Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒါရိုက်တာ ညီညီဇော်နိုင်ရဲ့ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား “နယူးဗားရှင်း”

$
0
0

ဒါရိုက်တာ ညီညီဇော်နိုင်ရဲ့ ပထမဆုံးပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ “နယူးဗားရှင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ယနေ့၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ရန်ကုန်မြို့၊ သာကေတမြို့နယ် Mega Ace (Capital) ရုပ်ရှင်ရုံမှာ အထူးပွဲ ပြသခဲ့ပါတယ်။

ဒါရိုက်တာ ညီညီဇော်နိုင်

“ဒီကားကတော့ ကျနော်ရဲ့ ပွဲဦးထွက်ကားပါ။ ၅၂၈ မေတ္တာနဲ့ ဟာသရောထားတဲ့ ဇာတ်ကားလေးပါပဲ။ ကျနော်လည်း ကျနော် တတ်သလောက်လေးနဲ့ ချပြတယ်။ ဝါရင့်သရုပ်ဆောင်တွေကလည်း အစ်ကိုရေ ဒီလိုမျိုးလေးလုပ်ရင် ကောင်းမယ်နော် တို့ဘာတို့ အကြံပြုတာတွေလည်း ရှိပါတယ်” လို့ ဒါရိုက်တာ ညီညီဇော်နိုင်က ဧရာဝတီကို ပြောပါတယ်။

ဒီဇာတ်ကားမှာ သရုပ်ဆောင်များအဖြစ် ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ ညီထွဋ်ခေါင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ နန်းမြတ်ဖြိုးသင်း၊ ရွှေသမီး ၊ပွင့် ၊ မောရတီလင်း ၊ ဇော်ဝင်းနိုင်(မန်း) တို့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

သရုပ်ဆောင် ရွှေသမီး

“သိပ်ပြီးတော့ ထူးထူးခြားခြားတော့ မရှိပါဘူး။ ကျနော်တို့ ပုံမှန်ရိုက်နေကျ ဟာသအမြူးလေးပါပဲ။ တခုလေးပါပဲ။ ပေါကားလို့ ထင်သွားမှာပဲ စိုးရိမ်တယ်။ အဲဒီစိတ်လေး တခုပါပဲ။ ပရိသတ်ပျော်ရွှင်ဖို့ကို ဦးစားပေးပြီး ရိုက်ထားပါတယ်။ လာကြည့်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်” လို့ ဒီဇာတ်ကားထဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်က ပြောပါတယ်။

အဆိုပါ နယူးဗားရှင်း ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ ပြသပေးသွားမယ်လို့ သိရပါတယ်။

The post ဒါရိုက်တာ ညီညီဇော်နိုင်ရဲ့ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား “နယူးဗားရှင်း” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...