Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ယခုနောက်ပိုင်း မော်ဒယ်များ Sexy ဓာတ်ပုံ ရိုက်လာကြတဲ့အပေါ် ဇွန်သဉ္ဇာ ဘယ်လိုမြင်လဲ

$
0
0

ယခု ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ဒီရက်ပိုင်း Facebook မှာ နည်းနည်း Sexy ဖြစ်ပြီး ဟော့သွားတဲ့ Fashion Magazine တခုရဲ့ ၂၀၁၈ ခုနှစ်ထုတ် ပြက္ခဒိန်ဓာတ်ပုံတွေက မြန်မာနိုင်ငံ Facebook အသုံးပြုသူ လူငယ်တွေ ကြားမှာ နည်းနည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါတယ်။

Sexy ကျတဲ့ မျက်နှာဘေးနဲ့ တက်သစ်စလို့ ယူဆရတဲ့ မော်ဒယ် ၆ ဦးနဲ့ ရိုက်ကူးထားတဲ့ အဆိုပါ ပြက္ခဒိန်က မော်ဒယ်တွေကို ခန္ဓာကိုယ် အပေါ်ပိုင်းမှာ Bra (အမျိုးသမီး အတွင်းခံအကျႌ) မပါဘဲ ဓာတ်ပုံ ရိုက်ထားတာ တွေ့ရပါတယ်။

Sexy မော်ဒယ် ဇွန်သဉ္ဇာကတော့ အခုနောက်ပိုင်းမှာ မော်ဒယ်တွေ အောင်မြင်ချင်ကြတဲ့အတွက် Sexy ဓာတ်ပုံများရိုက်ကူးလာကြတဲ့ လူငယ်တွေအပေါ် မှားနေတယ်ဆိုပြီး သူ့အနေနဲ့ ဝေဖန်ပိုင်ခွင့် မရှိပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။

လတ်တလော Facebook မှာ ဟော့နေတဲ့ ၂၀၁၈ ခုနှစ် ပြက္ခဒိန် (ဓာတ်ပုံ – Facebook)

“လူငယ်တွေ အားလုံးကတော့ အောင်မြင်ချင်ကြတဲ့အတွက် ကြိုးစားကြတယ်။ အဲဒီမှာ လူတိုင်းကိုတော့ သူတို့ကြိုးစားနေတဲ့ နည်းလမ်းက မှားနေတယ် ဆိုပြီးတော့ ဝေဖန်ပိုင်ခွင့်တော့ မရှိပါဘူး။ အားလုံးကတော့ ကြိုးစားကြမှာပဲ။ အရည်အချင်းရှိတဲ့သူက တက်သွားမှာပဲပေါ့။ ဝါသနာပါရင် ပါသလောက် ဇွဲရှိရင် ရှိသလောက် တက်သွားမှာပဲပေါ့”လို့ ဇွန်သဉ္ဇာက ပြောပါတယ်။

သူ့အနေနဲ့ လူငယ်တွေအားလုံးကို ကြိုဆိုနေပြီး ဇွဲရှိရှိနဲ့ ကြိုးစားပါက ဒီလောကမှာ ရပ်တည်ဖို့အတွက် နေရာတနေရာ ရမှာပါလို့လည်း ပြောပါတယ်။

မော်ဒယ် ဇွန်သဉ္ဇာ (ဓာတ်ပုံ – ချမ်းစွန်း/ ဧရာဝတီ)

စီနီယာတယောက်ဖြစ်တဲ့ ဇွန်သဉ္ဇာရဲ့ နောက်ထပ်ပေါ်ထွက်လာတဲ့ Sexy မော်ဒယ် တက်သစ်စများ အတွက် အကြုံပြုစကားကတော့ “အဓိကကတော့ ကိုယ်က Sexy တွေပဲရိုက်တယ်။ ပရိသတ်တွေအမြင်မှာ ဒါမျိုးပဲ မြင်ထားတဲ့အတွက် ပွဲတွေမှာဆိုလည်း ဒါမျိုးပဲလုပ်မလားလို့ အထင်မှားခံရတာပေါ့နော်။ အဲဒီတော့ နောက်ပေါက်မယ့် ညီမလေးတွေ ဒါမျိုးတွေ လိုက်ရိုက်ကြမယ့် မော်ဒယ်လေးတွေဆိုရင်လည်း မြန်မာဝတ်စုံ ဆိုလည်း မြန်မာဝတ်စုံပေါ့။ မျှပြီးတော့ ရိုက်ပေးမယ်ဆိုရင် ပရိသတ်လည်း လက်ခံမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

မော်ဒယ် ဇွန်သဉ္ဇာကတော့ ၂၀၁၃ ခုနှစ်ကစပြီး ခန္ဓာကိုယ်အသားပေး ဓာတ်ပုံများ၊ ဗီဒီယိုများနဲ့ အနုပညာ လောကထဲ ရောက်ရှိကာ အွန်လိုင်းစာမျက်နှာပေါ်မှာ နာမည်ကြီးလာခဲ့ပြီး လက်ရှိ သူမရဲ့ တရားဝင် Facebook အကောင့်မှာ Followers ပေါင်း ၃ သိန်းခွဲကျော် ရှိတယ်လို့ သိရပါတယ်။

The post ယခုနောက်ပိုင်း မော်ဒယ်များ Sexy ဓာတ်ပုံ ရိုက်လာကြတဲ့အပေါ် ဇွန်သဉ္ဇာ ဘယ်လိုမြင်လဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...