မင်းသား Robert Pattinson (ရောဘတ်ပတ်တင်ဆန်) နဲ့ မင်းသမီး Kristen Stewart (ခရစ်စတင်း စတီးဝပ်) တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့မှာ လော့စ်အင်ဂျလိစ်မှာရှိတဲ့ Silver Lake အနီးနား ဝန်းကျင်က Edendae အရပ်မှာ အတူတွဲသွား၊ တွဲလာလုပ်နေတာကို ပရိသတ်တချို့က မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးနဲ့အတူ ဘား တခုတည်းမှာ အတူရှိခဲ့တဲ့ ပရိသတ်တဦးက Twilight ရုပ်ရှင်စတား နှစ်ယောက်ကို တပူးတွဲတွဲ ပြန်တွေ့နေရတဲ့ အကြောင်းကို Twitter ပေါ်မှာ တင်ခဲ့ပါတယ်။
“ဘားတစ်ခုမှာ ကျနော့် သူငယ်ချင်းရဲ့မွေးနေ့ကို ပျော်နေတုန်း ကျနော့်ကို ရင်ခုန်သွားစေတဲ့ မင်းသား Robert အရင်ရောက်လာပါတယ်၊ အဲဒီနောက် မင်းသမီး Kristen က လမ်းလျှောက်လာခဲ့ပြီးတော့ ကျနော် အထက်တန်း ကျောင်းသားဘဝတုန်းကကြည့်ခဲ့တဲ့ Twilight စိတ်ကူးယဉ်အိပ်မက်ကို ခံစားလိုက်ရသလိုပါပဲ” လို့ သူတို့နှစ်ဦးကို တွေ့ခဲ့ရတဲ့ ပရိသတ်က ရေးသားထားပါတယ်။

နောက်ထပ် သီးခြားပို့စ် တခုမှာတော့ တခြား ပရိသတ်တဦးက “ဟေး ဒီလိုတုန့်ပြန်မှုမျိုးကို မမျှော်လင့်ခဲ့ဖူးဘူး။ သူတို့ နှစ်ဦးနဲ့အတူ ဓါတ်ပုံတွဲရိုက်ဖို့ ဆိုတာကိုပေါ့။ သူတို့တွေက သူငယ်ချင်းတွေ အပြင်ထွက်လည်တဲ့ ပုံစံမျိုးနဲ့တူပါတယ်” လို့ ရေးသားထားပြန်ပါတယ်။
အခြားမျက်မြင် ပရိသတ်တဦးက သူ့အကောင့်မှာ အခုလိုတင်ထားပြန်ပါတယ်။ သူက “LA မှာရှိတဲ့ ဘားတစ်ခုကို သင်ရောက်ခဲ့မယ်ဆိုရင် သင့်အရှေ့မှာ Robert နဲ့ Kristen တို့ကို ရုတ်တရက်မြင်တွေ့ရမှာဖြစ်ပါတယ်” လို့ ရေးသား ထားပါတယ်။
ပရိသတ်တွေရဲ့ အကောင့်တော်တော်များများကနေ အခုလိုရေးသားနေပေမယ့်လည်း သူတို့စုံတွဲနှစ်ဦးရဲ့ အတူယှဉ်တွဲ တွေ့ရတဲ့ ဓာတ်ပုံထွက်ရှိလာတော့ မရှိသေးပါဘူး။ သူတို့နှစ်ယောက် ပြန်တွဲနေကြတာကို ကြည့်ပြီး Robert ရဲ့ ရည်းစားဟောင်း FKA Twigs အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သလား ဆိုတာကို ပရိသတ်တွေလည်း သိချင် နေကြပါတယ်။
သတင်းအရင်းအမြစ်တစ်ခုက ” FKA ဟာ Robert နဲ့အတူ ၃ နှစ်လောက်အတူရှိခဲ့တယ် ဆိုတဲ့ အချက်နဲ့ ချစ်သူဟောင်းရဲ့ တည်ရှိမှုကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ သူတို့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ချိန်မှာ သူတော်တော်လေး ခံစားခဲ့ရတာပါ၊ ပြီးတော့ အဲဒီခံစားချက်တွေကို မကျော်လွားနိုင်ခင် နှစ်လလောက် အပူမီး ရင်ဝယ်ပိုက်ထားခဲ့ရပါတယ်” လို့ HollywoodLife.com ကို ပြောကြားခဲ့ပါတယ်။

Robert နဲ့ FKA တို့ဟာ နှစ်နှစ်ကျော်လောက်တွဲခဲ့ပြီးတဲ့အပြင် ၂၀၁၅ ခုနှစ်အစောပိုင်းမှာ စေ့စပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ လမ်းခွဲခဲ့ကြတာပါ။ အဲဒီမတိုင်မီ Robert နဲ့ Kristen တို့ကတော့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အထိ တွဲခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် Kristen နဲ့ “Snow White and the Huntsman” ရုပ်ရှင် ဒါရိုက်တာ Rupert Sanders တို့ နမ်းနေကြတဲ့ပုံ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြတာပါ။ အဲဒီနောက် ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ Robert ကို ဒါရိုက်တာ Rupert က လူသိရှင်ကြား ပြန်လည်တောင်းပန်ထားပါတယ်။
Ref; aceshowbiz
The post လမ်းခွဲလိုက်တာ ကြာပြီဖြစ်ပေမယ့် တပူးတွဲတွဲ ပြန်တွေ့နေရတဲ့ Robert Pattinson နဲ့ Kristen Stewart appeared first on ဧရာဝတီ.