Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

BRIT ဆုပေးပွဲမှာ ကျန်းမာရေးကြောင့် ဖျော်ဖြေခွင့်မရခဲ့တဲ့ Ariana Grande စိတ်မကောင်းဖြစ်နေ

$
0
0

အသက် ၂၄ နှစ်အရွယ်၊ အမေရိကန် အဆိုတော်၊ မိန်းမချောလေး Ariana Grande (အရီနာဂရန်ဒီ) ဟာ သူ့ရဲ့ဆရာဝန် အကြံပေးချက်ကြောင့် ဖေဖော်ဝါရီလ၂၁ ရက်နေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ BRIT ဆုပေးပွဲမှာ ဖျော်ဖြေနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲဒါကြောင့် သူဟာ အခုလို ဖျော်ဖြေခွင့် မရခဲ့တဲ့အတွက် ထိခိုက်ခံစားနေရတယ်လို့ ပြောပါတယ်။

အဆိုတော် Ariana Grande ဟာ ပြီးခဲ့တဲ့နှစ်၊ အင်္ဂလန်နိုင်ငံ၊ Manchester (မန်ချက်စတာ) မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲ တခုမှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ရည်ရွယ်ပြီး လန်ဒန်မြို့မှာရှိတဲ့ O2 Arena မှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ဂုဏ်ပြုတေး သီဆိုဖို့ကနဦး စီစဉ်ထားခဲ့ပေမယ့် Ariana ရဲ့ ဆရာဝန် အကြံပြုချက်ကြောင့် အခုလို မဖျော်ဖြေနိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်းရင်းမြစ် တခုက “Ariana ဟာ တကယ်ကို လာချင်နေခဲ့ပေမယ့် အရမ်းနေမကောင်း ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် လေယာဉ် စီးချင်နေတုန်းပါပဲ။ သူ့ဆရာဝန်က ဖျော်ဖြေနိုင်မှာ မဟုတ်ဘူးလို့ ပြောလို့ သူအထွန့် မတက်တော့တာပါ” လို့ ဆိုပါတယ်။ အဲဒီလိုမှာ ဖျော်ဖြေမှု မပြုလုပ်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောဆိုထားပြီး သူ့အစား အဆိုတော် Liam Gallagher က Oasis အဖွဲ့ရဲ့ “Live Forever” သီချင်းကို BRIT ဆုပေးပွဲမှာ သီဆိုဖျော်ဖြေခဲ့ပါတယ်။

“Ariana Grande ဟာ နေမကောင်း ဖြစ်နေတဲ့အတွက် လေယာဉ်ပေါ်ကိုတောင် တက်ခွင့် မရခဲ့ပါဘူး။ သူ အခု အိမ်မှာ အနားယူနေပြီး မဖျော်ဖြေနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်နေပါတယ်” လို့ သတင်းရင်းမြစ် တခုက The Sun Online မီဒီယာကို ပြောပါတယ်။ Take That အဖွဲ့မှ အဆိုတော် Gary Barlow က ၂၀၁၇ ခုနှစ်၊ မေလတုန်းက အင်္ဂလန်နိုင်ငံ၊ Manchester အမိုးဖွင့်ကွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ဖြစ်ရပ်ကို ကြုံတွေ့ခံစားခဲ့ရသူတွေအတွက် ဂုဏ်ပြုရင်း Liam ဖျော်ဖြေမှုကို မိတ်ဆက်ပေးခဲ့ပါတယ်။

“တခဏလေး အတွင်းမှာ အပြစ်မဲ့တဲ့၊ လှပတဲ့၊ ဂီတကိုချစ်မြတ်နိုးတဲ့ လူတွေဟာ သတိမမူ မိလိုက်ဘဲ သူတို့ရဲ့ ဘဝဟာ ထာဝရ ပြောင်းလဲသွားပါတယ်။ ဆိုးရွားတဲ့ အကြမ်းဖက်မှုတခု ဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦးရဲ့ အသက်တွေ၊ အိပ်မက်တွေနဲ့ အနာဂတ်တွေ အခိုးခံရတယ်။ လူရာပေါင်းများစွာကိုလည်း ဒဏ်ရာတွေ ရရှိစေခဲ့တယ်။ ဘဝတွေဟာ ပြန်လျော်ပေးလို့ မရအောင် ထာဝရ ပြောင်းလဲသွားခဲ့ပါတော့တယ်”

“ရက်အနည်းငယ်ကြာတော့ Ariana ဟာ “One Love Manchester ဖျော်ဖြေပွဲ”လုပ်ဖို့ မြို့ကို ပြန်လာခဲ့ပြီးတော့ အဖြစ်ဆိုးကြီးမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူတွေရဲ့ မိသားစုတွေကို ကူညီခဲ့ပါတယ်။ လူ့စိတ် နှလုံးသားကို ဖွင့်လှစ်ပြတဲ့ ပွဲတခုဖြစ်ခဲ့ပြီး အမုန်းတရားဆိုတာ ဘယ်တော့မှ အနိုင်မရဘူး။ ကြောက်ရွံ့မှုကြောင့် ကျနော်တို့ကို ပိုင်းခြားလို့ မရဘူးလို့ ပြသခဲ့တဲ့ ပွဲတခု ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာ ကျနော်တို့ စိတ်မကောင်းစွာ ဆုံးရှုံးခဲ့ရတဲ့သူတွေ ကျနော်တို့ရဲ့ နှလုံးသားထဲ၊ စိတ်ထဲ၊ မှတ်ဉာဏ်ထဲမှာ ထာဝစဉ် ရှင်သန်နေမယ့် သူတွေအတွက် ဂုဏ်ပြုဖို့ Liam Gallagher ကို ကြိုဆိုပေးကြပါဦး” လို့ Gary က ပြောပါတယ်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်ခံရမှု ပြီးတဲ့နောက် Ariana ဟာ ထိခိုက်ခံစားခဲ့ရသူတွေအတွက် ငွေကြေးထောက်ပံ့ဖို့ “One Love Manchester ပရဟိတ ဖျော်ဖြေပွဲ”ကို ကျင်းပခဲ့ပါတယ်။ အဆိုတော် Liam ဟာ Coldplay အဖွဲ့မှ Chris Martin နဲ့အတူ ပွဲမှာ “Live Forever” သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။

Ref : Contactmusic

The post BRIT ဆုပေးပွဲမှာ ကျန်းမာရေးကြောင့် ဖျော်ဖြေခွင့်မရခဲ့တဲ့ Ariana Grande စိတ်မကောင်းဖြစ်နေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...