Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုရီးယား မင်းသား လီမင်ဟိုနဲ့ မင်းသမီး ဆူဇီတို့ ပြန်တွဲနေကြပြီလား

$
0
0

မြန်မာမိန်းကလေး ပရိသတ်တွေ သဲသဲလှုပ်အားပေးကြတဲ့ “F4 ချစ်သူ” မင်းသား Lee Min Ho (လီမင်ဟို) နဲ့ သူ့ချစ်သူ အဆိုတော်၊ မင်းသမီး Suzy (ဆူဇီ) တို့ဟာ သူတို့ရဲ့ တခန်းရပ် အချစ်ဇာတ်လမ်းကို ပြန်စတင်နေပြီလို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်လာပေမယ့် သူတို့ရဲ့ အေဂျင်စီတွေကတော့ အဲဒီသတင်းတွေကို မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယား သတင်းမီဒီယာ တခုဖြစ်တဲ့ News1 က အသက် ၃ဝ နှစ်အရွယ်၊ မင်းသား လီမင်ဟိုနဲ့ အသက် ၂၃ နှစ် အရွယ်အဆိုတော်၊ မင်းသမီး ဆူဇီတို့ဟာ ပြန်တွဲနေကြပြီလို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ သတင်း အရင်းအမြစ်တခုက “လီမင်ဟိုနဲ့ ဆူဇီတို့ဟာ မကြာသေးခင်ကပဲ ပြန်တွဲနေကြပြီ။ သူတို့ နှစ်ယောက် တိတ်တဆိတ် ချိန်းတွေ့နေခဲ့ကြတယ်” လို့ ဆိုပါတယ်။

သူတို့နှစ်ဦးနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေ အဲဒီကိစ္စကို ဆွေးနွေးပြီးတဲ့နောက်မှာ မင်ဟိုရဲ့ အေဂျင်စီ၊ MYM Entertainment နဲ့ ဆူဇီရဲ့ အေဂျင်စီ၊ JYP Entertainment တို့က ကြေညာချက်တွေ ထုတ်ပြီး အဲဒီကောလာဟလတွေဟာ သတင်း အမှားတွေ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

“သူနဲ့ ဆွေးနွေးခဲ့ပြီးတဲ့အခါမှာ သူ (မင်ဟို) ဆူဇီနဲ့ ပြန်တွဲနေပြီဆိုတဲ့ သတင်းက အမှန် မဟုတ်ပါဘူး၊ သူတို့နှစ်ယောက် အတူတူချိန်းတွေ့နေကြတယ် ဆိုတဲ့ သတင်းက တကယ် အမှန် မဟုတ်ပါဘူး” လို့ MYM Entertainment က တာဝန်ရှိသူက ပြောပါတယ်။

ကိုရီးယားမင်းသား လီမင်ဟိုနဲ့ မင်းသမီး ဆူဇီ (ဓာတ်ပုံ- allkpop)

Suzy ရဲ့အေဂျင်စီ ဖြစ်တဲ့ JYP Entertainment ကလည်း “ကျနော်တို့ ဆူဇီနဲ့ ဆွေးနွေးခဲ့ပြီးတဲ့အခါ သူတို့နှစ်ယောက် ပြန်တွဲနေပြီဆိုတာ အမှန်မဟုတ်ပါဘူး”လို့ ငြင်းဆိုထားပါတယ်။ မင်ဟိုနဲ့ ဆူဇီတို့ဟာ ၃ နှစ်နီးပါးလောက် တွဲခဲ့ကြပြီး ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။

အဲဒီ အချိန်တုန်းကတော့ JYP Entertainment က “သူတို့ နှစ်ယောက် လမ်းခွဲလိုက်ပြီဆိုတာ အမှန်ပါပဲ။ အနုပညာ နယ်ပယ်ထဲမှာ သူငယ်ချင်းတွေအဖြစ်သာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” လို့ပြောပါတယ်။

“Boys Over Flowers” (F4ချစ်သူ) ဇာတ်လမ်းတွဲမှ မင်းသား မင်ဟိုနဲ့ “Dream High” ဇာတ်လမ်းတွဲမှ မင်းသမီးဆူဇီ တို့ဟာ လန်ဒန်မှာ အတူတူ ရှိနေခဲ့ကြတယ်ဆိုတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် ၂၀၁၅ ခုနှစ်၊ မတ်လမှာ နှစ်ဦးသား မေတ္တာမျှနေကြပြီ ဆိုတာ ပရိသတ်တွေကို တရားဝင် အသိပေးခဲ့တာပါ။

လီမင်ဟိုဟာ လက်ရှိမှာ နိုင်ငံ့တာဝန်အနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ စစ်မှုထမ်းနေပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်မှာ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာ ဖြစ်ပါတယ်။ မင်းသမီး ဆူဇီကလည်း လက်ရှိမှာ Drama ဇာတ်လမ်းတွဲ အနေနဲ့ SBS ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ “While You Were Sleeping” ဇာတ်လမ်းတွဲမှာ မင်းသား Lee Jong Suk နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တုန်းက သူမရဲ့ ဒုတိယမြောက် တကိုယ်တော် သီချင်းခွေ “Faces of Love” သီချင်း Album ကို ထုတ်လုပ် ဖြန့်ချိထားပါတယ်။

Ref ; aceshowbiz

The post ကိုရီးယား မင်းသား လီမင်ဟိုနဲ့ မင်းသမီး ဆူဇီတို့ ပြန်တွဲနေကြပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...