
0

Japanese Idol မိန်းကလေးအဖွဲ့ တခုဖြစ်တဲ့ “AKB 48” အဖွဲ့မှ ဂျပန်အဆိုတော် Tano Yuka ဟာ ကိုရီးယားလူမျိုးနဲ့ ယဉ်ကျေးမှုအပေါ် လေးစားမှုမရှိတဲ့ စကားကို သူ့ရဲ့ Instagram အကောင့်မှာ Live လွှင့်ရင်းပြောခဲ့တာကြောင့် ကိုရီးယားနိုင်ငံမှ အင်တာနက် အသုံးပြုတွေအကြားမှာ အတော်လေး ဝေဖန်ခံနေရပါတယ်။

Tano Yuka ရဲ့ ပရိသတ် တယောက်က သူမကို “မျက်လုံးမှာ ဆာဂျရီလုပ်ထားလား”လို့ မေးတာကို သူမက ငြင်းဆိုပြီး “ဆာဂျရီက သူမမျက်နှာကို ပျက်စီးစေတယ်” လို့ဆိုပါတယ်။ အဲဒါပြီးတဲ့နောက် သူမက “ကိုရီးယားနိုင်ငံက ဆာဂျရီ ယဉ်ကျေးမှုအကြောင်း” ကို ဆက်ပြောပါတယ်။

“ကိုရီးယားကို သွားလည်တဲ့သူတိုင်း ဆာဂျရီ လုပ်လာကြတယ်။ အဲဒါက ပိုဆိုးသွားတယ်”ဆိုပြီး သူမရဲ့ Live မှာ ရယ်မောပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်ပြီးတော့ သူမက “ကိုရီးယားကို ကြိုက်တဲ့သူကို ကျမမုန်းတယ်။ ကိုရီးယားလူမျိုးတွေက ချစ်စရာလေးတွေပါ။ ဒါပေမဲ့ ကိုရီးယားကို အားပေးတဲ့ ဂျပန်တွေကိုတော့ ကျမမုန်းတယ်။ ကျမပြောချင်တာက ကိုရီးယားဖြစ်ချင်နေတဲ့ ဂျပန်တွေအားလုံးကို သဘောမကျဘူး” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

“ကိုရီးယား မိတ်ကပ်ပြင်နည်းနဲ့ လိုက်တဲ့သူ ရှိတယ်။ မလိုက်တဲ့သူ ရှိတယ်။ လိုက်တဲ့သူက အဲ့လိုမိတ်ကပ်မျိုး ပြင်တာရပေမယ့် လူတိုင်းလိုက် မပြင်သင့်ဘူးလေ” ဆိုပြီး ပြောခဲ့တယ်လို့ သိရပါတယ်။

သူမကို အားပေးနေတဲ့ ပရိသတ်တွေကတော့ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူနေကြတဲ့အပေါ် “ဒီလိုမျိုးပြောတာက အဆင်ပြေပါတယ်နော်။ ကျမကဒါတွေကို ဂရုမစိုက်နိုင်ဘူး။ ကိုရီးယားအစားအစာတွေကတော့စားလို့ကောင်းပါတယ်” ဆိုပြီး ပြန်လည်ကာ ပေါ့ပျက်ပျက် ပြောတယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံမှ အင်တာနက် အသုံးပြုသူတွေကတော့ ဂျပန်အဆိုတော် Tano Yuka ဆီက ဒီလိုစကားတွေ ကြားပြီးတဲ့နောက်မှာ သူမကို “အဲလောက်လည်း နာမည်ကြီးနေတာ မဟုတ်ဘဲနဲ့ ဘာတွေ အထက်စီး ဆန်နေတာလဲ။ သူကကိုရီးယားမှာတောင် နာမည်မကြီးပဲနဲ့များ အဆင့်အတန်း ရှိစမ်းပါ” စတဲ့ ကွန်မန့်များ ရေးသားခဲ့တယ်လို့ သိရပါတယ်။

Tano Yuka ရေးသားထားတဲ့ တောင်းပန်စာ (ဓာတ်ပုံ – Tano Yuka’s Twitter)

အဆိုပါ ပြဿနာက ဘယ်လောက်တောင် ကြီးထွားသွားသလဲဆိုရင် ကိုရီးယား၊ M net (K-pop) ရုပ်သံလိုင်းကနေ လာမယ့် Season အတွက် Produce 101 နဲ့ AKB 48 ပူးပေါင်းတင်ဆက်မယ့် အစီအစဉ်ကိုတောင် ဝိုင်းပြီး ကန့်ကွက်ကြတဲ့အထိပါပဲ။

နောက်ဆုံးတော့ ဂျပန်အဆိုတော် Tano Yuka တယောက် သူမရဲ့ Twitter Account မှာ ကိုရီးယားလူမျိုးတွေကို ပြန်လည် တောင်းပန်လိုက်ရပါတယ်။

“ကျမရဲ့အဆင်အခြင်မရှိတဲ့ စကားကြောင့် လူတွေကို ထိခိုက်ပြီး စိတ်မသက်မသာဖြစ်စေခဲ့ပါတယ်။ ဆင်ခြင်ဉာဏ် မရှိတဲ့ တကိုယ်ကောင်းဆန်တဲ့ စကားမျိုးတွေကို ပြောမိခဲ့တဲ့အတွက် နောင်မဖြစ်အောင် ဂရုစိုက်ပါမယ်။ အရမ်းပဲ စိတ်မကောင်းဖြစ်ရပါတယ်” ဆိုပြီး Tano Yuka က ကိုရီးယားလူမျိုးတွေကို သူမရဲ့ Twitter အကောင့်ကနေ ရေးသား တောင်းပန်ခဲ့ပါတယ်။

Ref ; koreaboo.com

The post ကိုရီးယားတွေကို အပြစ်တင်စကားပြောလို့ ဝေဖန်ခံနေရတဲ့ ဂျပန်အဆိုတော် Tano Yuka appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...