Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Billboard 200 စာရင်းမှာ တဖြည်းဖြည်း အဆင့်တက်လာတဲ့ BTS အဖွဲ့ရဲ့ “Love Yourself: Her”သီချင်း Album

$
0
0

တောင်ကိုရီးယားနိုင်ငံ၊ K-pop ယောကျာ်းလေးအဆိုတော်အဖွဲ့တခုဖြစ်တဲ့ BTS (Bangtan Boys) အဖွဲ့ဟာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြန့်ချိခဲ့တဲ့ သီချင်း Album နဲ့ Billboard 200 စာရင်းမှာ အဆင့်တက်လာတယ်လို့ အမေရိကန် Music Chart မှာ ဖေဖော်ဝါရီ ၆ လရက်နေ့က ဖော်ပြခဲ့ပါတယ်။

အဆိုပါ BTS အဖွဲ့ရဲ့”Love Yourself: Her” သီချင်း Album ဟာ ယခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ အတွက် အမေရိကန် Music Chart ဇယားထဲ နံပါတ် ၆၇ နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အဆိုပါ သီချင်း Album ဟာ အဆင့် ၉ဝ မှာ ရှိနေခဲ့တာပါ။ အဲဒီသီချင်း Alubm ဟာ အဲဒီဇယားမှာ သီတင်းပတ် ၁၇ ပတ် ဆက်တိုက် ရပ်တည်နေနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

K-pop အဆိုတော်အဖွဲ့ BTS / Billboard / soompi)

အဲဒီ Album ထဲက သီချင်းတပုဒ်ရဲ့ Version တခုဖြစ်တဲ့ “MIC Drop” (Remix) ကတော့ Billboard Hot 100 စာရင်းမှာ နံပါတ် ၉၈ မှာ ရပ်တည်ခဲ့ပြီး Single သီချင်းဇယားမှာ သီတင်းပတ် ၁ဝ ပတ် ဆက်တိုက် ပါဝင်နေခဲ့တယ် လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတုန်းက နေရာ ၁၄ ဆင့် လျော့ကျခဲ့ပေမယ့်လည်း BTS အဖွဲ့ဟာ အဲဒီသီချင်းဇယားထဲ အကြာရှည်ဆုံး နေနိုင်ခဲ့တဲ့ အဖွဲ့တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ အဲဒီသီချင်းကို အမေရိကန်အသံသွင်းလုပ်ငန်းအသင်း (RIAA – Recording Industry Association of America) ကနေ ရွှေအဆင့် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ ၂ဝ၁၂ ခုနှစ်နဲ့ ၂ဝ၁၃ ခုနှစ်မှာ ပလက်တီနမ် အဆင့်များစွာ သတ်မှတ်ခံခဲ့ရတဲ့ ကိုရီးယားနာမည်ကြီး အဆိုတော် PSY ရဲ့ “Gangnam Style” သီချင်းပြီးတဲ့နောက် RIAA အဆင့်သတ်မှတ်ချက်တခု ရရှိခဲ့တဲ့ ဒုတိယမြောက် K-Pop သီချင်းတပုဒ်လည်း ဖြစ်ပါတယ်။

RIAA ကနေ ရွှေအဆင့် သတ်မှတ်ခံရဖို့အတွက် သီချင်းတပုဒ်ဟာ Digital Download၊ အသံနဲ့ ဗီဒီယို Straming တို့ အကြားက ယူနစ် ၅ သိန်းကျော် ရှိရမှာဖြစ်ပြီး Streaming တကြိမ်ကို ယူနစ်တခုအနေနဲ့ သတ်မှတ်ထားတယ်လို့ Billboard ဖော်ပြချက်များအရ သိရပါတယ်။

Ref: yonhap.com

The post Billboard 200 စာရင်းမှာ တဖြည်းဖြည်း အဆင့်တက်လာတဲ့ BTS အဖွဲ့ရဲ့ “Love Yourself: Her” သီချင်း Album appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...