Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၁၃ နှစ်အတွင်း ပထမဆုံး ရုပ်ရှင် ပြန်ရိုက်မယ့် ကိုရီးယားမင်းသမီး “ချန်ဂင်” ခေါ် Lee Young Ae

$
0
0

“နန်းတွင်းရတနာ” ကိုရီးယား ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေ သဲသဲလှုပ် အားပေးခဲ့ကြပြီး “ချန်ဂင်” လို့ လူသိများတဲ့ နာမည်ကျော် ဝါရင့် ကိုရီးယား မင်းသမီး Lee Young Ae (လီယောင်အေး) က ရုပ်ရှင်မရိုက်တာ ကြာပြီဖြစ်ပြီး ရိုက်ရှင် မရိုက်ဖြစ်တော့တဲ့ ၁၃ နှစ်အတွင်း အခုလို ရုပ်ရှင်မှာ ပထမဆုံး ပြန်လည် သရုပ်ဆောင်တယ်လို့ သိရပါတယ်။

“အချိန်အကြာကြီး စောင့်နေခဲ့ရပြီးတဲ့နောက် Lee Young Ae ကို ရုပ်ရှင်တကားမှာ ကျနော်တို့ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Park Chan Wook ရဲ့ “Lady Vengeance” ရုပ်ရှင်အပြီး ၁၃ နှစ် လောက် ကြာပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတာလည်း ဖြစ်ပါတယ်” ထုတ်လုပ်ရေး ကုမ္ပဏီတခု ဖြစ်တဲ့ 26 Company မှ တာဝန်ရှိသူ တဦးက ဖေဖော်ဝါရီလ၂၁ ရက်နေ့မှာ ပြောပါတယ်။

မင်းသမီး လီယောင်အေးဟာ “Find Me” လို့အမည်ရတဲ့ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး “Find Me” ရုပ်ရှင်ဟာ ကလေးငယ်တွေ ပျောက်ဆုံးပြီး ပြန်ပေးဆွဲခံရတဲ့အကြောင်း အခြေခံရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မျက်နှာသစ် ဒါရိုက်တာ Kim Seung Woo ရဲ့ ပွဲဦးထွက်ရိုက်ကူးမှု ရုပ်ရှင် ဖြစ်လာမှာပါ။

ကိုရီးယားမင်းသမီး “ချန်ဂင်” လို့ လူသိများတဲ့ Lee Young Ae (ဓာတ်ပုံ – soompi)

မင်းသမီး လီယောင်အေးရဲ့ ကိုယ်စားလှယ်တွေကတော့ မင်းသမီးဟာ သုံးဘက်မြင်ပုံစံနဲ့ အမေတဦးရဲ့ ပုံရိပ်ကို ပြသနိုင်တဲ့ ဇာတ်ကောင်၊ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းကြောင့် သဘောကျခဲ့ပြီး ဇာတ်ညွှန်းကို လက်ခံခဲ့တဲ့အချိန်မှာ ဒါရိုက်တာနဲ့ တွေ့ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်တဲ့ မင်းသမီး လီယောင်အေးဟာ မိခင်တယောက်ရဲ့ ခံစားချက်တွေအကြောင်း ပြောပြခဲ့ပြီး ဒီရုပ်ရှင်အပေါ် ကြိုက်နှစ်သက်ရတဲ့အကြောင်းကိုလည်း မျှဝေ ပြောဆိုခဲ့ပါတယ်။ အခုတော့ မင်းသမီး လီယောင်အေး ပါဝင်မယ့် အကြောင်း အတည်ပြုခဲ့ပြီဖြစ်ပြီး ဒီနှစ်ထဲမှာ ရိုက်ကူးရေး လုပ်ငန်းတွေ မစတင်ခင် ခေါင်းဆောင် မင်းသားနဲ့ အခြားဇာတ်ပို့ သရုပ်ဆောင်တွေကို ဆက်လက် အတည်ပြုရွေးချယ်သွားမယ်လို့ သိရပါတယ်။

မင်းသမီး လီယောင်အေးဟာ ၂၀၁၇ ခုနှစ်မှာ “The House Below” အမည်ရှိတဲ့ ဇာတ်လမ်းတို ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး သူလျှို Drama ဇာတ်လမ်းတွဲ တခုမှာ ပါဝင်မယ်လို့လည်း အတည်ပြုထားပါတယ်။

Ref ; soompi

The post ၁၃ နှစ်အတွင်း ပထမဆုံး ရုပ်ရှင် ပြန်ရိုက်မယ့် ကိုရီးယားမင်းသမီး “ချန်ဂင်” ခေါ် Lee Young Ae appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...