Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ပူးတွဲချန်ပီယံ” အခွေထွက်ဖို့ အချိန် ၅ နှစ်ကြာသွားတဲ့ Snare အဖွဲ့

$
0
0

လူငယ် ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားနေဆဲ ဖြစ်တဲ့ Snare အဖွဲ့ဟာ သီချင်းခွေ မထွက်တာ ကြာပါပြီ။ သူတို့အဖွဲ့ရဲ့ တတိယမြောက် အခွေထွက်ဖို့ ၅ နှစ်လောက် အချိန်ကြာသွားတယ်လို့ Snare အဖွဲ့က ပြောပါတယ်။

“အခွေထွက်ဖို့ အချိန်ကြာသွားတဲ့ အကြောင်းကတော့ ကျနော်တို့ရဲ့ Live Show အခွေကို အရင်ထွက်မယ် ဆိုပြီးတော့ မထွက်ဖြစ်တာ။ အဲဒီ အခွေအတွက် အချိန် ၂ နှစ်လောက် ကြာသွားတယ်။ နောက်ထပ်၂ နှစ် ကလည်း ဆိုင်ကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ အလုပ်ရှုပ်နေတာရော ကျနော်တို့ ကိုယ်တိုင်လည်း ခရီးတွေ သွားနေတာရော အကုန်လုံးကြောင့်ပါ။ အဲဒီအတွက်လည်း ပရိသတ်တွေကို တောင်းပန်ပါတယ်။ အခုတော့ အလုပ်တွေ ပြန်ကြိုးစားနေပါပြီ” လို့ Snare အဖွဲ့မှ အဆိုတော် ဖြိုးလေးက ပြောပါတယ်။

Snare အဖွဲ့ရဲ့ တတိယမြောက်အခွေကတော့ “ပူးတွဲချန်ပီယံ” လို့ အမည်ရပြီး အဲဒီအခွေမှာတော့ သီချင်း စုစုပေါင်း ၁၄ ပုဒ် ပါရှိပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ Frenzo Production ကနေ တနိုင်ငံလုံးကို ဖြန့်ချိ ပေးသွားမယ်လို့ သိရပါတယ်။

Snare အဖွဲ့ရဲ့ “ပူးတွဲချန်ပီယံ” သီချင်းခွေ မိတ်ဆက်ပွဲ (ဓာတ်ပုံ – ယုဖြူဟန်/ ဧရာဝတီ)

“အခွေ မထွက်တာက ၅ နှစ်လောက်ရှိပြီ ဆိုတော့ Fresher Welcome လိုပါပဲ။ ကျနော်တို့ရဲ့ Facebook တွေ၊ Social Network တွေမှာ ကျနော်တို့ကို လာပြောလိုက်ရင်က အခွေသစ်ထွက်ပါ ဆိုပြီး လာပြောကြတဲ့ သူတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ပါ။ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ အခွေထဲမှာက သီချင်းအကြောင်းအရာက မျိုးစုံပါပဲ။ ဘဝအကြောင်းတွေ ပါတယ်၊ ပိုက်ဆံ အကြောင်းတွေပါတယ်၊ ဘော်ဒါ အကြောင်းတွေပါတယ်။ အပျော်တွေပါတယ်၊ အလွမ်းတွေပါတယ်” လို့ Snare အဖွဲ့မှ အဆိုတော် နေဝင်းက ပြောပါတယ်။

Snare အဖွဲ့အနေနဲ့ ဖြစ်တည်လာတာ ၈ နှစ်ကြာ ရှိပြီဖြစ်ပြီး အဆိုပါ ၈ နှစ်တာအတွင်း “Rap Game” ၊ “ဘကြီးဖြိုးနဲ့ ဦးနေဝင်း” စတဲ့ အခွေများ ထွက်ခဲ့ပြီး ယခုအသစ်ထွက်ရှိမှာကတော့ “ပူးတွဲချန်ပီယံ” ဆိုတဲ့ တတိမြောက် တေးသီချင်းခွေပဲ ဖြစ်ပါတယ်။

The post “ပူးတွဲချန်ပီယံ” အခွေထွက်ဖို့ အချိန် ၅ နှစ်ကြာသွားတဲ့ Snare အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ