Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Miss Virtual Kazakhstan အလှမယ်ရွေးပွဲမှာ အမျိုးသမီး အလှမယ်လို့ ထင်ထားကြတဲ့ အမျိုးသား မော်ဒယ်တဦး

$
0
0

ကာဇက်စတန်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတော်အဆင့် အလှမယ်ရွေးချယ်ပွဲ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့တဲ့ အလှမယ်တဦးက သူဟာ “အမျိုးသားတဦး ဖြစ်တယ်”လို့ ဝန်ခံပြောကြားခဲ့တာကြောင့် ဒိုင်လူကြီးတွေ အံ့အားသင့်ခဲ့ကြပါတယ်။

အသက် ၂၂ နှစ်အရွယ် Ilay Dyagilev အမည်ရှိတဲ့ အမျိုးသားဟာ Alina Alieva ဆိုတဲ့ မိန်းကလေးနာမည်နဲ့ ပွဲစီစဉ်သူတွေထံမှာ လိမ်ညာစာရင်းသွင်းခဲ့ပေမယ့် ပြိုင်ပွဲဝင် ၄၀၀၀ ကျော်ကို အနိုင်ရရှိပြီး ပြိုင်ပွဲနောက်ဆုံး အဆင့်အထိ တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး အလှမယ်အဖြစ် ထင်ထားကြတဲ့ အမျိုးသား မော်ဒယ် Ilay (ဓာတ်ပုံ – dailymail)

“ကျနော့်သူငယ်ချင်းတွေနဲ့ ကျနော်က အလှအပနဲ့ပတ်သက်ပြီး အချေအတင် အငြင်းအခုံ လုပ်ကြရင်းနဲ့ အလှမယ် ရွေးချယ်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။ သဘာဝအလှအပမှာ ကျနော်က အမြဲတမ်း ချန်ပီယံတယောက် ဖြစ်ခဲ့တာပါ။ တချို့အမျိုသမီးတွေက ပုံစံတွေဆင်တူနေတယ်။ မိတ်ကပ်တွေ ဆင်တူ နေတယ်။ စတိုင်တွေ ဆင်တူ နေတယ် ဆိုတာကို တွေ့လိုက်ရတယ်။ လမ်းကြောင်း တခုနောက်ကို လိုက်နိုင်တယ်ဆိုရင် လှမယ်လို့ သူတို့က ယုံကြည်ကြတယ်လေ။ ဒါပေမယ့် ကျနော်က အဲဒီလို မထင်ပါဘူး” လို့ အားလုံးက အလှမယ်လို့ ထင်ထားကြတဲ့ အမျိုးသားမော်ဒယ် Ilay က ပြောပါတယ်။

ဒါပေမယ့် သူဟာ လိမ်ညာခဲ့တာ ဖြစ်တဲ့အကြောင်း Miss Virtual Kazakhstan အလှမယ်ပြိုင်ပွဲ စီစဉ်သူတွေနဲ့ ဆိုဗီယက်ကနေ ခွဲထွက်ခဲ့တဲ့ နိုင်ငံက အွန်လိုင်းမဲပေးသူတွေကို ပြောပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အမျိုးသမီး အလှမယ်အဖြစ် ထင်ထားကြတဲ့ အမျိုးသား မော်ဒယ် Ilay (ဓာတ်ပုံ – dailymail)

“ကျနော် နောက်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပြီးတော့ Arina Alieva ဆိုတဲ့နာမည်ရဲ့ အစစ်အမှန်ကို ဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာတော့အချိန်တော်တော်နှောင်းခဲ့ပြီလို့ ကျနော်သိလိုက်ရပါတယ်။ အစမှာတော့ ကာဇက်စတန်နိုင်ငံ တဝန်းကနေ ပြိုင်ပွဲဝင် ၄၀၀၀ ပတ်ဝန်းကျင်လောက် ရှိခဲ့ပေမယ့် ကျနော် နောက်ဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်” လို့ Ilay ကဆိုပါတယ်။

Ilay က အမျိုးသမီး မဟုတ်ဘဲ အမျိုးသားတဦး ဖြစ်တယ်ဆိုတာ သိလိုက်ရချိန်မှာ အံ့သြထိတ်လန့်ခဲ့ရတယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။ အဲဒီလို ဝန်ခံခဲ့ပြီး Ilay ဟာ နောက်ဆုံးအဆင့်မှာ အသက် ၁၈ နှစ် အရွယ် Aikerim Temirkhanova ဆိုတဲ့ အမျိုးသမီး အလှမယ်နဲ့ အစားထိုးခံ လိုက်ရပါတယ်။

အမျိုးသမီး အလှမယ်အဖြစ် ထင်ထားကြတဲ့ အမျိုးသား မော်ဒယ် Ilay (ဓာတ်ပုံ – dailymail)

Ref ; Daily Mail

The post Miss Virtual Kazakhstan အလှမယ်ရွေးပွဲမှာ အမျိုးသမီး အလှမယ်လို့ ထင်ထားကြတဲ့ အမျိုးသား မော်ဒယ်တဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...